တရုတ်စတိုင် ပုဇွန်ချိုချဉ်
တရုတ်စတိုင် ပုဇွန်ချိုချဉ်
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်ကျား – ၃၀ကျပ်သား (ပုဇွန် အမြီးချန် ၂ပိုင်းပိုင်းပါ)
၂။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
၎။ ခရမ်းခဉ်သီးဆော့ – စားပွဲတင်ဇွန်း ၅ဇွန်း
၅။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၆။ တရုတ်ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ ငရုတ်သီးတောင့်ရှည် (အနီ) – ၃ခု (အစေ့ထုတ်ပြီး ထောင်းထားပေးပါ)
ရ။ သကြား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၈။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၉။ ကော်မှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
ချက်ပြုတ်နည်း
၁။ ပုဇွန်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကော်မှုန့်(စားပွဲတင်ဇွန်း ၂ဇွန်း)) တို့ဖြင့် ရောနုယ်လိုက်ပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်ပြီး ပုဇွန်များကို အညှိရောင်သန်းလာသည်အထိ ကြော်ပေးပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်၍ ကြက်သွန်ဖြူ၊ နီများကို ဆီသပ်ပေးပါ။
၎။ ထောင်းထားသော ငရုတ်သီအနှစ်ကို ထည့်မွှေပေးပါ။
၅။ ပြီးနောက် ကြော်ထားသောပုဇွန်၊ ခရမ်းချဉ်သီးဆော့၊ ဆန်ဝိုင် တို့ကို ထည့်လိုက်ပါ။
၆။ အရသာအပေါ့အငံ့ အတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
ရ။ ပြီးလျှင် အပေါ်မှ ကော်မှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း) ကို ရေဖြင့် ဖျော်၍ ထည့်မွှေပေးပါ။ နောက်ဆုံးမှ ကြက်သွန်မြိတ်များကို ဖြူးလိုက်ပါ။
၈။ တရုတ်စတိုင် ပုဇွန်ချိုချဉ်ကို ထမင်းနဲ့ စားသုံးနိုင်ပါပြီး…
45 comments
  1. leo says:
    Woo….wanna eat that .. looks good also. ;P
    • chowutyee says:
      စားလို့တော်တော်ကောင်းတယ်၊ ၀တ်ရည်မွေးနေ့က ဘုန်းကြီးကျောင်းပို့တုန်းက ချက်ဖြစ်တာ.. 🙂
  2. TharGyi says:
    • chowutyee says:
      ကိုသားကြီးတို့ အမွှာညီအစ်ကိုက တော်တော်ချစ်ကြတာပဲ… ကောင်းလိုက်တာ… စမ်းချက်ကြည့်ပါအုန်းနော်.. စားလို့ကောင်းလို့ပါ.. 😉
  3. aungyezaw says:
    မိုက်တယ် လွယ်လွယ်လေးပဲ ချက်စားလိုက်ဦးမယ်။ ကျေးဇူးပဲ အစ်မ။ 🙂
    • chowutyee says:
      ဟုတ်တယ်… အောင်ရဲဇော်ရေ ချက်နည်းက အရမ်းလွယ်တာ၊ ချက်ရတာလည်း မြန်တယ်..
  4. hmone says:
    good shar bar lar…. 😀
  5. ငယ်လေး says:
    စားချင်လာပြီ.. လုပ်နည်းကလွယ်လွယ်လေးရယ်နော်… ကျေးဇူး မ၀တ်ရည်… နောက်လည်း လွယ်တဲ့ဟင်းလေးတွေ သင်ပေးအုန်းနော်… 😀
  6. myo says:
    ကော်မှုန့် ကို ရန်ကုန်မှာ ဘယ်မှာ ၀ယ်ရလဲဟင်
    • chowutyee says:
      မျိုးရေ စတိုးဆိုင်၊ supermarket ဘယ်ဆိုင်မှာမဆို ကော်မှုန့်ကို ၀ယ်လို့ ရပါတယ်.. ကော်မှုန့် (သို့) ပြောင်းကော်မှုန့် (သို့) အားလူးကော်မှုန့် အမျိုးအမျိုးရှိတဲ့ထဲက ကိုယ်ကြိုက်နှစ်သက်ရာ ကော်မှုန့်သုံးနိုင်ပါတယ်..
