ကိုရီးယားထမင်းသုတ် (Bibimbap)
ကိုရီးယားထမင်းသုတ် (Bibimbap)
ကိုရီးယားထမင်းသုတ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊ ရေပန်းအစားဆုံး ထမင်းသုတ်တမျိုးဖြစ်ပါသည်။ တချို့ကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။
ပါဝင်သောပစ္စည်းများ
  • အမဲသား(သို့) ၀က်သား [pork]                     ♦ ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ချက်ပြီသား ထမင်း [cooked rice]                 ♦ ဆန်နို့ဆီဗူး ၁လုံးခွဲ
  • ပဲပင်ပေါက် [bean sprout]                         ♦ လက်တစ်ဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)
  • မုန်လာဥနီ [carrot]                                   ♦ ၁ဥ (အရှည်လိုက်လှီးပါ)
  • မှိုခြောက် [wild mushroom]                       ♦ ၄ခု (ရေနွေးဖြင့် ပြုတ်ပြီး အရှည်လှီးပါ)
  • သခွာသီး [cucumber]                               ♦ ၁ခု (အခွံမနွာပဲ အ၇ှည်ပါးပါး လှီးပါ)
  • ကိုရီးယား ငရုတ်သီးအနှစ် [hot pepper paste] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
    • (CityMart တွင် ကိုရီးယားငရုတ်သီးနှစ်ကို ၀ယ်ယူနိုင်ပါသည်)
  • ကြက်သွန်မြိတ် [spring onion]                     ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ကြက်ဥ [egg]                                         ♦ ၁လုံး
  • ဟင်းနုနွယ်ရွက် (သို့) ဆလက်၇ွက် [salad]        ♦ လက်တဆုတ်စာ (ပါးပါးလှီးပါ)
  • နှမ်း [seasame seed]                               ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ [seasame oil]                               ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား [salt]
  • သကြား [sugar]                                      ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ အမဲသားစဉ်းကောကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ပဲငံပြာရည်အချို(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(အနည်းငယ်) ထည့်နုယ်ပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီး အမဲများ ကျက်သည်အထိကြော်ပေးပါ။ ပြီးလျှင် ပြန်ဆယ်ထားပါ။
၃။ ဒယ်ထဲ နှမ်းဆီ (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက် အားလုံးကို တလှည့်စီ အရောင်ပြောင်းသည်အထိထည့် ကြော်ပေးပါ။
၎။ ထို့နောက် ရေပွက်ပွက်ဆူသော အိုးထဲသို့ ပဲပင်ပေါက်များထည့်၍ ဆားအနည်းငယ်ထည့်ပေးပြီ ၃မိနစ်ခန့် တည်ထားပေးပါ။ ပြီနောက် ပြန်ဆယ်ပြီ ဆား၊ နှမ်းဆီ အနည်းငယ်ဖြင့် ရောနုယ်ထားပါ။
၎။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း မြေအိုးတစ်ခုထဲသို့ (ထမင်း၊ အမဲသား၊ ပဲပင်ပေါက်၊ သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက်၊ ဆလတ်ရွက်၊ ကြက်ဥ) တို့ကို စီထည့်ထားလိုက်ပါ။
၅။ ပြီမှ အရသာအတွက် ငရုတ်သီးအနှစ်၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား တို့ကိုထည့်ပြီ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။
၆။ အရသာအပေါ့အငံ့မြည်းပြီး အနေတော်လျှင် မြေအိုးကို အဖုံးအုပ်ပြီ မီးအပူဖြင့် ၂မိနစ်ခန့် တည်ထားပေးပြီ ပူပူလေး သုံးဆောင် နိုင်ပါပြီ။
ရ။ တချို့က ကြက်ဥကို ဖောက်မထည့်ပဲ ကြော်၍ထည့်ပါက မီးအပူပေးရန် မလိုပဲ အသင့်စားသုံးနိုင်ပါသည်။
၈။ ကိုရီးယားထမင်းသုတ် (Bibimbap)ကို မြိန်းရှပ်စွာ စားသုံးနိုင်ပါပြီ…
34 comments
  1. Hmone Gyi says:
    i ate that one before at korean restaurant…but a little bit different is we need to put red pepper sauce over htere and egg need to be a bit more cook….looking yummy
    • chowutyee says:
      ကိုယ်ကလည်း ကြက်ဥက မီးနဲမမွှေးခင်ပုံကို ရိုက်ထားတာလေ… 🙂
  2. explosive says:
