ပုဇွန် ကော်ပြန့်
ပုဇွန် ကော်ပြန့်
ညနေခင်း ထမင်းမစားချင်တာနဲ့ လုပ်စားဖြစ်လိုက်တဲ့ ပုဇွန် ကော်ပြန့်လေးပါ။ ကော်ပြန့်စိမ်းရယ်၊ ကော်ပြန့်ကြော်ရယ် ၂မျိုးလုပ်စား ဖြစ်ပါတယ်။ အိမ်သားတွေကတော့ တော်တော် စားကောင်းတယ် ပြောကြတာနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်…
ပါဝင်သောပစ္စည်းများ
၁။ ကော်ပြန့်ရွက် – ၂၀ရွက် (အသေး)
၂။ ပုဇွန်စိပ် – ၃၀ကျပ်သား (အခွံနွာ ခေါင်းဖြုတ်ပါ)
၃။ မုန်လာဥနီ – ဥကြီး ၁ဥ (အရှည်လိုက် ပါးပါးလှီးပါ)
၎။ ဘိုးစားပဲ – ၁၀ခု (အ၀ိုင်းပါးပါး လှီးပါ)
၅။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တ၀က်
၇။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၉။ ကြက်ဥ – ၂လုံး (ခလောက်ပါ)
၁၀။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
ချက်ပြုတ်နည်း
၁။ ပုဇွန်များကို အတုံးသေးသေးလေး များနှုတ်နှုတ်ဆင်းလိုက်ပါ။
၂။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ များကို ဆီသပ်ပေးပါ။
၃။ ပြီးလျှင် မုန်လာဥနီ၊ ဘိုစားပဲတို့ ထည့်ကြော်ပေးပါ။
၎။ ဟင်းရွက်များနူးရန် ရေ(လက်ဖက်ရည်ပန်းကန်လုံး ၁လုံး) ထည့်ပေးပါ။
၅။ ထို့နောက် ပုဇွန်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ ကြက်သွန်မြိတ် အားလုံးကို ထည့်မွှေလိုက်ပါ။
၆။ အရသာအပေါ့အငံ့ အနေတော်သွားလျှင် ပန်းကန် တစ်ခုထဲ ပြန်ဆယ် ထည့်ထားပါ။
ရ။ ပြီးလျှင် ခလောက် ထားသော ကြက်ဥများကို ဒယ်ထဲ ဆီအနည်းငယ် ထည့်ပြီး အပြန့်ကြော်ပေးပါ။
၈။ ပြီးမှ ကြော်ထားသော ကြက်ဥအ၀ိုင်းကို လိမ့်ပြီး အရှည်လိုက်လှီးပေးပါ။
၉။ အစားပလာများ ချက်ပြီးသွားလျှင် ကော်ပြန့်စလိမ့်ရပါမည်။
၁၀။ ကော်ပြန့်ရွက် တစ်ရွက် ထည့်သို့ ချက်ထားသော ပုဇွန်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်ဥ ၁ချောင်း ထည့်ပြီး လိမ့်ပေးပါ။
၁၁။ ထို့နည်းအတိုင်း ကျန် ကော်ပြန့်များကို ဆက်လိမ့်သွားပါ။
၁၂။ ကော်ပြန့်စိမ်းကြိုက်သူများ ပေါင်းအိုးဖြင့် ၅မိနစ်ခန့်ပေါင်းပေးပြီ ဆလက်ရွက်ဖြင့် တွဲဖက်စားသုံး နိုင်ပါပြီ။
၁၃။ ကော်ပြန့်ကြော် ကြိုက်သူတွေကတော့ ဒယ်ထဲ ဆီများများထည့်ပြီး ပြန်ကြော်ပြီး စားသုံးနိုင်ပါသည်။
– ကြိုက်နှစ်သက်မည့် ပုဇွန်ကော်ပြန့်စိမ်း လုပ်နည်း နောက်တစ်နည်း https://getacookrecipe.wordpress.com/2009/12/15/47/
18 comments
  1. hmone says:
    i tried other before but not that one…will try this weekend as already at new house 😉
    • chowutyee says:
      ကိုယ် အိမ်သစ်ပြောင်းနေပြီလား…. ကောင်းသားပဲ.. လုပ်စားကြည့် ကြီးကြီးက ကြိုက်လို့တဲ့.. 🙂
  2. hnin says:
    အရမ်းကောင်းတဲ့website ပါ…
    အိမ်ရှင်မများအတွက်အလွန်အသုံးဝင်ပါတရ်..
    ဒီထက်ပိုကောင်းတဲ့အစီအစဉ်လေးများထက်တင်ပေးပါဦးနော်..
    • chowutyee says:
      နှင်းရေ လာအားပေးလို့ ကျေးဇူးပါနော်… ဒီထက် ကောင်းတဲ့ အစီအစဉ်လေးတွေ ကြိုးစားတင်သွားပါမယ်… 🙂
  3. war lwin says:
    very good site for me, thanks a lot for sharing my sis…
  4. Win Pa Pa says:
    ဒို့လည်း လာအားပေးသွားတယ်…..
  5. baby lay says:
    အမရေ…မုန်.လင်မယား အိုးလိုချင်နေပြီ…….how??
  6. babylay says:
    Wutyee ‘s မုန်.လင်မယား အိုး လိုချင်နေတာ…..:)
    • chowutyee says:
  7. babylay says:
    Wutyee ‘s မုန်.လင်မယား အိုး လိုမျိုးလိုချင်နေတာ…..:)
  8. royal-myat says:
    very nice !!! i want to cook like u !!! but i don’t have time becoz i’m doing work … how can i do????
    ma wut yee.
    • chowutyee says:
      အလုပ်အားရင်ပဲဖြစ်ဖြစ်၊ အားလပ်ရက်တွေ လုပ်စားကြည့်ပါနော်.. 🙂
  9. […] ပုဇွန် ကော်ပြန့် […]
  10. U than Tun says:
    Thank for your cooking method.
Leave a Reply
Your email address will not be published. Required fields are marked *