  7. Sanda says:
    တရုတ်ဆန်ဝိုင် ဆိုတာကို ဘယ်မှာ ၀ယ်လို့ရပါလဲ
    • chowutyee says:
      Ma Sanda, တရုတ်ဆန်ဝိုင်ကို တရုတ်တန်းမှာ ၀ယ်လို့ရပါတယ်။ City Mart မှာလည်း ၀ယ်လို့ ရပါတယ်.. 🙂
      • Thetmar Wynn Tar says:
        can u translate “tayoat san paine”. what is that?
        i m confuse about tomato sauce, is that from “can” or we can make it from farm tomato. sorry,… i can’t type in Burmese. have to practice in future. tks in adv.
  8. Nai says:
    Hi Wut Yee,
    Could you please tell me what exactly is san pai? Is it cooking wine?
    thanks
  9. san san says:
    • chowutyee says:
      San Sanေ၇ Chilli Sauce နဲ့ ခရမ်းချဉ်သီး ဆော့နဲ့ မတူပါဘူး.. ခရမ်းချဉ်သီးဆော့ကို (Tomato Sauce) လို့ ခေါ်ပါတယ်… 😛
  10. san san says:
    သြော် မေးချင်လို့ ၀တ်ရည်ရယ် အချိန်ရရင်ပြန်ဖြေပေးပါနော်။ ချဉ်ပေါင်ကြော်ကို အရမ်းကြိုက်တယ်။ ကျွန်မကြော်တာဘာလိုနေမှန်းမသိလို့ ချဉ်စပ်ချဉ်ပေါင်ကြော် နည်းလေး ပြောပြပါလား။ ကျွန်မကြော်တာနဲ့ ဘာကွာလို့ အရသာမတူလည်း သိချင်လို့ပါ။ ကျေးဇူးဘဲနော်။
    • chowutyee says:
      ချက်နည်း
      ၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ နီ ထောင်းထားသည်များကို ထည့် ဆီသပ်ပေးပါ။
      ၂။ ပြီးလျှင် အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) စားပွဲတင်ဇွန်း တ၀က်ကို ထည့်ပြီ မွှေပေးပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးခွဲခြမ်း (ငရုတ်သီးပွ မညက်တညက်ထောင်းပြီ) ထည့်ပေးပါ။
      ၃။ ငပိ၊ ပုဇွန်ခြောက်(သို့) ပုဇွန်ဘော်ကျိတ်ထည့်လိုက်ပါ။
      ၄။ နောက်ဆုံးမှ ချဉ်ပေါင်ရွက် (သို့) ခြေပြီသား ချဉ်ပေါင်ရွက်ကို ထည့်ပြီ ရောမွှေလိုက်ပါ။
      ၅။ နောက်ဆုံးမှ ငရုတ်သီးစိမ်းလေးတွေ ထည့်ပေးပါ။
      ၆။ အရသာ အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့် အနည်းငယ် ထည့်ပေးပါတယ်….
