ပြင်သစ်စတိုင် ၀က်သားပြားကြော် (Pork escalope)

ပြင်သစ်စတိုင် ၀က်သားပြားကြော် (Pork escalope)

ပြင်သစ်စတိုင် ၀က်သားပြားကြော် (Pork escalope)က Pork Cordon Bleu နဲ့ လုပ်ပုံချင်းတူပေမယ့် Pork Cordon Bleu လို ချိစ်မပါဘူး။ အမေများနေ့က ၀တ်ရည် အမေအတွက် လုပ်ကျွေးဖြစ်တာမို့ တင်လိုက်တာပါ။ အားပေးသွားကြပါအုန်းနော်…

ပါဝင်သောပစ္စည်းများ

၁။ ၀က်သား(အသား) – ၁၅ကျပ်သား

၂။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၃။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၎။ Oregano (or) Thyme – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (အနောက်တိုင်း အမွှေးအကြိုင်)

၅။ ဂျုံမှုန့် – ၄၀ဂရမ်

၆။ ပါမုန့်ခြောက် (Breadcrumb)

၇။ ကြက်ဥ – ၂လုံး (ခလောက်ပေးပါ)

ချက်ပြုတ်နည်း

၁။ ၀က်သားကို ပါးပါး အပြားကြီးကြီး ၃ချက်လှီးလိုက်ပါ။

၂။ ပြီးလျှင် ၀က်သားပြား တစ်ခုကို Plastic Wraper (ပလက်စတစ် စက္ကူ) ဖြင့်အုပ်ပြီး အသားထုတဲ့ (Hammer) ဖြင့်အသားပြားပြီး ညီသွားအောင် ထုပေးပါ။

၃။ ပြီးနောက် ၀က်သားပြား ပေါ်သို့ ဆား၊ ငရုတ်ကောင်းမှုန့်၊ Oregano များကိုဖြူးပေးပါ။

၎။ ထို့နောက် ဂျုံမှုန့်ထည့်ထားသော ပန်းကန်ပြားထဲသို့ ၀က်သားပြားကို ဂျုံကပ်ပေးပါ။

၅။ ပြီးလျှင် ကြက်ဥခလောက်ထားသော ခွက်အတွင်း ၀က်သားပြားကို နှစ်စိမ်လိုက်ပါ။

၆။ ပြီးမှ ၀က်သားပြားကို ပါမုန့်ခြောက်များဖြင့် လိမ့်လိုက်ပါ။

၇။ ထို့နည်းအတိုင်း နောက် ၀က်သားပြား ၂ခုကို ဆက်လုပ်ပါ။

၈။ ဒယ်ထဲ ဆီများများထည့်ပြီး ၀က်သားပြားများကို အညှိရောင်သန်းလာ သည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

၉။ ပြီးလျှင် ဆီစုတ်စက္ကူခင်းထားသော ပန်းကန်ထဲသို့ ၀က်သားများကို ပြန်ဆယ်ထည့်လိုက်ပါ။

၁၀။ ပြင်သစ်စတိုင် ၀က်သားပြားကြော် (Pork escalope) ကို ကြွပ်ရွရွလေးမို့ ကြိုက်နှစ်သက်ကြပါလိမ့်မည်။ RoseMary Potato နဲ့တွဲဖက်စားသုံးနိုင်ပါတယ်။ RoseMary Potato လုပ်နည်းကို New Post အနေနဲ့ တင်ပေးပါ့မယ်…

8 comments

  1. hmone says:

    never ate before …looking very delicious wanna eat…

  2. joe says:

    အမေ၇ နတ်မတ်ကို အင်းဂလိပ်လို ဘယ်လိုခေါ်လည်းသိချင်ပါတယ် နောက်ပြီးRoseMary Potato ဘယ်လိုလုပ်လည်းသိချင်ပါတယ်

  3. zytee says:

    အမ… အဖြူရောင်ခရမ်လေးက ဘာလဲ မသိဘူး။ mayonnise မဟုတ်ဘူးမလား

  4. cheerry says:

    ညီမလေးရေ…အရမ်းကိုစားလို့ကောင်းလို့ သားသား နဲ့ သမီးအရမ်းကြိုက်ကြတယ်.. ကျေးဇူးနော်…

Leave a Reply

Your email address will not be published. Required fields are marked *