ကြက်သား နှင့် မျှစ်ကြော်ဟင်း

ကြက်သား နှင့် မျှစ်ကြော်ဟင်း

တရုတ်စတိုင် ကြက်သားနှင့် မျှစ်ကြော်လေးပါ။  အချိန်တိုတိုအတွင်း ချက်စားနိုင်သည့် ဟင်းအသစ်အဆန်းလေးကို ချက်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကြက်သား (ရင်ဗုံသား) – ၂၀ ကျပ်သား (အရှည်လိုက်လေးများ လှီးပါ)
  • မျှစ် – ၅ကျပ်သား ( အရှည်လေးများ လှီးပါ)
  • မှိုခြောက်ပွင့် – ၃ခု (ရေနွေးဖြင့် နူးအောင် ၂မိနစ်ခန့် ပြုတ်ပြီး အတုံးလေးများ တုံးပါ)

  • သခွာသီး – ၁ခု ( တစ်ဝက်ဝက်ပြီ အ၀ိုင်း ပါးပါးလေးများ လှီးပါ)
  • ငုန်းဥ – ၅လုံး (ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
  • Five spices powder (တရုတ် ဟင်းခတ်အမွှေးအကြိုင်) – လက်ဖက်ရည်ဇွန်း တ၀က် (CityMart ဆိုင်မှာ ၀ယ်ယူနိုင်ပါသည်)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ မှိုခြောက်တုံးလေးများကို ထည့်ပြီ ၁မိနစ်ခန့် မွှေပေးပါ။

၂။ ပြီးလျှင် ကြက်သားများကို ထည့်ပြီ ရောမွှေလိုက်ပါ။

၃။ ထို့နောက် အရသာ အပေါ့အငံ့အတွက် ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ နှမ်းဆီ၊ Five spices powder၊ ဆား တို့ကို ထည့်ပြီး ရောမွှေပေးပါ။

၎။ ကြက်ပြုတ်ရည် (သို့) ရေ (လက်ဖက်ရည် ပန်းကန်လုံး ၁လုံး)ကို ဒယ်ထဲထည့်ပြီ ကြက်သားနူးအောင်ထိ တည်ထားပေးပါ။

၎။ ပြီးမှ မျှစ်၊ ငုန်းဥ နှင့် သခွာသီး များကို ထည့်ပြီး ၁မိနစ်ခန့် ထပ်ရောမွှေလိုက်ပါ။

၅။ အရသာ ထူးကဲသော တရုတ်စတိုင် ကြက်သားနှင့် မျှစ်ကြော်ကို ထမင်းပူပူလေးဖြင့် စားသုံးနိုင်ပါပြီ…

14 comments

  1. ငယ်လေး says:

    စားချင်စရာကြီး…. ချက်စားကြည့်အုန်းမှပဲ.. ကျေးဇူးပဲ မ၀တ်ရည်ရေ…..

  2. hmone says:

    a htoo a san lay par lar good kha lae cook kyi own mal

  3. moe says:

    thanks alot .I really intersting your post.I will try to cook

  4. leopard says:

    အဲ့လိုမျိုး မျှစ် ကြော် မစားရတာ ကြာပြီဗျိုးးး။ ဂလု..း)

  5. nini says:

    ချက်စားကြည့်မယ်နော်
    ဟင်းသစ်တင်တိုင်းလဲပို့ ပါနော်

  6. shin htwe saw says:

    စားချင်လာပြီ။ချက်ကြည့်ဦးမှ။

    • admin says:

      ဟုတ်ကဲ့ ချက်စားကြည့်ပါ… အရမ်းစားကောင်းပါတယ်..

  7. lyn says:

    thank u so much ah ma

Leave a Reply

Your email address will not be published. Required fields are marked *