  11. နိုင်လင်း says:
    မမဝတ်ရည် တစ်ခုတည်းတောင်းဆိုချင်ပါတယ် အခုတင်ထားတဲ့
    ချက်နည်းပြုတ်နည်း တွေကိုစာအုပ်အဖြစ်တင်လို့ရရင် တင်ပေးစေချင်ပါတယ်
    • chowutyee says:
      နိုင်လင်းရေ ၀တ်ရည်လည်း ချက်နည်းပြုတ်နည်း စာအုပ်တော့ လုပ်ဖို့ စိတ်ဝင်စားပါတယ်.. အကျိုးအမြတ်အတွက်တော့ မဟုတ်ပါဘူး။ သူများတွေ ချက်နည်းတွေ ဝေဌချင်တာပါ။ ဒါပေမယ့် ဘယ်သူနဲ့ ဘယ်လို ဆက်သွယ်ကောင်းမှန်းကို မသိတာပါ…. 🙂
  12. san san says:
    အလေးထားပြီး ပြန်လည်ဖြေကြားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကြိုးစားပြီးထပ်ကြော်စားကြည့်လိုက်ဦးမယ်။ (ချဉ်ပေါင်ကြော်)
  13. moe says:
    could you please tell me I would like to know Malay chinese food .I will cook today sweet and sour prown .thanks alot.I bought prown .chicken ,pork chop but I I thinking how to cook very head ache for me ,I can cook prown today .thanks my younger sister
    • chowutyee says:
      Ma Moe ရေ မလေးရှား ခေါက်ဆွဲကြော်အတွက် အဓိကကတော့ မလေးရှား ဟင်းအနှစ်ပါ။ အဲဒီ မလေးရှား ဟင်းအနှစ်နဲ့ပဲ၊ မလေးရှား ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ အားလူးပူတီ အားလုံးကို ချက်လို့ ရပါတယ်။ မလေးရှားဟင်းအနှစ်ကို ရေခဲသေတ္တာထဲမှ သိမ်းပြီ ၆လလောက်ထိ ထားပြီ ချက်လို့ရပါတယ်…
      ပထမဆုံးအနေနဲ့ မလေးရှားဟင်းအနှစ် (Sambal Chili paste) ကိုအရင်ဆုံး ချက်ရပါမည်။
      မလေးရှားဟင်းအနှစ်တွင် ပါဝင်သော ပစ္စည်းများ
      ၁။ ငရုတ်သီးပွနီ အခြောက် – ၈ခု
      ၂။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
      ၃။ ကြက်သွန်နီ- ၁ဥ (နှုတ်နှုတ်ဆင်း)
      ၄။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်ဆင်း)
      ၅။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်း)
      ၆။ ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
      ရ။ ရှမ်းနံနံ – ၁ပင် (နှုတ်နှုတ်ဆင်း)
      ၈။ ကြန်သွန်မြိတ် – ၁ပင်(နှုတ်နှုတ်ဆင်း)
      ၉။ ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
      ၁၀။ ဆနွင်းမှုန့်- လက်ဖက်ရည်ဇွန်း တ၀က်
      မလေးရှားဟင်းအနှစ် ချက်နည်း
      ၁။ ငရုတ်သီးပွ အနီ အခြောက်ကို ရေနွေးထဲ ထည့်ပြုတ်ပေးပါ။ ပြီးလျှင် ငရုတ်ပွကို blender ရေနည်းနည်းထည့် ကြိတ်ပေးပါ။
      ၂။ ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ပြီးရင် ကြက်သွန်နီ၊ ဖြူ၊ ဂျင်း ထည့် ဆီထိုးပါ။ ဆနွင်းမှုန့် ထည့်ပါ။
      ၃။ ထို့နောက် ကြိတ်ထားသော ငရုတ်သီးအနှစ်၊ ပုဇွန်ခြောက်မှုန့် (သို့) ငပိ၊ ငံပြာရည် ကို ဒယ်ထဲထည့်မွှေပေးပါ။
      ၄။ နှုတ်နှုတ်ဆင်း ထားသော ရှမ်းနံနံ၊ ကြက်သွန်မြိတ်၊ ဆား ထည့်မွှေပေးပါ။ ဟင်းအနှစ်များကို ရေခဲသေတ္တာ ထဲထည့်ကာသိမ်းထားပြီး ကြာရှည်စွာ အသုံးပြုနိုင်ပါသည်။
      -မလေးရှား ဟင်းအနှစ်ချက်ပြီလျှင် ခေါက်ဆွဲပြားခေါက်များကို ရေနွေးဖျော်ထားပါ။
      -ပြီလျှင် အသားများကို အရှည်လေးများလှီးပြီ ဆား၊ ငရုတ်ကောင်းမှုန့ ထည့်နုယ်ထားပါ။
      ချက်ပြုတ်နည်း
      ၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ နီများကို ဆီသပ်ပေးပါ။
      ၂။ ဆီသပ်ပြီးလျှင် ကြက်(သို့) ၀က် (သို့) ပုဇွန်ကို ထည့်ရောမွှေပေးပါ။
      ၃။ ထို့နောက် ဒယ်ထဲ ခေါက်ဆွဲဖတ်များထည့်ပြီး ရောမွှေ၍ ရေအနည်းငယ်ထည့်ပေးပါ။
      ၄။ ပြီမှ ဟင်း၇ွက်များကို ထည့်ပြီး နူးအောင်တည်ထားပေးပါ။
      ၅။ ထို့နောက် မလေးရှားဟင်းအနှစ် (စားပွဲတင်ဇွန်း ၂ဇွန်း)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပေးပြီး သမအောင် ရောမွှေလိုက်ပါ။
      ၆။ အပေါ်မှ ကြက်သွန်မြိတ်လေးများကို ဖြူးပေးပါ။
  14. moe says:
    thank you for your reply me.I cooked already sweet and sour prown , I put in a bit more corn floor so alitter sticky now I know already if I will cook next again I can adjuest it.
