ကြက်သားကင် (Turmeric Chicken Roast)

ကြက်သားကင် (Turmeric Chicken Roast)

အနောက်တိုင်းစတိုင် ကြက်သားကင်ပါ။ အရသာရှိပြီး Barbecue ဆော့နဲ့ပဲ စားစား၊ ထမင်းနဲ့လည်း တွဲဖက်စားသုံးနိုင်ပါပြီး။ လုပ်စားကြည့်ကြပါနော်…

ပါဝင်သောပစ္စည်းများ

၁။ ကြက်ကောင်လုံး – တခြမ်း

၂။ ဆနွင်းမှုန့် (Turmeric Powder)- စားပွဲတင်ဇွန်း တ၀က်

၃။ ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်း

၎။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၅။ သံပရာသီး – တခြမ်း (အရည်ညှစ်ပါ)

၆။ Thyme (အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ ကြက်တခြမ်းကို ပါဝင်သောပစ္စည်းများဖြစ်သော (ဆနွင်းမှုန့်၊ ထောပတ်၊ ဆား၊ သံပရာရည် ) ဖြင့်သမအောင် ရောနယ်လိုက်ပါ။

၂။ ပြီးမှ အပေါ်မှ Thyme များကို ဖြူးပေးလိုက်ပါ။

၃။ ပြီးလျှင် ခဲစက္ကူ (Aluminum Foil) ပြားကို ခံပြီး Oven ထဲမှာ ၂၀၀ ဒီဂရီနှင့် ၁နာရီခန့်ကြာအောင် အပေါ်မီး၊အောက်မီးဖြင့် ကင်ပေးပါ။

၎။ ကင်ပြီးသွားလျှင် ကြက်သားကင်ကို barbecue ဆော့ဖြင့်တွဲဖက် စားသုံးနိုင်ပါပြီး…

10 comments

  1. hmone says:

    ko chicken roast ka nando ka chicken roast nae taugh tuu tae tal yummy…

    • chowutyee says:

      ဟီးဟီး Nando ကကြက်သားကင်ကိုတော့ မမှီပါဘူး မှုံကြီးရယ်… ဒါပေမယ့် Nando အလွမ်းပြေလေးပေါ့.. 🙂

  2. Fatty says:

    ဆနွင်းမှုန့် == Turmeric Powder?? 😀

  3. kom says:

    အိုဗင်ဆိုတာ ဟင်းနွေးတဲ့ဟာကိုပြောတာလား။

    • chowutyee says:

      ဟင်းနွေးတာကို Microwave လို့ခေါ်ပါတယ်။ တစ်ချို့ Microwave တွေမှာလဲ 0ven feature ပါပါတယ်။ Oven သီးသန့်နဲ့လည်း ကင်လို့ရပါတယ်…

  4. ကျော်သန်းထက် says:

    အဲဒီ Thyme ကို ဘယ်မှာ ဘာတံဆိပ်နဲ့ဝယ်လို့ရလဲဗျ ပြီး တော့ အာဗန်မှာ ရေထည့်တဲ့ခွက်လေးပါတယ် အဲဒါဘယ်လိုမျိုးသုံးရလဲဗျသိချင်ပါတယ်

    • chowutyee says:

      Thyme ကို Martket Place (CityMart) မှာ ၀ယ်လို့ရပါတယ်။ အာဗန်မှာ ရေထည့်တဲ့ခွက်က အာဗန်ကို အသားတွေဘာတွေ ပေါင်းချင်တာအခါ ရေနွေ့ငွေ့ထွက်အောင် အသုံးပြုတာပါ။ ကင်တာတို့၊ ဟင်းနွေးတာတို့ဆို မလိုအပ်ပါဘူး..

  5. ကျော်သန်းထက် says:

    thyme ပေါင်ဒါနဲ့ တရုတ်ငါးမျိုး မဆလာနဲ့ တူလားဗျ

  6. Yu Pa says:

    အမရေ… ငါးကင်ရော.. တူတူပဲလား.. ခရုဆီသုံးရင်လား အပေါ်ကသုတ်ဖို့… ဖြေပါအုံးနော်…
    ကျေးဇူးပါ… 🙂

Leave a Reply

Your email address will not be published. Required fields are marked *