ဝက်သားပေါင်း

ဝက်သားပေါင်း

မနက်စာ ၀က်သားပေါင်းလေးပါ။ ၀က်သားအပြင် ပုဇွန်ပါထည့်ထားတာမို့ အရသာလည်း ကောင်းမွန်ပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ၀က်သားပေါင်း တူတူလုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ဖက်ရွက် – ၁၅ရွက်
  • ၀က်သား (သို့) ကြက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပုဇွန် – ၅၀ ဂရမ် (နှုတ်နှုတ်စဉ်းပေးပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)

  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ဥအကာ – ၁လုံး

 

ချက်ပြုတ်နည်း

၁။ အစားသွပ်ရန် ပါဝင်သောပစ္စည်းများ ဖြစ်သော (၀က်သား၊ ပုဇွန်၊ ကြက်သွန်မြိတ်၊ ကော်မှုန့်၊ နှမ်းဆီ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် ) အားလုံးကို ဇလုံထဲထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။

၃။ ပြီးလျှင် ဖက်ရွက်တစ်ရွက်ယူပြီး ဘေးသားများကို ကြက်ဥအကာဖြင့် သုတ်လိုက်ပါ။

၎။ ပြီးမှ အစားသွပ်ရန် ရောနုယ်ထားသော ၀က်သား (စားပွဲတင်ဇွန်း ၂ဇွန်း) ကို ဖက်ရွက်ထဲထည့်ပြီး ပုံတွင်ပါသည့်အတိုင်း ထုတ်လိုက်ပါ။

၎။ ထိုနည်းအတိုင်း ကျန် ဖက်ရွက်များဖြင့် ဆက်လုပ်ပါ။

၅။ ပြီးနောက် ၀က်သားကို ဖက်ရွက်ထဲထည့်ပြီလျှင် ဘေးမှာ ပိုနေသော ဖက်ရွက်သားများကို ဖြတ်ထုတ်လိုက်ပါ။ ခြောက်သွားလျှင် ထိုဖက်ရွက်သားများသည် မာသွားတတ်၍ ဖြစ်သည်။

၆။ ပေါင်းအိုးထဲ ၀က်သားပေါင်းများကို ထည့်ပြီး ၁၅မိနစ်ခန့် မီးပြင်းပြင်းဖြင့် ပေါင်းပေးပါ။

၅။ မနက်စာအဖြစ် ၀က်သားပေါင်းကို ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————–

36 comments

  1. hmone says:

    love it…look very delicious…the best for breaksfast …hungry 🙁

  2. mon says:

ွှညလေး ဝတ်ရည်
    ကြက်သားနဲ့ရောလုပ်လို့ရလား
    ဝက်သားမစားတဲ့လူ များလို့ပါ

    • chowutyee says:

      ဟုတ်ကဲ့ ကြက်သားနဲ့လုပ်လည်း အရသာစားလို့ကောင်းပါတယ် မမွန်။ ၀က်သားပေါင်းတော့ မဟုတ်တော့ဘူး၊ ကြက်သားပေါင်းပေါ့… 🙂

  3. mie says:

    Thanks wutyee.It was delicious after making.But it became hard when it is cold.So How do you store before eating it?

    • chowutyee says:

      Ma Mie, အအေးခန်းထဲ ထည့်ပြီရင် မစားခင် ပေါင်းအိုးဖြင့် ပြန်ပေါင်းပေးပါ… 🙂

  4. lyk says:

    လုပ်စားမယ် .. အရင်က ဆိုင်မှာပဲ ၀ယ်စားနေရတာ ..