    I will try SAMBAL CHILE PASTE ,
    do you know how to do Bean sproat I tried so many time some time very thing ,some time it take rootl(A Mhee :-)) is very long , ….not yet success .I didn’t intersting for it when i stay in Myanmar but hear can not buy if you know help me
    thank mysister
    • chowutyee says:
      ပဲပင်ပေါက် ချွေတာကို ပြောတာလား မမိုး။ ပဲပင်ပေါက် ထပ်က အမဲလေးတွေ ဖယ်ပြီ အမြှီးကို နားကိုပဲ ချိုးရုံပါပဲ အစ်မ… 🙂
  15. eskimo says:
    အမ၀တ်ရည်,
    ပုစွန်ချိုချဉ်မှာ ငရုတ်သီးအစေ့ထုတ်ထောင်းပြီး အနှစ်ယူတယ်ဆိုတော့ စပ်မသွားဘူးလား။ ချိုချဉ်လို့ပဲရေးထားတာ။ စပ်တာမပါဘူးထင်တယ်။ ငရုတ်သီးဘာလို့ ထည့်လဲဆိုတာ ရှင်းပြပေးပါနော်။ ကျေးဇူး အမ။
    • chowutyee says:
      Eskimo, ရေ ချက်နည်းမှာ ရေးတာ လိုအပ်သွားလို့ပါ။ ငရုတ်သီးဆိုတာ ငရုတ်ပွအချိုတောင့် အပုလေးတွေကို ပြောတာပါ။ အရောင်ရရုံပဲ ထည့်တာပါ။ အချိုတောင့် ဖြစ်တာမို့ မစပ်ပါဘူး။ ကျေးဇူး တင်ပါတယ်နော်၊ လုပ်စားကြည့်ပါ.. 😀
  16. […] June 26, 2010 တရုတ်စတိုင် ပုဇွန်ချိုချဉ် […]
  17. ZZ says:
    ပုဇွန်ကို ကော်မှုန့် နယ်တဲ့ အခါမှာေ၇နဲနဲထည့် နယ်ဖို့လိုသေးလား မသိဘူး ခြောက်နေမှာ စိုးလို့
    • admin says:
      no need. ပုဇွန်ကို ကော်မှုန့်နဲ့ ကပ်ပြီ ကြော်ရုံပါပဲ… ချိုချဉ်ကြော်တဲ့အခါ သူဘာသာ စိုစိုလေး ဖြစ်သွားပါတယ်
  18. Ei Phyu says:
    I cooked already sweet and sour prawn.It’ good taste.Thank you
  19. yi mon says:
    အကြံပေးချင်တယ် အရမ်းချက်တတ်တယ် အမwebsite ကိုတွေ့ လို့ဖတ်မိတာ အမြဲတမ်းဗိုက်ဆာနေပီ အမရေ :p
  20. yi mon says:
    facebookလေးလည်းသိချင်တာ အမရယ်
  21. khaing tun says:
    အမ ထိုင်းကွေ့တယို့လုပ်နည်းလေးတင်ပေးပါ
Leave a Reply
Your email address will not be published. Required fields are marked *