ငါးဖယ်သုတ်

ငါးဖယ်သုတ်

ငါးဖယ်ကြော်ရန် ပါဝင်သောပစ္စည်းများ

၁။ ငါးဖယ် – ၃၀ကျပ်သား (ထောင်းပြီးသား)

၂။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)

၃။ ဂျုံ – စားပွဲတင်ဇွန်း ၁ဇွန်း

၎။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)

၅။ ကြက်ဥ(အကာ) – ၁လုံး

၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ရ။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ငါးဖယ်သုတ်ရန် ပါဝင်သောပစ္စည်းများ

၁။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)

၂။ သံပရာသီး – ၂လုံး (အစေ့ထုတ် အရည်ညစ်ပါ)

၃။ ငရုတ်သီးဆီသပ် – စားပွဲတင်ဇွန်း ၄ဇွန်း (ဒယ်ထဲ ဆီထည့်၊ ဆီပူလျှင် ငရုတ်သီးမှုန့် ၃ဇွန်းထည့်)

၎။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၁ဇွန်း

၅။ ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)

၆။ နံနံပင် – ၁စည်း (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ ငါးဖယ်ကြော်ရန် ပါဝင်သောပစ္စည်များ ဖြစ်သော (ငါးဖယ်၊ ဆား၊ ကြက်သားမှုန့်၊ ဂျုံ၊ ဂျင်း၊ ကြက်ဥအကာ၊ ကြက်သွန်မြိတ် ) အားလုံးကို ဇောက်ပန်းကန်တစ်ခုထဲ သို့ ထည့်နုယ်လိုက်ပါ။

၂။ ပြီးလျှင် ငါးဖယ်များ မကပ်စေရန် လက်တွင် ဆီသုတ်၍ နုယ်ထားသော ငါးဖယ်များကို အလုံးပြားလေးများ လုပ်လိုက်ပါ။ (အရွယ်မကြီးပါစေနှင့်)

၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး ငါးဖယ်လုံများကို ထည့်ကြော်ပေးပြီး ဇကာဖြင့် ပန်းကန်တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။

၎။ ပြီးလျှင် ကြော်ထားသော ငါးဖယ်များကို ပါးပါးအစောင်းလှီးလိုက်ပါ။

၅။ ထို့နောက် ပန်းကန်လုံး တစ်ခုထဲသို့ ငါးဖယ်သုတ်ရန် ပါဝင်သောပစ္စည်းများ ( ငါးဖယ်၊ ခရမ်းခဉ်သီး၊ ကြက်သွန်နီ၊ ပဲငံပြာရည်၊ ငရုတ်သီးဆီသပ်၊ နံနံပင်၊ သံပရာရည်) အားလုံးကို ရောနယ်လိုက်ပါ။

၆။ အရသာအပေါ့အငံ အနေတော်လျှင် ငါးဖယ်သုတ်ကို ထမင်းနှင့် မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီး။

19 comments

  1. mon says:

    ငံပြာရည်နဲ့ရော သုတ်လို့ရဖူးလားးး
    ဝတ်ရည်ဘလော့ကိုတော့ အမြဲဖတ်တယ်. ကြိုက်တယ်.
    ချက်မစားဖြစ်တာတစ်ခုပဲ ဟိဟိ 😀

    • chowutyee says:

      ဟားဟား.. ရပါတယ် ငံပြာရည်နဲ့လည်း။ အမြဲအားပေးလို့ ကျေးဇူးပါပဲ.. ချက်လည်း စားကြည့်ပါအုန်းနော်.. 😉

  2. pyayko says:

    မဝတ်ရည်ရေ.. ပြီးခဲ့တဲ့ မွေးနေ့အတွက် ဝတ်ရည် အတွက်ကော ကျန် အမွှာညီမ တစ်ယောက်ကိုပါ (HAPPY BIRTHDAY ) ပါလို့နော်။… နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါဗျာ။ ဒါနဲ့ ငါးဖယ်သုတ်တော့ ..လုပ်နည်းကြည့်သွားတယ်ဗျာ့.. ကျွန်တော့်ဆီမှာ ငါးဖယ်လုပ်တဲ့ ငါးဝယ်လို့မရတော့ ဘယ်ငါးနဲ့လုပ်စားရမလဲ မသိဘူး..ဘယ်ငါးနဲ့လုပ်စားလို့ရမလဲ ဆိုတာ ပြောပြပါဦး။ ငါးဖယ်ချက်နဲ့ ငါးဖယ်အသုတ်ဆို crazy မလို့ပါ … 😀

    • chowutyee says:

      Really Thanks Ko PyayKo!! 🙂 ငါးဖယ်သုတ်က တခြားငါးနဲ့ လုပ်လို့ ရမယ် မထင်ဘူး… 🙂

    • Pauline says:

      we use the fish pate called “Black feather fish paste”, it is the Nge Phe. I think this Black feather fish paste can be found at the Chinese or Vietnamese shops in the US, Uk & Australia too..

  3. ငယ်လေး says:

    ငါးဖယ်သုပ်လုပ်နည်းလေး ပြောပြလို့ ကျေးဇူးပဲ မ၀တ်ရည်ရေ…. လုပ်စားအုန်းမှပဲ… ပြောရင်း သွားရည်တောင် ယိုလာပြီ…. 😀

    • chowutyee says:

      ငယ်လေးရေ လုပ်စားပြီးရင် အဆင်ပြေမပြေ အကြောင်းပြန်အုန်းနော်..

  4. oneday1day says:

    အစ်မရေ reblog လုပ်သွားပါတယ်နော် ….ခွင့်မတောင်းမိလို့ စိတ်မရှိပါနဲ့နော.်…

  5. zaw says:

    ငါးဖယ်သုပ်က ငါးဖယ်အပြင် ငါးကွင်ရှပ်ငါးနဲ့လည်းလုပ်လိုကရပါတယ် နိုင်ငံခြားမှာဆိုတော့ ငါးဖယ်ကရှာလို့မရဘူးလေ ဆရာလုပ်တာတော့မဟုတ်ဘူး စမ်းကြည့်ပါနော်

  6. May says:

    For the people who want Ngar pal!!!
    Pls get the fish cake packet from the Chinese shop when you are outside of Burma.
    In hot pot they use fish cake which is very look like tofu.
    Buy, defrost it and pan fried until golden brown on the top skins then sliced and u can enjoy!!!
    I’m just sharing my experience.
    For more information leave message in here.
    Thank you all

  7. Nyunt says:

    Thank you so much Nyi ma ,
    I learned to cook for our monthly lunch donation from your web.

Leave a Reply

Your email address will not be published. Required fields are marked *