    • chowutyee says:

      lyk ရေ ဒီဝက်သားပေါင်းက အရမ်းစားလို့ ကောင်းတာမို့ လုပ်စားဖို့ မမေ့နဲ့နော်… 😛

  5. ko ko aung says:

    Just remind u, my requested menu “pork leg soup” nt launched yt. Hee……he

    • chowutyee says:

      အိုကေ တင်ပေးပါ့မယ်.. ၀တ်ရည် ခုတစ်လော အလုပ်တွေ အရမ်းရှုပ်နေတာနဲ့ မတင်ပေးဖြစ်တာပါ… ဆော်ရီးနော်

  6. Mu Mu Win says:

    Thank you.

  7. […] May 28, 2010 ၀က်သားပေါင်း […]

  8. ဂျူဂျူး says:

    ဖက်ရွက်မရှိရင် ဘာနဲ့လုပ်လို့ရလဲဟင်…..

    • admin says:

      ဟီးဟီး ဖက်ရွက်မရှိရင်တော့ လုပ်စားလို့ မရဘူး sis

      • sanwaiphyo says:

        ဖက်ရွက်မရှိလို့မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဖက်ရွက်ဘယ်မှာ ၀ယ်လို့ရမလဲ။

  9. ကျေးဇူးတင်ပါတယ်။မနက် မနက် ဘာစား၇၇င်ကောင်းမလဲ စဉ်းစား၇တာအမောဘဲနော်။ ခုတော့ စားစ၇ာတစ်ခု တိုးသွားပီ။

  10. Aye ei ei Aung says:

    like this.

  11. Su ko ko says:

    ဂျင်း ကြက်သွန်ဖြူထည့်ရင် ကောင်းမလားဟင် ဝက် သားဆိုတော့ညှီမှာ။စိုးလို့ပါ ညီးမလးအကြံပြုပါအုံးနော်။ကျေးဇူးပါ

    • admin says:

      ဂျင်းနဲ့ ကြက်သွန်ဖြူ ထည့်လည်း ကောင်းပါတယ်။ အနံ့ပိုမွှေးတာပေါ့။ 🙂

  12. Jason says:

    မ၀တ်ရည် အဲ့ဒီ ဖက်ရွက်ကလေ ဘာလုပ်တဲ့ဖက်ရွက်လို့ စီးတီးမတ်မှာပြောပြီးဝယ်ရမှာလဲ….

    • admin says:

      ဖက်ထုပ်လုပ်တဲ့ ဖက်ရွက်လို့ မေးဝယ်လို့ရပါတယ်။ ကော်ပြန့်ရွက်တွေ ထားတဲ့နားမှာ ရှိပါတယ်.. ကျေးဇူးပါ

  13. ဟိန်းထက် says:

    နာတော့ အမြင်တောင် ကပ်ချင်လာပီ။ သူက အကုန်ကိုလုပ်တတ်နေတော့တာပဲ.။ ဟွန်းလုပ်ထားတာတွေကလဲ စားချင်စရာတွေကြီးပဲ။ အခုတော့ ညဖက်ကြီးဖြစ်နေလို့ ဘာမှမလုပ်နိုင်ဘူး။ တော်တော် တော်တဲ့ မ၀တ်ရည်.. 😛 ဗဟုသုတလဲ အများကြီးရပါတယ်။ ကျေးဇူးပါခင်ဗျာ။

  14. […] ၀က်သားပေါင်း […]

  15. May says:

    ဝတ်ရည်ကျေးဇူးအများကြီးတင်ပါတယ်။

  16. YuYuZaw says:

    ကိုယ်လုပ်စားကြည့်ဦးမယ်။ကျေးဇူးပါ ဝတ်ရည်။

  17. Tsin nan says:

    ဖက်ထုတ်ပေါင်းလုပ်တဲ့အဖတ်နဲ့တူတူဘဲလား?အမ

  18. Khin Khin Thwin says:

    Delicious. Thank you for sharing.

  19. haymahn says:

    Like all.

  20. Myo myo says:

    ကော်ပြန့်ရွက်နဲ့လုပ်လို့ရဟလားမ

Leave a Reply

Your email address will not be published. Required fields are marked *