ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့
ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့
တရုတ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ ဟင်းပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်အဆင့်ကိုပါ သေသေချာချာ ဓာတ်ပုံနဲ့ တကွ တင်ပေးထားတဲ့ အတွက် ချက်ပြုတ်ရမှာ လွယ်ကူမှာ ဖြစ်ပါတယ်။ အရသာကတော့ ကောင်းလား မမေးနဲ့ ချက်ကြည့်လိုက်ပါ၊ ကြိုက်သွားမှာ သေချာပါတယ်နော်…
ကြက်တောင်ပံ အစာသွပ် ပါဝင်သောပစ္စည်းများ
  • ကြက်တောင်ပံ – ၁၀ခု
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • မုန်လာဥနီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ဘိုစားပဲ – ၇ခု (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ခရုဆီ
  • ကြက်ဥ – ၁လုံး (ခလောက်ပါ)
  • ကြက်သား – ၂တုံး (နှုတ်နှုတ်စဉ်းပါ)
ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်
၁။ အရင်ဆုံး ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။
၂။ ပြီးလျှင် ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။
၃။ လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားမည်။
၎။ ထို့နောက် အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်ပါ။
၅။ အရိုးထုတ်ပြီးသား ကြက်တောင်ပံများကို ရရှိပါပြီ။
ကြက်တောင်ပံ အစာသွပ် ချက်ပြုတ်နည်း
၁။ ကြက်တောင်ပံများကို  (ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ပဲငံပြာရည်အနောက်၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခရုဆီဲ(စားပွဲတင်ဇွန်း ၁ဇွန်း) ) ထည့်ရောနုယ်ပေးပါ။
၂။ အစာသွပ်ရန်အတွက် နှုတ်နှုတ်စဉ်းထားသော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ မုန်လာဥနီ၊ ပြောင်းဖူသေး၊ ကြက်သား (စားပွဲတင်ဇွန်း ၆ဇွန်း))၊ ဂျုံ (စားပွဲတင်ဇွန်း တ၀က်)၊ ကြက်ဥ (တ၀က် ခလောက်)၊ နှမ်းဆီ (၃စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) အားလုံးကို သမအောင် ရောနုယ်ပေးပြီ ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပေးပါ။
၎။ ထို့နောက် ကြက်တောင်ပံများ အတွင်းသို့ အစာသွပ်ရန် ရောနုယ်ထားသော ဟင်းသီးဟင်းရွက်များဖြင့် အစာသွပ်ပေးပါ။
၅။ ပြီးလျှင် အစာသွပ်ပြီးသော ကြက်တောင်ပံများကို ပေါင်းအိုးထဲထည့်၍ ၁၀မိနစ်ခန့်ပေါင်းပေးပါ။
၆။ ပေါင်းပြီးလျှင် ကြက်တောင်ပံ များကို ဂျုံကပ်လိုက်ပါ။
ရ။ ဒယ်ထဲ (သို့) ဆီကြော်အိုးထဲ ဆီများများထည့်၍ ကြက်တောင်ပံများ အညှိရောင်သန်းလာသည်အထိ နှစ်ကြော်ပေးပါ။
၈။ ကြက်တောင်ပံ အစာသွပ် ရပြီးဆိုလျှင် ဂျင်းဆော့ကို စတင် ချက်ပြုတ်ရပါမည်။
