တရုတ် ခေါက်ဆွဲကြော်
တရုတ် ခေါက်ဆွဲကြော်
တရုတ်ခေါက်ဆွဲကြော်ကို မနက်စာ၊ အစာပြေ၊ ညနေစာ  အဖြစ် မိမိနှစ်သက်လို သုံးဆောင်နိုင်ပါတယ်။ အရသာကောင်းပြီး အချိန်တိုတွင်း စားသုံးနိုင်တာမို့ ကြိုက်နှစ်သက်ကြပါလိမ့်မယ်….
ပါဝင်သောပစ္စည်းများ
၁။ ခေါက်ဆွဲခေါက် – ထုပ်သေးတစ်ထုပ် (ရေနွေးအနည်းငယ်ဖျောပေးပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ)
၂။ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၃။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၎။ မီးနီ ပုဇွန် – ၅ကျပ်သား (အခွံနွာပါ)
၅။ ကင်ပွန်း – ၅ကျပ်သား (အတုံးလေးများတုံးပေးပါ)
၆။ ကြက်သား (သို့) ကြက်အူချောင်း – ၃ချောင်း (အစောင်းလေးများလှီးပါ)
၇။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ ပဲငံပြာရည်အနောက် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၁၀။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၁၁။ ကော်ဖီထုပ် – လက်တစ်ဆုပ်
၁၂။ ပန်းကော်ဖီ – အနည်းငယ် (အတုံးလေးများလှီးပါ)
၁၄။ မုန်လာဥနီ – ၂ဥ ( အရှည်စောင်းများလှီးပါ)
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ ထည့်ပြီး ကြက်သွန်ဖြူ များဖြင့် ဆီသပ်ပြီး အညှိရောင်သန်းသည်အထိ မီးနည်းနည်းဖြင့် ၂မိနစ် ကြော်ပေးပါ။
၂။ ပြီးလျှင် (ကင်ပွန်း၊ ပုဇွန်၊ ကြက်အူချောင်း) များကို ထည့်ပြီး အရသာအပေါ့အငံ့အတွက် ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ သကြား ဒယ်ထဲသို့ ၂မိနစ်ခွဲ ခန့် အသားများ ကျက်သည်အထိ ထည့်ကြော်ပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ခေါက်ဆွဲဖတ်များထည့်ပြီး ရောမွှေ၍ ရေအနည်းငယ်ထည့်ပေးပါ။
၎။ ဟင်းရွက် (ပန်းကော်ဖီ၊ ကော်ဖီထုပ်၊ မုန်လာဥနီ)များကို ထည့်ပြီး ရောမွှေပြီး ၂မိနစ်ခန့် အဖုံးအုပ်ထားပြီး အရွက်များ နူးသည်အထိ တည်ထားပေးပါ။
၅။ စားလို့ကောင်းပြီး တရုတ်ခေါက်ဆွဲကြော်ကို စားသုံးနိုင်ပါပြီး…..
21 comments
  1. အရသာက ရိုးရိုး ခေါက်ဆွဲကြော်နဲ့ ဘယ်လိုကွာပါသလဲ???? ဘာပဲဖြစ်ဖြစ် စားလို့ တော်တော်ကောင်းမယ့်ပုံပဲနော်… :)))
    • chowutyee says:
      ဒီခေါက်ဆွဲကြော်က Hokkien Mee ခေါက်ဆွဲကြော် စတိုင် ကြော်ထားတာပါ။ Hokkien ခေါက်ဆွဲကြော်လို ခေါက်ဆွဲဖတ်က အ၀ါရောင် မဟုတ်တာက လွဲရင်၊ ထည့်ရမယ့် ပါဝင်ပစ္စည်းတွေက အတူတူပါပဲ… 🙂
  2. Evy says:
    စားကောင်းမယ့်ပုံဘဲဝတ်ရည်ရေ။ အဲလိုမျိုးကြော်တာ မစားရတာတောင်ကြာလှပေါ့
    • chowutyee says:
  3. hmone says:
    looking delicious and wanna eat and wt about trying to U-Don…it is nice as well
  4. Ma Ei says:
    Hokkien Mee က ခေါက်ဆွဲ ၂ မျိုး ကို ရောကြော် တာလား … ၁ မျိုး ထဲ ကို ပဲ ကြော်တာ လား…
    မမအိ သိပ်မသိလို့ … သိရင်ပြောပြပါလား။
