ကြက်သား ကောက်ညှင်းပေါင်း

ကြက်သား ကောက်ညှင်းပေါင်း


ကောက်ညှင်းဆန်အတွက် ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းဆန် – ၅၀၀ဂရမ်

၂။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၃။ ပဲငံပြာရည်အနောက် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၎။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

၆။ ရေ – RiceCooker မှာပါတဲ့ ဆန်ချိန်ခွက်သေး တစ်ခွက်

၇။ ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၉။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

အစားသွပ်ရန် ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၁ခု (အစောင်းပါးပါးလှီးပါ)

၂။ ကြက်အူချောင်း – ၃ချောင်း (အစောင်းပါးပါးလှီးပါ)

၃။ မှိုခြောက်ပွင့်အမဲ – ၄ခု (ရေနွေးဖြင့် နူအောင်ပြုတ်ပေးပြီး အရှည်ပါးပါးလှီးပါ)

၎။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

၆။ ပဲငံပြာရည် အနောက် – လက်ဖက်၇ည်ဇွန်း ၁ဇွန်း

၇။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း တ၀က်

၈။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၉။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

၁၀။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၁။ ငရုတ်ကောင်းမှုန့် – အနည်းငယ်

ချက်ပြုတ်နည်း

၁။ ကောက်ညှင်းဆန်များကို ရေဖြင့် ဆေးပြီး ရေထဲ ၃နာရီ စိမ်ထားပေးပါ။ မှတ်ချက် (၃နာရီထပ် ကြော်ပြီး ကောက်ညှင်းဆန်များကို ရေမစိပ်ပါနှင့်)

၂။ ၃နာရီပြည့်လျှင် ကောက်ညှင်းဆန်များကို ဇကာဖြင့် ရေပြန်စစ်ပြီး ကောက်ညှင်းဆန်အတွက် ပါဝင်သောပစ္စည်များဖြစ်သော (ခရုဆီ၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီ၊ ဆီ၊ ရေ၊ ဆား၊ ငရုတ်ကောင်းမှုန့်) အားလုံးဖြင့် သမအောင် နုယ်ပေးပြီး နာရီဝက်ခန့် နုပ်ထားပေးပါ။

၃။ အစားသွပ်ရန် ပါဝင်သည့် ပစ္စည်းများဖြစ်သော (ကြက်သား၊ ကြက်အူချောင်း၊ မှိုခြောက်၊ သကြား၊ ဆား၊ ငရုတ်ကောင်း၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ၊ ကော်မှုန့် ) အားလုံးကို လည်း နုယ်ပြီး နာရီဝက်ခန့် နုပ်ထားပေးပါ။

၎။ ပြီးလျှင် နုပ်ထားသော ကောက်ညှင်းဆန် နှင့် အစားသွပ်ရန်ပစ္စည်းများ အားလုံးကို ရောနယ်လိုက်ပါ။

၅။ ပြီးမှ စတီခွက်ကြီး တစ်ခုထဲထည့်ပြီး ပေါင်းအိုးဖြင့် ကောက်ညှင်းဆန်များ ကျက်သည်အထိ ၁နာရီ ကျော်အထိ မီးပြင်းပြင်းဖြင့် ပေါင်းပေးပါ။

၆။ ကြက်သားကောက်ညှင်းပေါင်းလေးကို မြိန်ရှပ်စားသုံးနိုင်ပါပြီး။

You May Also Like This

ကြက်ကောက်ညှင်းအစားသွပ်

41 comments

  1. hmone says:

    oh sar chin like tar…..yummmmmmmmmmmmmyyyyy 😉 love that food

  2. mee chit says:

    ကျေးဂျူးကမ္ဘာဆိုင်ရော..

  3. ငယ်လေး says:

    တော်တော်စားကောင်းမဲ့ပုံပဲ.. သွားရည်တောင် ယိုလာပြီ..
    ချက်စားကြည့်အုန်းမယ်..
    ကျေးဇူးပဲ မ၀တ်ရည်ရေ.. ^^

    • chowutyee says:

      လုပ်စားကြည့်ပါနော် ငယ်လေးရေ.. တကယ်စားလို့ကောင်းတယ်.. 🙂

  4. lyk says:

    လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ .. သူငယ်ချင်းတစ်ယောက်ကျေးဇူးနဲ့ ဒီဆိုက်ဒ်ကို ၀င်ဖြစ်ခဲ့တာပါ .. တကယ်ကို အသုံးဝင်တဲ့ ဆိုက်ဒ်ကလေးတခုပါပဲ .. အခု .. ကြက်ကောက်ညှင်းပေါင်းဆို .. ဖတ်ရင်းနဲ့သွားရေတောင်ကျလာတယ် .. အများကြီးဆက်ရေးနိုင်ပါစေ .. အမြဲအားပေးနေပါ့မယ် ..

