ကြက်သားချိုချဉ်ကြော်
ကြက်သားချိုချဉ်ကြော်
ပါဝင်သောပစ္စည်းများ
၁။ ကြက်ရင်ဗုံသား (သို့) ၀က်သား – ၁၅ကျပ်သား (အစောင်းပါးပါးလေး လှီးပါ)
၂။ မုန်လာဥနီ – ၃ခု ( အ၀ိုင်းလေးများလှီးပါ)
၃။ ဘိုးစားပဲ – ၁စည်း (အစောင်းလေးများ လှီးပါ)
၎။ ပြောင်းဖူးသေး – ၇ခု (အ၀ိုင်းလေးများလှီးပါ)
၅။ ကြက်သွန်နီ – ၃လုံး (၄စိပ်စိပ်ပါ)
၆။ ကော်မှုန့်
၇။ ကြက်ဥအနှစ် – ၁လုံး
၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
ဆော့ရည်တွင်ပါဝင်သော ပစ္စည်းများ
၁။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ဆန်ဗနီဂါ – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၅ဇွန်း
၎။ ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ချက်ပြုတ်နည်း
၁။ ကြက်သားကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်ဥအနှစ်၊ ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး သမအောင် နုယ်ပါ။
၂။ ပြီးလျှင် ကော်မှုန့် (စားပွဲတင်ဇွန်း ၆ဇွန်း)ကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီး ရေမြုပ်ရုံထည့်ပြီး ကော်မှုန့် အနည်ထိုင်သည်အထိ နာရီဝက်ခန့်ထားထားပေးပါ။
၃။ ပြီးမှ ကော်မှုန့်စိပ်ထားသော ပန်းကန်ထဲမှ အပေါ်က ရေကြည်ကိုထုတ်ပြီး ကျန်တဲ့ ကော်မှုန့်တွေကို ကြက်သားနယ်ထားသော ထဲသို့ထည့်ပြီး သမအောင် နယ်ပေးပါ။
၎။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး ဆီပူလာလျှင် နုယ်ထားသော ကြက်သားများကို ၄သုတ်ခွဲပြီး အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၅။ ပြီးမှ ဇကာနဲ့ ပြန်ဆယ်ပြီး ပန်းကန်ပြားတစ်ခုထဲ ဆယ်ထည့်ထားပေးပါ။
၇။ ကြက်သားချိုချဉ်ကြော် မကြော်မီ ဆော့ရည်တွင် ပါဝင်သောပစ္စည်းများ (ဗီနီဂါ၊ ပဲငံပြာရည်၊သကြား၊ရေ) အားလုံးကို ရောမွှေပြီး ခွက်တစ်ခုထဲ ထည့်ထားပေးပါ။
၆။ ဒယ်တစ်ခုထဲ ဆီဲ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူထည့် ဆီသပ်ပေးပါ။
၇။ ပြီးလျှင် ၄စိပ်စိပ်ထားသော ကြက်သွန်နီများကို ထည့်မွှေပေးပါ။
၈။ ထို့နောက် မုန်လာဥနီ၊ ဘိုစားပဲ၊ ပြောင်းဖူးသေး အားလုံးကို ထည့်ကြော်ပေးပြီး ဟင်းရွက်များနူးရန် ရေအနည်းငယ်ထည့်ပေးပါ။
၉။ အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။
၁၀။ ပြီးမှ ကြော်ထားသော ကြက်သားများ နှင့် ဆော့ရည်တို့ကို ထည့်ပြီး ဟင်းရွက်များနှင့် ရောမွှေလိုက်ပါ။
၁၁။ ပြီးမှ ကော်မှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ရေအနည်းငယ်ဖြင့် ဖျော်၍ လောင်းထည့်ပြီး မွှေလိုက်ပါ။
၁၂။ အရသာအလွန်ကောင်းမွန်သည့် ကြက်ချိုချဉ်ကြော်ကို ထမင်းပူပူလေးနှင့် မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီး….
33 comments
  1. hmone says:
    wow yummy foods again…i wanna eat..i only ate from chinese restaurante before never try…heee new house move ma bae try top mal thx pig yee
    • chowutyee says:
      ကိုယ်လုပ်စားဖြစ်အောင် လုပ်စားကြည့် တရုတ်စားသောက်ဆိုင်က လက်ရာ အတိုင်းပဲ.. ဟီးဟီး… 🙂
  2. aungyezaw says:
    အစ်မ ရိပ်သာက ပြန်ထွက်လာတာကျေးဇူးတင်ပါတယ်။ ကျွန်တော်စားဖူးတဲ့ ကြက်ချိုချဉ်ကတော့ ကြက်သားစင်းကောလုပ်ပြီး အလုံးကလေးတွေလုပ်တာ။ နောက်ကြက်ဥအနှစ်က ဘာလို့ထည့်ရတာလဲမသိဘူး၊ ကော်မှုန့်ထည့်ရင်စေးသွားတာ ပဲမဟုတ်ဘူးလား။ ဆရာလုပ်တယ်တော့ မထင်ပါနဲ့။ ပုံကတော့ စားကောင်းမယ့်ပုံပါပဲ။ လုပ်မစားဖူးလို့ မေးကြည့်တာပါ။ 😛
    • chowutyee says:
      Ko Aung Ye Zaw, ကြက်ဥအနှစ်ထည့်ရင် ကြော်တဲ့အခါ ပိုပွရွရွလေး ဖြစ်တာမို့ ထည့်တာပါ။ စားလို့တော်တော်ကောင်းပါတယ်၊ လုပ်စားကြည့်ပါအုန်းနော်.. 🙂
  3. Mein Mein says:
    excellent
    • chowutyee says:
      Mein Mein ဒီ ကြက်ချိုချဉ်က အရမ်းစားကောင်းတယ်.. လုပ်စားကြည့်ပါနော်.. 🙂
  4. lue says:
    hi wutyee,i tried it. very tasty. many thz for your receipe. 🙂
    • chowutyee says:
      Lue ကိုလည်း ကျေးဇူးပါနော်.. တခြားဟင်းချက်နည်းတွေလည်း ချက်ကြည့်ပါအုန်းနော်… သိချင်တာ ရှိရင်လည်း မေးနိုင်ပါတယ်.. 😛
  5. MinMinZaw says:
    ကျေးဇူးဘဲဝတ်ရည်ရေ…နောက်ဟင်းတွေလည်းနောက်နေ့မှ စမ်းကြည့်ဦးမယ်..
