အိန္ဒိယစတိုင် ဆိတ်သား နှင့် ငရုတ်ပွ ဟင်း

အိန္ဒိယစတိုင် ဆိတ်သား နှင့် ငရုတ်ပွ ဟင်း

အိန္ဒိယစတိုင် ဆိတ်သားနှင့် ငရုတ်ပွဟင်းက အရမ်းကောင်းမွန်ပြီ စားပြီတာတောင် လျှာပေါ်မျာ အရသာစွဲကျန်ရစ်ခဲ့ သည့်ဟင်းမျိုးပါ။ ငရုတ်သီးပွ အစိမ်းပုလေးတွေပါလို့လည်း ဆိတ်သားဟင်းက ပိုလို့ အရသာထူးခြားနေခြင်း ဖြစ်ပါတယ်။ မနေ့က ချက်စားတာ မိသားစုတွေ ကြိုက်လွန်းလို့ ဝေစုတောင် မတည့်ကြဘူးလေ။ တကယ်ကောင်းတာမို့ ချက်နည်းလေးပါ ဝေမျှလိုက်ပါတယ်။ ချက်စားကြည့်ဖို့ မမေ့ကြနဲ့နော်….

ဟင်းချက်ရန် ပါဝင်သောပစ္စည်းများ

၁။ ဆိတ်သား (mutton)- ၄၀ ကျပ်သား (အနေတော် အတုံးလေးများ  တုံးလိုက်ပါ)

၂။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

၃။ ဇီယာ (cumin) – လက်ဖက်ရည်ဇွန်း ၂ဇွန်း (City Mart တွင် ၀ယ်နိုင်သည်)

၎။ ငရုတ်သီးစိမ်းပွပု (Green Chilies) – ၆ခု (အလယ်မှ တစ်ဝက်ဝက်ပြီ အစေ့ထုတ်လိုက်ပါ)

၅။ မန်ကျည်းအနှစ် – စားပွဲတင်ဇွန်း ၂ဇွန်း

၆။ မြန်မာနံနံပင် – ၁စည်း ( ပါးပါးလှီးထားပါ)

ဆိတ်သားကို နုပ်ထားရန် ပါဝင်သောပစ္စည်းများ

၁။ ဆနွင်းမှုန့် (turmeric powder) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၂။ စမုန်စပါးစေ့ (fennel seed) – လက်ဖက်ရည်ဇွန်း ၁ဇွန်း (CityMart တွင်ဝယ်နိုင်သည်)

၃။ မာဆလာ (masala) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၎။ ဘိန်းစေ့ (white poppy seed) – စားပွဲတင်ဇွန်း ၁ဇွန်း (CityMart တွင်ဝယ်နိုင်သည်)

၅။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

၆။ ကြက်သွန်ဖြူ – ၄ခု (ညက်အောင်ထောင်းထားပေးပါ)

၇။ ကြက်သွန်နီ – ဥကြီး ၁ဥ (နှုတ်နှုတ်ဆင်းပါ)

၈။ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်ဆင်းပါ)

၉။ ခရမ်းချဉ်သီး – ၂လုံး ( နှုတ်နှုတ်ဆင်းပါ)

ဆိတ်သား နုပ်ထားရန် ပြုလုပ်ပုံ အဆင့်အဆင့်

၁။ ဆိတ်သား နုပ်ရန် ပါဝင်သောပစ္စည်းများ (ဆနွင်းမှုန့်၊ စမုန်စပါး၊ မာဆလာ၊ ဘိန်းစေ့၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး) အားလုံးတို့ကို ခွက်တစ်ခုထဲထည့်ပြီး ရောမွှေလိုက်ပါ။

၂။ ထို့နောက် ရောမွှေထားသော ဆိတ်သား နုပ်ရန် ပစ္စည်းများ အားလုံးကို Blander ထဲထည့်၍ ရေ(လက်ဖက်ရည် ပန်းကန်လုံး ၁လုံး) ထည့်ပြီ ၁မိနစ်ခန့် ရောကြိတ်လိုက်ပါ။

၃။ ရောမွှေကြိတ်ထားသော အရည်များဖြင့် ဆိတ်သားများကို သမအောင် နုယ်ထားပြီ ရေခဲသေတ္တာထဲ ထည့်၍ ၂နာရီခန့် နုပ်ထားပေးပါ။

၎။ ဆိတ်သားများကို ၂နာရီ နုပ်ထားပြီးလျှင် ရေခဲသေတ္တာထဲမှ ပြန်ထုတ်ထားလိုက်ပါ။

ဆိတ်သား ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ဆီပူလာလျှင် ဇီယာ(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ပြီး စက္ကန့်ဝက်မျှ မွှေပေးပါ။

၂။ ဇီယာများ အညှိရောင်သန်းလာလျှင် နုပ်ထားသော ဆိတ်သားများကို လောင်းထည့်လိုက်ပါ။

၃။ မီးအသင့်တင့် အနေထားဖြင့် ၁၀မိနစ်ခန့် မွှေပေးနေပါ။

၎။ ဆီပြန်လာလျှင် ရေ(၅၀၀မီတာ) ကိုဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။ မီးမျှင်မျှင်ဖြင့် ဆိတ်သားဟင်းအိုးကို အဖုံးအုပ်ထားပေးပြီ တည်ထားပေးပါ။

