ကြက်ရင်ဗုံ အစားသွပ် နှင့် Salad သုတ်

ကြက်ရင်ဗုံ အစားသွပ် နှင့် Salad သုတ်

ဒါကတော့ ၀တ်ရည်ရဲ့ ညနေစာကြက်ရင်ဗုံ ၀က်သားပြား နှင့် ချိစ် အစားသွပ် ဖြစ်ပါတယ်။ ၀က်သားပြားအရသာရော၊ ချိစ်အရသာကြောင့် အရမ်းစားလို့ ကောင်းပါတယ်။ ဆလတ်သုတ်လေးနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။

ဝတ်ရည်အရင်က ကြက်ရင်ဗုံ ချိစ် အစားသွပ် လုပ်နည်း ကြက်ရင်ဗုံ ချိစ် အစာသွပ် နှင့် အားလူးခဲစက္ကူဖုတ် တင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကြက်ရင်ဗုံကို ခွဲပြီး အစားသွပ်တာ မဟုတ်ပဲ နောက်တစ်နည်းဖြင့် အစားသွပ်ပြီ ချက်ပြုတ်တာ အရသာ ပိုကောင်းတာမို့ ချက်နည်းကို ဝေမျှလိုက်ပါတယ်…

ကြက်ရင်ဗုံ အစာသွပ် ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၁ခု

၂။ ၀က်သားပြားခြောက်  – ၂ပြား

၃။ ချိစ် – ၁ပြား

၎။ ငရုတ်သီးမှုန့်(အချို) – လက်ဖက်ရည်ဇွန်း တ၀က်

၅။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံ ၁ပုံ

၆။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ

၇။ Thyme (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် တမျိုး) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကြက်ရင်ဗုံ ချိစ် အစာသွပ် ချက်ပြုတ်နည်း

၁။ ကြက်ရင်ဗုံသားကို Plastic Wraper (ပလက်စတစ် စက္ကူ) ဖြင့်အုပ်ပြီး အသားထုတဲ့ (Hammer) ဖြင့်အသားပြား ညီသွားအောင် ထုပေးပါ။ ( အသားပြား မပေါက်ပြဲ စေပါနှင့်)

၂။ ပြီးလျှင် ၀က်သားပြား နှင့် ချိစ်ပြားကို ကြက်ရင်ဗုံအသားပြားပေါ်တင်၍  အစာသွပ်လိုက်ပြီ ကြက်ရင်ဗုံအသားဖြင့် လိမ့်လိုက်ပါ။

၃။ ဟနေသော ကြက်ရင်ဗုံ ဘေးနှစ်ဖက်ကို သွားကြားထိုးသံများဖြင့် ပြန်ပိတ်လိုက်ပါ။

၎။ ထို့နောက် အစာသွပ်ထားသော ကြက်ရင်ဗုံကို ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီအနည်းငယ် ထည့်ရောနယ်ပေးပါ။ ပြီးမှ Thyme ကိုအပေါ်မှ ဖြူးပေးပါ။

၎။ ဒယ်ပြား (Non-stick pan) ထဲ နုယ်ထားသော ကြက်ရင်ဗုံကို ထည့်ပြီး မီးနည်းနည်းဖြင့် ညှပ်ဖြင့် အပေါ်အောက်လှန်ပြီး အရောင်ရသည်အထိ ကင်ပေးပါ။

၅။ ပြီးမှ ကင်ထားသော ကြက်ရင်ဗုံကို Oven ဖြင့် ၂၀၀ဒီဂရီဖြင့် ၁၅မိနစ်ခန့် ထပ်ကင်ပေးပါ။

၆။ ကင်ထားသော ကြက်ရင်ဗုံကို oven ထဲမှ ပြန်ထုတ်ပြီ သွားကြားထိုးတံများကို ပြန် ဖယ်ထုတ်လိုက်ပါ။

ရ။ ထို့နောက် ဓားဖြင့် အ၀ိုင်းထူထူလေးများ လှီးပေးလိုက်ပါ။

၇။ ကြက်ရင်ဗုံ ၀က်သားပြား နှင့် ချိစ် အစားသွပ်ကို ဆလတ်သုတ်ဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။

၈။ ဆလတ်သုတ် လုပ်နည်းကို ဒီ link တွင် Thousand Island Dressing ကြည့်ရှုနိုင်ပါသည်။

10 comments

  1. hmone says:

    mike hal gyi lar….good share bae hee 😉

  2. chowutyee says:

    ကိုယ်က အဝေးရောက်နေလို့ ငါမှာ ဟင်းချက်တိုင်း ငါအစ်မွှာလေးကို သတိရနေတာ ကျွေးချင်လွန်းလို့.. 🙁

  3. ချော says:

    တကယ့်ကို စားချင်စရာ
    အရသာလဲ သိပ်ကောင်းမယ်ဆိုတာ သံသယမရှိပါဘူး…
    မြင်ယုံနဲ့ သိလိုက်ပါပြီ… စားကြည့်ချင်တယ်..

  4. yupar says:

    ငရုတ်သီးမှုန့်(အချို) ဆိုတာ ဘာလဲ ဟင် ?

    • chowutyee says:

      Yupar ရေ ငရုတ်သီးမှုန့်(အချို) ဆိုတာ ရိုးရိုး ငရုတ်သီးမှုန့်ကို ပြောတာပါပဲ… ဒါပေမယ့် တချို့ ငရုတ်သီးမှုန့်တွေက အရမ်းစပ်တာမို့.. အချိုဆိုရင် ပိုကောင်းပါတယ်… 🙂

  5. kyaw khine says:

    sauce မပါတော့ဘူးလား စားရမှာ ခြောက်ကပ်နေသလားလို့ပါ ။ မ၀တ်ရည် ဥပမာ- lemon cheese sauce, port wine sauce, ပေါ့ ၊ ငရုတ်ချိုဆိုတာ paprika powder ကို ဆိုလိုတာလား ။ ကျွန်တော်တော့ အဲလိုထင်တယ် ။ မှန် လား ။ တင်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    • chowutyee says:

      ဟုတ်ကဲ့ Paprika powder ကိုပြောတာပါ။ ဟုတ်ကဲပ ဆော့လုပ်နည်းလေးပါ ထည့်ပေးချင်ပါတယ်။ ဒါပေမယ့် လုပ်ရမှတွေ အရမ်းများသွားရင် မလုပ်စားချင်တော့မှာမို့။ မထည့်ပေးထားတာပါ.. Thanks

Leave a Reply

Your email address will not be published. Required fields are marked *