ကိုရီးယား ငါးရှဉ့်ကင်

ကိုရီးယား ငါးရှဉ့်ကင်

ကိုရီးယား၊ ဂျပန်နိုင်ငံတွေမှာ အစားများတဲ့ ကိုရီးယား စတိုင် ငါးရှဉ့်ကင်လေးပါ။ ခု ရန်ကုန်မှာ ငါးရှဉ့်အသားလွှာတွေလည်း အလွယ်တကူ ၀ယ်ယူနိုင်တာမို့၊ လုပ်ရလည်း လွယ်ကူတယ်ဆိုလည်း မမှားပါဘူး။ ၀တ်ရည်ကတော့ ငါးရှဉ့်ကို ဟင်းချက်စားတာထက် ကင်စားတာရယ်၊ ကြော်စားတာကို ပိုကြိုက်နှစ်သက်ပါတယ်။ ငါးရှဉ့်ကို ဆန်ဝိုင်၊ ငရုတ်သီးအနှစ်၊ နှမ်းဆီတို့နှင့် နုယ်ထားပြီ ပျားရည်၊ နှမ်းဆီတို့ အရသာကြောင့် နူညံ့ပြီ ချိုစိမ့်တဲ့ အလွန်ကောင်းမွန်တဲ့ အရသာကို ရရှိမှာပါ။ လုပ်နည်းလေး ကြည့်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ငါးရှဉ့် အသားလွှာပြီးသား [eel]                   ♦ ၁ကောင် (CityMart တွင်အသားနွှာပြီသား ငါးရှဉ့်များ ၀ယ်နိုင်ပါသည်)
  • ပျားရည်                                              ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ                                                ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဆော့ရည်အတွက် ပါဝင်ပစ္စည်းများ

  • ကိုရီးယား ငရုတ်သီးအနှစ် [hot pepper paste] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည် (အကြည်) [light soy sauce]       ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆား [salt]                                          ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဂျင်း [ginger]                                       ♦ စားပွဲတင်ဇွန်း ၁ဇွန်း (ထောင်းပြီးသား ဂျင်းရည်)
  • ဆန်ဝိုင် [rice wine]                                ♦ စားပွဲတင်ဇွန်း ၁ဇွန်း (Super Market တွင် ဆန်ဝိုင် ၀ယ်ယူနိုင်ပါသည်)
  • ကော်မှုန့် [corn flour]                             ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နှမ်းဆီ [seasame oil]                            ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • သကြား [sugar]                                    ♦ စားပွဲတင်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ [garlic]                              ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်ဆင်းပါ)
  • ကြက်သွန်နီ [onion]                               ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်ဆင်းပါ)
  • ရေ                                                    ♦ စားပွဲတင်ဇွန်း ၄ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ငါးရှဉ့်အသားလွှာများကို ရေအေးဖြင့် စိမ်ထားပြီမှ ၁လက်မခွဲအရွယ် များ ပိုင်းဖြတ်ပေးပါ။

၁။ ဆော့ရည်အတွက် ပါဝင်သောပစ္စည်း အားလုံး (ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ ဆား၊ ဂျင်းရည်၊ ဆန်ဝိုင်၊ နှမ်းဆီ၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) အားလုံးကို ခွက်ကြီးတစ်ခုထည့်ပြီး ရောမွှေလိုက်ပါ။

၂။ ဒယ်ပြားထဲ ခွက်အတွင်းမှ ဆော့ရည်များကို ထည့်ပြီ ၁မိနစ်ခန့် မီးအသင့်တင့်ဖြင့် မွှေပေးပါ။ ပြီမှ ကော်မှုန့်ကို ရေ(စားပွဲတင်ဇွန်း ၄ဇွန်း) ဖြင့် ရောဖျော်၍ လောင်းထည့်လိုက်ကာ ပျစ်လာလျှင် မီးပိတ်လိုက်ပါ။

၃။ ဆော့ရည်ပျစ်သွားလျှင် ၅မိနစ်ခန့် အအေးခံပြီမှ ငါးရှည့်များပေါ်သို့ ဆော့ရည်များ လောင်းထည့်ပြီ ရေခဲသေတ္တာထဲတွင် ၁နာရီခန့် နှပ်ထားပေးပါ။

၎။ ငါးရှဉ့်များ မကင်ခင် အကင်ပြားကို ဆီသုတ်ပေးထားပါ။ ပြီမှ ငါးရှဉ့်များကို မီးအသင့်တင့်ဖြင့် ငါးရှဉ့်များ အဆီဝင်း လာသည်အထိ ကင်ပေးပါ။

၅။ ကင်ပေးနေစဉ်အတွင်း နုယ်ထားသော ဆော့အရည်များကို ငါးရှဉ့်ပေါ်သို့ သုတ်တံဖြင့် သုတ်ပေးပါ။

၆။ ငါးရှဉ့်အားလုံး ကင်ပြီးသွားလျှင် နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ပျားရည် (စားပွဲတင်ဇွန်း တ၀က်) ကင်ပြီးသား ငါးရှည့်များဖြင့် ရောမွှေလိုက်ပါ။

၇။ ပြီးမှ အပေါ်နှမ်းဖြူးပြီး ကိုရီးယား ငါးရှဉ့်ကင် မွှေးမွှေးလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

———————————————————————————————————————–

13 comments

  1. hmone says:

    i saw in the movie before but never ate before wanna eat…looking yummy

  2. ကြယ်ဇင် says:

    yummy sissy~ ♥♥♥♥♥♥

  3. aungyezaw says:

    အစ်မ၊ ကျွန်တော်တို့ဆီမှာ ငါးရှဥ့်မရှိလို့ ဒီဟာတော့ ချက်မစားဖြစ်ဘူး။ ကိုရီးယား ထမင်းသုပ်ကိုတော့ ကိုးရီးယား ငရုတ်သီးအနှစ်မရှိလို့ tomato sauce နှင့်ပဲ သုတ်စားလိုက်တယ်။ ကောင်းတော့ကောင်းတယ်ဗျ။ ကျေးဇူးပါပဲ။

    • chowutyee says:

      ရပါတယ်.. ဘယ်လိုဖြစ်ဖြစ် စားလုံးကောင်းဖို့ အရေးကြီးဆုံးပဲ.. 🙂

  4. seagame2013 says:

    I want to know where can I buy the BBQ plate showed in food magazine.

    • admin says:

      Yeah You can buy @City Mart.. I bought it from City Mart! Plz try it.. Thanks

      • seagame2013 says:

        ကိုရီးယား ငရုပ်သီး အနှစ်ချက်နည်းလေး တင်ပေးပါအုံး။ thanks

        • admin says:

          ဟုတ် နောက်ပိုင်းကျရင် တင်ပေးလိုက်ပါ့မယ်

  5. […] ကိုရီးယား ငါးရှဉ့်ကင် […]

  6. […] ကိုရီးယား ငါးရှဉ့်ကင် […]

  7. Ko min thu says:

    ကျေဇူးပါအစ်မ. ကျွန်တော်သိပ်ကြိုက်တဲ့ အကင်ပါ

Leave a Reply

Your email address will not be published. Required fields are marked *