တန်ပူရာ ဂဏန်းပျော့ကြော်

တန်ပူရာ ဂဏန်းပျော့ကြော်

တရားစခန်းဝင်နေတာနဲ့ ဟင်းသစ်တွေတောင် မတင်ဖြစ်တာ ကြာသွားပြီး။ ဒီနေ့တော့ အဖေ ဘိတ်ကပြန်လာလို့ ဂဏန်းပျော့တွေပါလာတာနဲ့ တန်ပူရာ ကြွပ်ကြွပ်လေးကြော်လိုက်တယ်။ စားလို့ ကောင်းတာမို့ အားပေးသွားကြပါအုန်း…

ပါဝင်သောပစ္စည်းများ

၁။ ဂဏန်းပျော့ – ၅ကောင်

၂။ တန်ပူရာ အမှုန့် – ၁၅၀ ဂရမ်

၃။ ကော်မှုန့် – ၂၀ ဂရမ်

၎။ ဆိုဒါမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ

၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၆။ ဟင်းရွက်ဆီ

ချက်ပြုတ်နည်း

၁။ ဂဏန်းပျော့ကို ရေခဲ ရိုက်ထားလျှင် ရေခဲပျော်အောင် အပြင်ကို ကြိုထုတ်ထားပေးပါ။

၂။ ပြီးမှ ဂဏန်းပျော့ကို ၄ပိုင်းပိုင်းလိုက်ပြီး ဇလုံတစ်ခုထဲ ထည့်ထားပေးပါ။

၃။ မကြော်မီ နာရီဝက်အလိုတွင် ခွက်တစ်ခုထဲ တန်ပူရာအမှုန့်၊ ကော်မှုန့်၊ ဆိုဒါမှုန့်၊ ဆား၊ ရေတစ်ခွက်ခန့်ထည့်ပြီး ပျစ်ပျစ်လေး အနေထားရောက်အောင် ဖျော်ပေးပါ။

၎။ ဖျော်ခါနီးမှ မှုန့်နှစ်ခွက်ထဲသို့ ဂဏန်းပျော့ များကို ရောမွှေပေးပါ။

၅။ ထို့နောက် ဒယ်ထဲဆီ များများထည့်ပြီး ဆီပူလာလျှင် မုန့်နှစ်စိမ်ထားသော ဂဏန်းပျော့များကို ခွဲပြီး အညှိရောင်သန်းလာသည် အထိကြော်ပေးပါ။

၆။ ကြော်ပြီးလျှင် ဆီစုတ်စက္ကူခံထားသော ပန်းကန်ပြားထဲသို့ ဂဏန်းပျော့တန်ပူရာ ကြော်များကို ဇကာဖြင့် ဆယ်၍ထည့်ပေးပါ။

၇။ အသင့်ကြော်ထားသော ဂဏန်းပျော့တန်ပူရာကြော် လေးကို မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်လေးနဲ့ တို့၍စားသုံးနိုင်ပါပြီး…

6 comments

  1. Evy says:

    အရမ်းကြိုက်တယ်။ တော်တော်ကောင်းမယ့်ပုံဘဲ ၀တ်ရည်ရေ

  2. hmone says:

    eat chin like tar naw 🙁 yummy crab

  3. နွေးနေခြည် says:

    ငရီရေ ဂဏန်းပျော့ဆိုတာ ဘာလဲမသိလို့ ဒီမှာ လာကြည့်တာ.. ဂဏန်းနဲ့ တူတူပဲလား? မစားဖူးတာလား.. စားဖူးပြီး မသိတာလားတော့မသိဘူး။
    ဘာပဲဖြစ်ဖြစ် တန်ပူရာဆို အကုန်ကြိုက်လို့ ပန်ကန်လိုက် မ သွားပြီ.. ဟိး)))))

    • chowutyee says:

      နေခြည် ဂဏန်းပျော့က အခွံမာ မပါဘူးလေ။ အခွံပျော့ဆိုတော့ ဂဏန်းတစ်ကောင်လုံး စားလို့ရတယ်… ငါ့သူငယ်ချင်း အတွက်ပဲ ပန်းကန်လိုက်သာ မသွား… 🙂

  4. […] May 30, 2010 တန်ပူရာ ဂဏန်းပျော့ကြော် […]

Leave a Reply

Your email address will not be published. Required fields are marked *