ဂျင်းဆော့ ချက်ပြုတ်နည်း
၁။ ဂျင်း(စားပွဲတင်ဇွန်း ၁ဇွန်း) ကို ပါးပါးလှီးပြီ ကြက်သွန်ဖြူ(၂မွှာ) ကို နှုတ်နှုတ်ဆင်းပါ။
၂။ ပြီးလျှင် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်းများကို ဆီသပ်ပါ။
၃။ ထို့နောက် ရေ(သို့) ကြက်ပြုတ်ရည် (လက်ဖက်ရည်ပန်းကန်လုံး ၁လုံး) စာထည့်လိုက်ပါ။
၎။ အရသာအပေါ့ အငံ့အတွက် ဒယ်ထဲသို့ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တ၀က်)၊ သကြား(စားပွဲတင်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်လိုက်ပါ။
၅။ ကြက်သွန်မြိတ် ဖြူးပေးပြီ ကော်မှုန့်(စားပွဲတင်ဇွန်း တ၀က်)ကို ရေဖြင့် ဖျော်ပြီး လောင်းထည့်လိုက်ပါ။
ရ။ ရလာသော ဂျင်းဆော့ရည်များကို ကြက်တောင်ပံအစားသွပ် ပန်းကန်ပေါ်သို့ လောင်းချလိုက်ပါ။
၈။ ထမင်းပူပူလေးနဲ့ ဟိုတယ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ကို တွဲဖက် စားသုံးနိုင်ပါပြီ။
46 comments
  1. hmone says:
    yummy….i really wanna eat new styl of these dishes…i miss urs foods a hint a hint…will try again…to sucess 😉
  2. နွေးနေခြည် says:
    ငရီ.. ကြက်တောင်ပံအရိုးထုတ်ပုံကို အခုလို ပြထားတာ ကျေးဇူး။ ဒါလည်း ပညာပါတယ်။ တော်လိုက်တာ နာ့သယ်ရင်းလေးက
    • chowutyee says:
      ဟီးဟီး… အဲဒါလောက် ပြောတော့ ပြန်လာရင် လုပ်ကျွေးပါမယ် သယ်ရင်းရယ်.. 🙂
  3. Evy says:
    ကောင်းလိုက်တာဝတ်ရည်ရေ ။ စိတ်ရှည်လက်ရှည် ရှင်းထားတာကျေးဇူး။
    • chowutyee says:
  4. စားချင်တယ်..
    စားချင်တယ်..
    လုပ်တော့စားချင်တယ် ကြက်တောင်ပံခွာရမှာ နည်းနည်းပျင်းသလိုဘဲ..
    တစ်ရက်လောက်ဝတ်ရည်လက်ရာ စားချင်သေးတယ်..
    ကျွေးမှာလားး)
    • chowutyee says:
      မချောရေ…. ဂျူးလိယက် ၀တ္တုရေးလိုက်၊ ဟင်းချက်လိုက်နဲ့ အားကို မအားပါဘူး.. မချောစားချင် ဂျူးလက်လက်ရာကို အစွမ်းပြချင်ပါသေးတယ်.. 🙂
  5. Tinna says:
    Thank you so much for teaching me,
    Tinna
  6. Haymar says:
    ကြက်တောင်ပံအဆာသွပ်ကတော့ ရှယ်ပဲ။ နောက် ကြက်ခြေထောက် အဆာသွပ် လုပ်နည်းလည်း အဲလို အဆင့်ဆင့်ရေးပေးပါအုံးနော်… ဟီးဟီး (ကြက်တောင်ပံ အရိုးထုတ်နည်းသိသွားလို့ အပျော်လွန်ပြီးနောက်တာပါ) 😀
  7. soemyintaung says:
    i am very interested ur web site, but cannot read, all are square, please help me, how to do.
  8. leo says:
    ကြက်တောင်ပံ အရိုးထုတ်နည်းလေး သင်ယူသွားပါတယ်။ ကျေးဇူးပါ။
  9. KNSL says:
    တော်လိုက်တာ အရမ်းပဲ
    နည်းယူသွားပါတယ်
    ခုကစပြီးလာလာရှုပ်ခွင့်ပြုနော်
    😀
  10. KTC says:
    Thanks so much!!!