    အမဲသားလုပ်တဲ့အခါမှာ ဆားတင်မဟုတ်ပဲ ငံပြာရည်နဲ့သကြားအနည်းငယ်ထည့်ရောပြီး ကြော်လိုက်ပါက အနံအရသာပိုကောင်းမယ်လို့ထင်ပါတယ်
    အကြံပေးခြင်းသက်သက်ပဲဖြစ်ပါတယ်ခင်ဗျာ
  3. မေ(ခေတ္တ ကိုရီးယား) says:
    ချက်ပြုတ်နည်းမျိုးစုံကို ရေးသားဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကိုရီးယားအစားအစာတွေ ဖော်ပြပေးတဲ့အထဲမှာ အဓိကလိုအပ်နေတဲ့ ဟင်းချက်ပစ္စည်းတစ်ချို့ကျန်နေတာ တွေ့ရပါတယ် ဘီဘင်ဘပ်(bibimbap/비빔밥) ဟာကိုရီးယားထမင်းသုတ်ပါ သူ့မှာပါတဲ့ အဓိက မိန်းက ငရုတ်သီးအနှစ် (gochujang/고추장) ဖြစ်ပါတယ် စီးတီးမတ်နဲ့ ဘလေဇွန်တို့မှာ ၀ယ်ယူလို့ ရနိုင်ပါတယ် ကျန်တာတွေလဲ အကြံဖြည့်စွက်ပေးချင်ပါတယ် ဆန္ဒရှိရင်ပါ
    • chowutyee says:
      ဟုတ်ပါတယ်။ ကိုယ်တိုင်ကလည်း ကိုရီးယားမဟုတ်၊ ဒါပေမယ့် ကိုရီးယား ဟင်းလျာတွေကို အတတ်နိုင်ဆုံး အဓိကလိုအပ်တာတွေကို အတတ်နိုင်ဆုံး ထည့်ထားပေးပါ။ အကယ်၍ လိုအပ်တာများရှိရင် နားလည်ပေးပါ။ ခုကိုရီးယား ထမင်းသုတ်ထဲမျာ ကိုရီးယား ငရုတ်သီးနှစ် ထည့်ထားပါတယ်။ သေချာပြန်ကြည့်ကြည့်ပါအုန်း။ ကိုရီးယား ငရုတ်သီးအနှစ် gochujang(စီးတီးမတ်က ၀ယ်ပြီပဲ ထည့်တာပါပဲ) ချက်နည်းမှာ ရေးထားပါတယ်။ အကြံပေးဖြည့်စွက်ပေးချင်သူ မည်သူမဆို ဖိတ်ခေါ်ပါတယ်… 😀
  4. မေ(ခေတ္တ ကိုရီးယား) says:
    အကြံပေးမှုကို တလေးတစားတုံ့ပြန်တဲ့အတွက် ၀မ်းသာပါတယ် မ၀တ်ရည်အနေနဲ့ ကိုယ်ကျွမ်းကျင်တဲ့ ဘက်ကနေ ကြိုးစားအားထုတ်ပြီး အများအကျိုးဆောင်မှုကိုလဲ အားကျမိပါတယ် ကျေးဇူးပါ မ၀တ်ရည်ရေ…
  5. meengel says:
    အမ Kimchi Stew ချက်နည်းလေးရှိရင်လဲတင်ပေးပါ
  6. Ei Nyein Phyu Phway says:
    sis yay .. plz,, can u upload how to make a korean kimchi jical(ကျီကယ်) …
    i like it so much .. i used to eat it at HER’S restaurant .. & wanna make it by myself .. thx a lot ..
  7. သော်တာ says:
    မမရေ ကျေးဇူးပါနော်။နောက်ထပ်အများကြီးတင်ပေး ပါနော်။
    ရန်ကုန်မှာ Food Magazine ဝယ်ဖတ်မိကတည်းကသဘောကျနေတာ
    အိမ်မှာလုပ်စားဖြစ်အောင်လုပ်စားမယ်။
    • admin says:
      ညီမရေ လုပ်စားကြည့်ပါနော်။ ၀တ်ရည်ကလည်း အားပေးတယ်ဆိုလို့ ကျေးဇူးပါ
  8. Thu Thu says:
    thanks so much for sharing sis… all the foods look so yummy …i m sure you are such a talented cook :)will try cooking this Bibimbap with my mom.. 😀 cheers sis…may many more success come to you 🙂
  9. Thet o s says:
    Hi! sis, I like all of your cooking methods, all are my favorites. Please load some new item for me and everyone that’s called “Korean style fried bean vermicelli with Kimchi or not”
    Expecting yours……
  10. zo says:
    ပဲပိစပ်ကိုenglishလိုဘယ်လိုခေါ်လဲသိချင်လို့ပါ.
  11. ခိုင် says:
    ဝတ်ရည်ကျေးဇူးပါအိမ်က ကလေးတွေကိုသုပ်ကျွေးရတော့
    မယ်အမကဝတ်ရည်ကျေးဇူးနဲ့သင်္ကြန်၎ရက်လုံးအိမ်နီးချင်း
    တွေမုန့်ဝေဖြစ်တယ်အမကညီမလေးပရိတ်သတ်ပဲဟင်းအ
    သစ်တင်ရင်mailပို့ပေးဖို့subcriptionလုပ်ထားတယ်ပို့ပေးပါအုံးနော်
    • admin says:
  12. aung says:
    စားချင်
    တာကိုဖော်ပြတဲ့အတွက်
    အရမ်းအရမ်းကျေးဇူးပါ
  13. Bukar says:
    ဘာမှ မပြောနဲ့..ချက်ချင်းလုပ်စားချင်စိတ်ပေါက်နေပြီ…ဘယ်လို လုပ်ရမလဲ သိချင်နေတာနဲ့အတော်ဘဲ
    ကျေးဇူးပါ…
  14. ayeaye says:
    အမရဲ့ချက်နည်းတွေကိုအမြဲအားပေးနေသူတယောက်ပါ ချက်နည်း ကြည့်ပြီးလည်းလုပ်စားဖြစ်ပါတယ်
  15. thethtarswe says:
    ဟင်းအသစ်လုပ်စားရတာအရမ်းဝါသနာပါပါတယ်……နောက်ကိုလဲချက်ပြုတ်နည်းတွေကိုလဲများများတင်ပေးပါနော်မမ…သက်လဲကြိုက်တယ်
  16. Ivy Tinymaknae says:
    Seem yummy…
    I will try to cook it…
Leave a Reply
Your email address will not be published. Required fields are marked *