    တချို့ ကပြောတော့  နန်းကြီး လို အဖတ်ရယ် ၊ ဂျုံ ခေါက်ဆွဲ ဖတ် ရယ် ၂ မျိုး ကို ရော ကြော်တာ လို့ ပြောတယ်။
    • chowutyee says:
      မမအိရေ.. Hokkien Mee က ခေါက်ဆွဲ ၂မျိုးရောကြော်တာပါ။ ဟုတ်ပါတယ် ခေါက်ဆွဲအဝါအလုံး ၊ ဆန်ဂျုံခေါက်ဆွဲဖတ် ( မြီးရှည်အဖတ် ) ရောကြော်တာပါ။ ပဲပင်ပေါက်၊ ကြက်ဥတို့ပါ ထည့်သေးတယ်။ 🙂
  5. aungyezaw says:
    အစ်မ၊ ကျွန်တော်တို့ဆီမှာက ခေါက်ဆွဲခြောက် အထုပ်ကြီးတွေပဲရှိတာ၊ အဲ့ဒါကို ကျွန်တော်တို့က ပြုတ်ပြီး ရေအေးထဲပြန်စိမ်တယ်။ အဲ့လိုလုပ်ရတာ ဟုတ်မဟုတ်တော့ မသိဘူး။ ရေနွေးဖျောရုံပဲဆို နူးပါ့မလားမသိဘူး။ စမ်းတော့မကြည့်ရသေးဘူး။
    • hmone says:
      i m not expert like wut yee…but i cooked a lot of fried noodles too so i just want to give some advice that how i normally do….i normally put some hot water full cover to that noodles and leave for about 10 minutes and boil until it become ready and filter the noodles and pour the cold water to that noodles…
    • chowutyee says:
      Ko Aung Ye Zaw, ခေါက်ဆွဲခြောက်ကို ရေနွေးဖျော်ဆိုတာ ရေနွေးပွက်ပွက်ဆူဆူနေတဲ့ အထဲကို မိနစ်ဝက်ခန့် ထည့်ပြီး ပြန်ဆယ်တာကို ပြောတာပါ။ ဒါပေမယ့် ခေါက်ဆွဲ အလုံးကြီးတာ၊ သေးတာနဲ့လည်း အချိန်က ကွာမယ်ဆိုတော့ ကိုယ်ကြိုက်တဲ့ အနေထားရောက်ရင် ပြန်ဆယ်ရုံပါပဲ… စမ်းကြည့်လိုက်ပါအုန်း… 🙂
  6. Moe Thaike says:
    ညီမလေးဝတ်ရည်ရေ
    အမလဲမအားလို့ညီမလေးဆိုဒ်တောင်မရောက်ဖြစ်ဘူး။
    ဓါတ်ပုံအသစ်တင်တားတာပိုလှတယ်၊ သကြံန်မင်းသမီးလေးအတိုင်းဘဲ။
    ခေါက်ဆွဲကြော်တော့ကြိုက်သွားပြီ။ မနက်ဖန်ကြော်စားကြည့်အုံးမယ်။
    ကိုရီးယားထမင်းသုပ်ကဝက်သားနဲ့ကောချက်လို့ရလား။
    • chowutyee says:
      Ma Moe Thaike, ကျေးဇူးပဲနော်။ ကိုးရီးယားထမင်းသုပ်က ပုံမှန် အမဲသားနဲ့ သုပ်ကြတယ်။ ဒါပေမယ့် ၀က်သားနဲ့လည်း စားကောင်းမှာပါ အစ်မ 🙂
  7. A Hnin says:
    တုံယမ်း ဟင်းနှစ် လုပ်နည်းလေး တင်ပေးပါအုံးနော်…………..
  8.ိမို့မို့ says:
    ညီမလေးဝတ်ရည်ရေ ခေါက်ဆွဲကြော်ကို ညီမပြောသလိုပါပဲ အိမ်မှာကြော်တာ..ဆိုင်က ၀ယ်တဲ့ခေါက်ဆွဲကြော်နဲ့ အနံ့မတူလို့ ဆိုင်ကြော်နဲ့တစ်ထပ်တည်း အနံ့မတူတာ ဘာကြောင့်လဲဆိုတာ ပြောပြပေးစေချင်ပါတယ်။
  9. […] တရုတ် ခေါက်ဆွဲကြော် […]
  10.ွှThan Than Mu says:
    ကော့ဆိုင် မထည့်ဘူးပေါ့နော် …
  11. moe wai says:
    ညီမနည်းနဲ့ခေါက်ဆွဲကြော်စားတာစားလို့ကောင်းပါတယ်
    ကျေးဇူးနော်
    မနက်စာကိုအ၀စားလိုက်တာဗိုက်ကိုတင်းရောဘဲ
  12. မမွန် says:
    ညီမဆီကဟင်းချက်နည်းတွေကိုရလို့ကျေးဇူးပါဘဲ
Leave a Reply
Your email address will not be published. Required fields are marked *