  11. ထားထား says:
    မ၀တ်ရည်ရေ.အရိုးထုတ်နည်းကို ရှင်းရှင်းလင်းလင်းဖော်ပြပေးလို့ ကျေးဇူးပါ. မ၀တ်ရည် ချက်နည်းပညာလေးတွေကို အတုခိုးပီး ထားထား မနေ့က လုပ်စားဖြစ်တယ်.. သိပ်ကောင်းတဲ့အရသာဘဲ.. ကျေးဇူးပါနော့်.. 🙂
  12. Hla Yamin Khine says:
  13. moe says:
    today is very lucky for me ,before why I didn’t know this site . I don’t want sleep until 1:am so I go and visit to many site ,I really wanna eat and cook new style ,I want to know how to do take off bone from chicken wins, long time already.thanks alot I relly try to cook tomorrow ,
    • chowutyee says:
      ကြက်တောင်ပံ ဟင်းကိုချက်ကြည့်ပါ.. အရမ်း စားလို့ကောင်းပါတယ်.. နောက်ဟင်းတွေလည်း ချက်ကြည့်ပါအုန်းနော်.. 😉
  14. moe says:
    Hi ….I really ,really thanks to you, very delicious .you are so smart .tomorrow I will try to cook pork ribs. I think so may be alliter defierrent t because of hear can not by fresh , all frozen meet ,anyway I will try, thank you very mush for teaching .
  15. thida says:
    ရှင်းပြတာ ကောင်းပါတယ်။ အရိုးထုတ်ပုံလေးကို ဗီဒီယို ဖိုင်လေးနဲ့ တင်ရင် ပိုကောင်းမယ် ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မက နည်းနည်း ဝေး လို့ပါ။ ကြည့်ရုံနဲ့ လုပ်တတ်ဘူး။
    • chowutyee says:
      အင်တာနက် ဒီထက် ပိုမြန်လာရင်တော့ ၀တ်ရည်လည်း ဗီဒီယိုဖိုင်လေးတွေပါ တွဲတင်ဖို့ စိတ်ကူးရှိပါတယ်.. ဒါပေမယ့် ရန်ကုန်အင်တာနက်က သိတဲ့အတိုင်း အရမ်းနှေးတော့ အဆင်မပြေလို့ပါ.. 😛
  16. Shar says:
    Do you have explaination with English?? If you have, please give the website address.
    I like this website.
  17. Shar says:
    Do you have explaination with English? If you have, please give me your website. I like your meals. i wanna teach from you.
  18. nilar says:
  19. Kim Na Na says:
    ခုလို အသေးစိတ် ရှင်းလင်းစွာ ဖေါ်ပြပေးလို့ ကျေးဇူးတင်ပါတယ်
    နောက်လည်း ဒီထက်မက တိုးတက်ပါစေလို့  ဆန္ဒပြုလိုက်ပါတယ်။
  20. Kim Na Na says:
    ကျေးဇူးတင်ပါတယ်။
  21. Kim Na Na says:
    ဒီနေ့ပဲကြက်တောင်ပံအစာသွပ်ဟင်း
    ချက်စားတယ် တော်တော်လေးကို ကောင်း
    ပါတယ် ကျေးဇူးနော်
  22. နှင်း says:
    ကျေးဇူးလဲတင်တယ်
  23. နှင်း says:
    အရမ်းတော်တယ်နော်
  24. Hay Mumm says:
    ကြက်တောင်ပံ အရိုးထုတ်တာ ကြည့်တော့သာလွယ်တာ တကယ်လုပ်ကြည့်တော့တော်တော် ခက်တာပဲ၊
    လက်တွေလည်း ဓါးနှစ်ခါလောက်ထိတယ် ရဘူး
  25. susu says:
    အမစာအုပ်​အားလုံးကိုအား​ပေးပါတယ်​အမကxiao၇ဲ့ဆ၇ာတစ်​ဆူပါအမကြက်​ဗယာ​ကျော်​လုပ်​နည်းသိချင်​ပါတယ်​ ပြင်​ဦးလွင်​​ဈေး​လေ့းကအ​ရှေလးအေ၇ှ့က၀ဆန်​ပြုတ်​ မှို​ပေါင်းမာလာငါး​ပေါင်းအ၇ည်​မ၆ာတဲ့လုပ်​နည်းလုပ်​တက်​ချင်​ပါတယ်
    • admin says:
      ကျေးဇူး အများကြီးတင်ပါတယ် sis.. ၀တ်ရည် ကြိုးစားပြီ တင်ပေးပါ့မယ်.. 🙂
  26. Thida Aye says:
    Good par wut yee i comming you
    Where are you
Leave a Reply
Your email address will not be published. Required fields are marked *