Pasta and Tuna Nicosie Salad (ပါစတာနှင့် တူနာ ဆလတ်သုတ်)

Pasta and Tuna Nicosie Salad (ပါစတာနှင့် တူနာ ဆလတ်သုတ်)

ဒီဆလတ်သုတ်လေးက ပြစ်သစ် စတိုင် ချက်နည်းလေးပါ။ အနောက်တိုင်း ချက်ပြုတ်နည်း စာအုပ်မှာ တွေ့တာနဲ့ ချက်ဖြစ်လို့ တင်လိုက်တာပါ။ ၀တ်ရည်ကတော့ ပါစတာလည်း ကြိုက်၊ တူနာငါး ဆိုလည်းကြိုက်တာမို့ နှစ်ချိုင့်ပါတယ်။ အရသာကတော့ ဗီနီဂါပါလို့ ချဉ်ပြုံးပြုံးအရသာလေးနဲ့ သံလွင်ဆီနံ့လေးကတော့ သင်းနေပါတယ်။ ပါစတာချစ်သူတွေ ကြိုက်နှစ်သက်မယ့် ဆလတ်သုတ်လေးပါ။ လုပ်စားကြည့်ရအောင်….

ပါဝင်သော ပစ္စည်းများ (၃ယောက်စာ)

၁။ တူနာငါး – ၁ဗူး (Ready တူနာဆီသွပ်ဗူး)

၂။ ဘိုစားပဲ – ၁၀ခု (အစောင်းရှည်လေးများ လှီးပေးပါ)

၃။ မုန်လာဥနီ – ၁ဥ (အစောင်းရှည်လေးများ လှီးပေးပါ)

၎။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပေးပါ)

၅။ သံလွင်ဆီ (olive oil) – စားပွဲတင်ဇွန်း ၈ဇွန်း

၆။ ဗီနီဂါ – စားပွဲတင်ဇွန်း ၂ဇွန်း

ရ။ Dijon mustard – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၉။ Tarragon (or) Thyme (or) Oregano – အနည်းငယ် (အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင်)

၁၀။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၁၁။ ငရုတ်ကောင်းမှုန့် – အနည်းငယ်

၁၂။ ပါစတာ – ၄၀၀ဂရမ်

ချက်ပြုတ်နည်း

၁။ ဒယ်အိုး တစ်ခုထဲ ရေနွေးပွက်ပွက်ဆူလာလျှင် ပါစတာများကို ထည့်ပြီ ၈မိနစ်ခန့် ပြုတ်ထားပေးပါ။ ပြီးလျှင် ပါစတာများကို ဇကာဖြင့် စစ်ပြီ ရေအေး စိမ်ထားပေးပါ။

၂။ ထို့နောက် ဘိုစားပဲ၊ မုန်လာဥနီ ရေနွေးဖျော်ရန်အတွက် ဒယ်အိုးတစ်ခုထဲ ရေနွေးပွက်ပွက်ဆူလျှင် ထည့်ပြီ ၃မိနစ်ခန့် ပြုတ်ထားပေးပါ။ ပြီးနောက် ဘိုစားပဲ၊ မုန်လာဥနီကို ဆယ်၍ ရေအေးထဲ စိမ်ထားပေးပါ။

၃။ ဒယ်ထဲ သံလွင်ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး တူနာငါးများကို မိနစ်အနည်းငယ်ကြာမွှေပေးပါ။

၎။ ဆော့လုပ်ရန် ဇောက်ခွက်တစ်ခုထဲသို့ (သံလွင်ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း)၊ ဗီနီဂါ၊ mustard၊ ကြက်သွန်ဖြူ၊ ဆား၊ငရုတ်ကောင်းမှုန့်) အားလုံးကို သမအောင် ရောမွှေလိုက်လျှင် ဆော့ရည်ရပါပြီ။

၅။ ဆလတ်သုတ်ကို စသုတ်လို့ ရပါပြီ။ ဆလတ်သုတ်ရန် ဇောက်ခွက် တစ်ခုအတွင်း (ပါစတာ၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ တူနာငါး၊ ဆော့ရည်၊ ဟင်းခတ် အမွှေးအကြိုင်) အားလုံးကို သမအောင်နုယ်လိုက်ပါ။

၆။ စားချင်စဖွယ် ပါစတာနှင့် တူနာငါး ဆလတ်သုတ်ကို ရရှိပါသည်။ အချိန်တိုတွင်း လုပ်စားနိုင်သော ဆလတ်ဖြစ်တာမို့ လူကြိုက်များပါသည်။

5 comments

  1. hmone says:

    i m thinking to eat light foods….so it should be one of my foods tonight 😉

  2. leo says:

    တပွဲဗျာ…။ pasta ကိုပြောင်းပေးပါ။ shell pasta လေးနဲ့။ tuna များများလေး။ မြန်မြန်ဗျိုးးးး ;P

  3. zawwin says:

    pasta style ဘယ်နှစ်မျိုးရှိလဲဗျ။

  4. zawwin says:

    basilikum (အီတလီပင်စိမ်း)ygn ဘယ်မှာဝယ်လို့ရမလဲ။

  5. […] July 26, 2010 Pasta and Tuna Nicosie Salad (ပါစတာနှင့် တူနာ ဆလတ်သုတ်) […]

Leave a Reply

Your email address will not be published. Required fields are marked *