၅။ ဆိတ်သားအိုးတည်ထားစဉ် အတွင်း ငရုတ်ပွပုစိမ်းများကို ဒယ်ထဲ ဆီ(အနည်းငယ်) ထည့်ပြီ ၂မိနစ်ခန့် အနံ့မွှေးအောင် လှော်ပေးပါ။ ပြီးလျှင် ပြန်ဖယ်ထားပါ။

၆။ ဆိတ်သားအိုး ရေတစ်ခွက်လောက်ခန်းသွားလျှင် လှော်ထားသော ငရုတ်ပွပုစိမ်းများကို ထည့်လိုက်ပြီ အဖုံးဖွင်၍ မကြာမကြာ ရောမွှေပေးပါ။

ရ။ ရေခန်းခါနီးတွင် မန်ကျည်းနှစ်(စားပွဲတင်ဇွန်း ၂ဇွန်း)များကို ထည့်ပြီ အရသာအပေါ့အငံ့မြည်း၍ လိုအပ်ပါက ဆား(အနည်းငယ်) ထည့်ပေးပါ။

မှတ်ချက် ။ ။ ဆိတ်သား မနူးသေးလျှင် ရေထပ်ထည့်ပြီ ပြန်တည်ထားပါ။

၈။ ဆီပြန်လာလျှင် အပေါ်မှ နံနံပင်အုပ်၍ အရသာရှိသော အိန္ဒိယ ဆိတ်သားနှင့် ငရုတ်ပွဟင်းကို ထမင်း (သို့) ချာပတီ ဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ….

22 comments

  1. hmone says:

    bote sar loe tae top mal 🙁 ka luuu

    • chowutyee says:

      ငါအစ်မွှာလေး သနားပါတယ်… အစားမခံနဲ့နော်၊ ကျန်းမာရေး ဂရုစိုက်အုန်း.. 🙂

  2. meengelay says:

    Thanks for sharing 🙂

  3. Evy says:

    စားချင်စရာပဲ ၀တ်ရည်ရေ။

    • chowutyee says:

      ဟုတ်တယ် Ma Evy အားပေးသွားပါအုန်း။ တကယ်စားလို့ ကောင်းပါတယ်.. 🙂

  4. wai says:

    ချက်စားမယ်။ ကြိုက်တယ်။ ဒါပေမဲ့ ဝေနေတဲ့မြို့မှာကဆိတ်သားရှာလို့မရတော့ အမဲသားနဲ့ပဲ ချက်တော့မယ်။ ကျေးဇူး မ၀ည်ရည်

    • chowutyee says:

      ဝေရေ…. ဆိတ်သား ရှာလို့ မရရင် သိုးသားနဲ့ ချက်တာက ပိုအဆင်ပြေပါလိမ့်မယ်။ သိုးသားက ဆိတ်သားထက် အများကြီး ပိုနူးညံ့ပြီ ပိုလည်း စားလို့ ကောင်းပါတယ်။ ၀တ်ရည်က ရန်ကုန်မှာ သိုးသား ရှာမရလို့ ဆိတ်သားနဲ့ ချက်ရတာပါ.. 🙂

  5. mya says:

    hi ma wutyee
    thanks for sharing this recipes with lots of pictures! looks pretty good:)

    • chowutyee says:

      မမြ… သိုးသားနဲ့ ချက်စားလို့ စားလို့ ကောင်းပါတယ်။ အရမ်းစားလို့ ကောင်းလို့ အဆင်ပြေရင် လုပ်စားကြည့်ပါနော်.. ;P

  6. san san says:

    အရမ်းအရသာရှိမဲ့ပုံပါဘဲ။ တူအောင် ကြိုးစားပြီးချက်စားလိုက်ဦးမယ်။ ကျေးဇူးဘဲနော် ၀တ်ရည်

  7. ဖြိုး says:

    ကြိုက်တယ် အကုန်ချက်စားမယ်

    • chowutyee says:

      ဖြိုးရေ ချက်စားကြည့်ပါ.. ဒီအိန္ဒိယဟင်းက စားပြီရင် လျှာလည်သွားမှာ သေချာတယ်.. 😀

  8. အေးဖုန်းမြင့် says:

    စားချင်လိုက်တာ …
    ဝေးကွာခဲ့တာကြာရောပေါ့..

  9. Po Po says:

    မှိုအခြောက်ကြော်နည်းလေးတင်ပေးပါလား

  10. salai says:

    မချိုဝတ်ရည် ခင်ဗျာ၊မသိ လို့မေးပါရစေ၊ ဟင်းချက်ရန် ပါဝင်သောပစ္စည်းများ မှာ ဇီယာ (cumin) – လက်ဖက်ရည်ဇွန်း ၂ဇွန်း လို့ပါပြီး ဟင်းချက်တော့ ဇီယာ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထဲ သုံးထားတာ ကျန်၁ဇွန်းဘယ်ရောက်သွား
    လဲ ခင်ဗျ၊တကယ် မရှင်းလို့ပါ

    • admin says:

      မှားရေးမိတာ ဖြစ်ပါလိမ့်မယ်။ ၂ဇွန်းပဲ ထည့်ရမှာပါ..

  11. salai says:

    ဟုတ်ကဲ့ ရပါပြီ၊ကျေးဇူးပါ။

  12. Nang Seng Hong says:

    ၊ကျေးဇူးပါ… If you cook a new menu please teach us. I am enjoy to cook and stay in Japan. Do you have Facebook?

Leave a Reply

Your email address will not be published. Required fields are marked *