    • chowutyee says:

      ကျေးဇူးပါနော်.. နောက်ထပ် ဟင်းတွေ အများကြီး ဆက်တင်သွားပေးပါမယ်… 😉

  5. pam says:

    ။ ပြီးမှ စတီခွက်ကြီး တစ်ခုထဲထည့်ပြီး ပေါင်းအိုးဖြင့် ကောက်ညှင်းဆန်များ ကျက်သည်အထိ ၁နာရီ ကျော်အထိ မီးပြင်းပြင်းဖြင့် ပေါင်းပေးပါ။
    Can you tell me what kind of cup?

    Thanks a ton
    Pam

    • chowutyee says:

      pam ရေ ခွက်ဆိုတာ ကောက်ညင်းဆံ့ရုံ အပူခံနိုင်တဲ့ ဘယ်ခွက်မဆို ရပါတယ်။ အပူခံနိုင်ပြီ ကိုယ်ချက်မည့် ကောက်ညှင်းဆံ့ရင် ရပါတယ်။ ဟင်းချို ကြွေပန်းကန်လုံးထဲ ထည့်ပေါင်းလည်း အဆင်ပြေပါတယ်.. ကျေးဇူးပါ.. 😀

  6. moe says:

    thanks alot my sister lay wutye.
    I tried 2 times already that sticky rice
    very delisious ……..:P
    really so nice ,look like our boss bring from malas: (they said that lik this ) but I think so I do my self is better ,,hee,,,:D
    thanks million

  7. wai says:

    မ၀တ်ရည်ရေ ကောက်ညှင်းကိုမပေါင်းပဲနဲ့ ထမင်းပေါင်းအိုးထဲမှာ ထည့်ချက်လို့ရလား ဟင်

    ကျေးဇူးနော်

    • chowutyee says:

      Wai ရေတစ်ချို့ ထမင်းအိုးတွေကလည်း ပေါင်းတဲ့ systemပါရင် ပိုအဆင်ပြေမှာပါ.. 😀

  8. ko nyein says:

    Can use white or brown sticky rice?Thanks.

  9. Hsu Mon says:

    အမရေ…….ကျေးဇူးတင်တယ်ဗျို့

  10. Hnin thida says:

    ရှမ်းဆန်နဲ့လုပ်လို့ရပါသလားရ

  11. soe myint thein says:

    သမီးရေ အဘ တခါလုပ်စားပြီသွားပါပြီတော်တော်ကောင်းပါတယ်ကြေးဇူးပါ။အဘတော့ pressure cooker ထဲရေထဲ့ပြီး ဇလုံထဲပေါင်းလိုက်တယ်။မှန်လားမသိဘူး။ပေါင်းအိုးဆိုတာမြန်မာအခေါ်အဝေါ်တွေကများနေလို့ဘယ်ယာမျိုးလဲ။
    ကောင်ညှင်းပေါင်ပေါင်အိုးလား။ထမင်းပေါင်းအိုးလား etc. ပြောပေးပါဦ့း။

    • admin says:

ွGlad to hear Uncle! 🙂

      • soe myint thein says:

        သမီးရေ အဘမေးတာလေးလဲဖြေပေးပါဦ ပေါင်းအိုးတွေကများလွန်းလို့ rice cooker or pressure cooker or ကောင်ညှင်ပေါင်းအိုးလားပြောပြပါဦး ကျေးဇူတင်ပါတယ်သမီး။

  12. soe myint thein says:

    အဘမေးတာလေးတောဖြေပေးပါဦးသမီးရေ ပေါင်အိုးဆိုတာလေ rice cooker or pressure cooker ကောင်ညှင်ပေါင်းအိုးလား ဆိုတာပါ ကျေးဇူတင်ပါတယ်သမီး။

    • admin says:

      ကောက်ညှင်းပေါင်းတဲ့ ရိုရိုး ဒန်ပေါင်းအိုးကို ပြောတာပါ..