  6. mimilay says:
    ကြက်သားကြေနဲ့မှုံညင်း ချက်နည်းတင်ပေးပါဦးအမ
  7. the red says:
    ချိုချဉ်ကြော်မှာ အရောင် ထည့်ချင်ရင်ဘာထည့်ရမလဲ ပြောပြပါအုံး
    ဆိုင်တွေမှာဆို အရောင်က အနီရောင် လေး မို့လို့
    • chowutyee says:
      ချိုချဉ်ကြော်မှာ ခရမ်းချဉ်သီးဆော့ ထည့်ထားလို့ နီနီလေး ဖြစ်နေတာ..
  8. sau gerald says:
  9. sau gerald says:
    ညီမလေးဝတ်ရည်ခင်ဗျား၊၀က်သာလုံးချိုချဉ်ချက်နည်းတင်ပေ
    ပါဥိးခင်ဗျား။။။ကျွန်တော်ဒီမှာမြင်ဘူးတာချိုချဉ်ထဲကိုနာနတ်သီး
    ရောထည့်ထားတွေ့ရပါတယ်..
    • chowutyee says:
  10. sau gerald says:
    ညီမလေးဝတ်ရည်ခင်ဗျား၊၀က်သာလုံးချိုချဉ်ချက်နည်းတင်ပေး
    ပါဦးခင်ဗျား။။။ကျွန်တော်ဒီမှာမြင်ဘူးတာချိုချဉ်ထဲကိုနာနတ်သီး
    ရောထည့်ထားတွေ့ရပါတယ်..ကျေးဇူးတင်ပါတယ်…..
  11. wyne says:
    အမရေ အရမ်းကြိုက်သွားပြီ
    ချက်စားကြည့်မယ်
  12. Honey says:
    Thank a lots for posting this page.. Ma Wut Yee.. I want to know how to make chicken chin sat.. plz tell me.
  13. Nandar says:
    ဒီဟင်းကို အမေကအရမ်းကြိုက်လို့ ခဏခဏလုပ်စားဖြစ်တယ်။။စားလို့လည်းတအားကောင်းပါတယ်။ဝတ်ရည်ရဲ့ချက်နည်းအတိုင်းချက်ပြီး Facebook ပေါ်မှာတင်တာ ဝတ်ရည်ကို tag လို့မရဘူးဖြစ်နေတယ်ကော. ချက်နည်းအတွက်ကျေးဇူးပါနော်..
  14. susulatt says:
    I want to know chicken chin sat, thanks
  15. ရှမ်းရှမ်းခမ်းလှိုင် says:
    တင်ထားသမျှချက်နည်းအားလုံး ကြိုက်တာတွေရွေးပြီးစိတ်ကြိုက်လုပ်စားကြည့်ပြီးပြီ။ တစ်ချို့လွယ်သလောက် တစ်ချို့စိတ်တယ်မရှည်ချင်ဘူး။ ဟင်းချက်နည်းအသစ်တွေ့ရင်လက်တည့်စမ်းချင်တာကိုက၀ါသနာပါနေတယ်။ အားရင်မီးဖိုချောင်မှာအပူခံပြီး ရမ်းတုတ်နေကျလေ……..
  16. Aung Ye Phyo says:
    ကျေးဇူးပါ အစ်မ ဝက်သား ချိုချဉ်ကြော် ချက်နည်းလေးတင်ပေးပါလားချက်စားကြည့်မလို့ပါ
    • admin says:
      ကြက်သားအစား ၀က်သားအစားထိုး ချက်လိုက်ရုံပါပဲ၊ ကျန်ချက်နည်းက တူတူပါပဲ..
  17. Download လုပ်လို့ရအောင်လုပ်ပေးပါလား..သိမ်းထားချင်လို့ပါ..
  18. Repunzel says:
    thz q xo much ma ma 😛
    အိမ်မှာမာမားကိုချက်ခိုင်းတာကြာပီ နည်းသေချာမသိတော့ ဘယ်တော့မှအဆင်မပြေဘူး
    အခုမမဝတ်ရည်လို ချက်မှ လုံးဂွတ်သွားတယ်
    thz 🙂
    • Repunzel says:
      ဒါနဲ့လေ အာလူးချောင်းကြော် ဆိုင်တွေမှာလို စားကောင်းအောင်ဘယ်လိုကြော်ရလဲ ပြောပြပါဦးနော် 🙁
Leave a Reply
Your email address will not be published. Required fields are marked *