  13. NGU WAR says:

    hi မဝတ်ရည် ညီမ ငုဝါ ပါ
    အချက်အပြုတ် ဝါသနာပါလို့ အမစာတွေဖတ် ဖြစ်တယ်
    ကျေးဇူး လည်းတင်ပါ တယ်

    • admin says:

      ကျေးဇူးတင်ပါတယ် ညီမ ငုဝါရေ။ ၀တ်ရည်ကလည်း အားပေးလို့ ကျေးဇူးနော်

  14. NGU WAR says:

    မဝတ်ရည်ေhရ အခုညီမfoodand beverage productionကို KanYeikt hPlace Trainingcentreမှာတတ်နေတယ် စာဖိုမူးလုပ်ချင်လို့ေ တတ်ပြီးရင်အလုပ်ရပမလားစိုးရိမ်နေတာညီမကမြန်မာပြည်မှာပဲလုပ်ချင်တာအဆင်ပြေမှာပါနော်ပ

    • admin says:

      ဟုတ်ကဲ့။ အဆင်ပေးမှာပါ ညီမ…. သင်တန်းဆင်းဆိုရင် အလုပ်များပါတယ်.. 🙂

  15. Chit Phue says:

    ဒါ လူဘယ်နှယောက်စာလဲ မ၀တ်ရည်ရေ…
    ညီမက ၅ယောက်စာ လုပ်ချင်လို့… ဘယ်လောက်လောက် သုံးရမလဲဟင်…

    • admin says:

      ၄ ယောက်စာပါ။ ကောက်ညှင်း နည်းနည်းပိုထည့်ပြီ ချက်လိုက်ရင် ပါပြီ.. 🙂

  16. cheerry says:

    ညီမလေးရေ..ကြက်သားကောက်ညှင်း ကိုချက်ကြည့်တယ်..အရမ်းလည်းအရသာရှိလို့ ကလေးလူကြီး အားပေးလိုက်ကြတာ အစ်မအတွက်တောင်မနဲဘရိတ်အုပ် လိုက်ရတယ်.အမြည်းမကျန်မှာဆိုးလို့ …အရမ်းကောင်း လွန်းလို့ ချီကျုးခံရတယ်ညီမရေ…အမှန်ကညီမတော်လို့ပါနော်.. တပည့်ကောင်းတော့ဆရာ့ခေါင်းဆိုပဲ…..ဟဲ..ဟဲ…မိသားစုကို uအရသာရှိတဲ့ထူးထူးဆန်းဆန်းဟင်းလျာတွေချက်ကျွေးနိုင်အောင်တင်ပေးတဲ့ညီမလေးကို ကျေးဇူးတင်ရတာလည်း များနေပြီနော် …အစ်မတို့အိမ်က

    အချိုမှုန့် နဲ့ဟင်းခတ်မှုန့်တွေမသုံးဘူးညီမရေ..အဲဒီအစား သကြားနဲနဲသုံးတယ်.
    ယ်.. ဒါပေမယ့်လည်း ဒါတွေမထည့်လည်း ညီမလေးရဲ့ …ဟင်းလေးတွေအားလုံးအဆင်ပြေတယ်…

    • admin says:

      ကျေဇူးပါ sis. ၀တ်ရည်လည်း ဟင်းအတွက် အချိုလိုရင် သကြားသုံးတာများတယ်။ အဆင်ပြေတာမို့ ၀မ်းသာမိပါတယ် sis.. နောက်ဟင်းတွေလည်း ချက်ကြည့်ပါအုန်းနော်.. 😀

      • cheerry says:

        စိတ်ချညီမရေ…မချက်မှာတော့မပူနဲ့..ညီမလေးတင်သမျှ ပိုစ့်တိုင်းကို ချက်ကြည့်အုံးမှာ..ချက်သမျှဝိုင်းအားပေးမယ့် သူတွေကလည်းအနားမှာ ready ပဲညီမရေ…ကလေးတွေရော လူကြီးတွေရော…ဟဲ..ဟဲ

  17. MAE THAW NAING says:

    ကောက် ညှင်း င ချိတ် ပေါင်း နည်း လေး… plz post… 🙂

  18. Hnin May says:

    Dear Sister,
    I would like to donate “HTAMANE”ထမနဲ to a monk whom came from Myanmarland.
    Pls,help me.
    Hnin Netherland

  19. khinmoenyunt says:

    ကျေးဇူးပါ sisေ၇ ။
    dimsum ကတော့ မမတို့ တစ်အိမ်သားလုံးအကြိုက်ပါ ။

  20. U Myint Lwin says:

    သမီးရေ တင်ထားပေးတာလေးတွေကအသုံးတည့်လို့ကျေဇူးပါနော်

  21. Mo Mo Han says:

    အားလုံးနယ် ပြီးရင် ရေဘယ်လောက်ထည့် ပြီး ပေါင်း ရမလဲ
    နိ့ဆီဘူး၂လုံးဆိုရေဘယ်လောက်ထည့်ရလဲ

Leave a Reply

Your email address will not be published. Required fields are marked *