ပန်းသေးခေါက်ဆွဲကြော်

ပန်းသေးခေါက်ဆွဲကြော်

ပန်းသေးခေါက်ဆွဲကို အိမ်မှာ လုပ်စားနိုင်အောင် ချက်နည်းပါ တစ်ခါထဲ မျှဝေပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ

၁။ ကြက်ဥခေါက်ဆွဲခြောက် – ၃၀ ကျပ်သား (ရေနွေး ၃မိနစ်ခန့် ဖျော်ထားပေးပါ)

၂။ ကြက်ရင်ဗုံသား- ၁၅ကျပ်သား (အတုံး လေးများ တုံးပေးပါ)

၃။ ဂေါ်ဖီထုပ် – တစ်စိတ် ( အရွယ်အနေတော် လှီးပါ)

၎။ မုန်လာဥနီ – ၂ဥ (အရှည်လေးများ လှီးပါ)

၅။ တရုတ်နံနံပင် – ၁စည်း (ပါးပါးလှီးပါ)

၆။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တ၀က်

ရ။ ပဲငံပြာရည် (အနောက်) – စားပွဲတင်ဇွန်း တ၀က်

၈။ ကြက်သွန်နီ – တ၀က် (ပါးပါးလှီးပါ)

၉။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၁၀။ မာဆာလာ – လက်ဖက်ရည်ဇွန်း တ၀က်

၁၁။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၂။ ငရုတ်ကောင်းမှုန့် – အနည်းငယ်

၁၃။ ကြက်ဥ – ၂လုံး (ဆား(လက်ဖက်ရည်ဇွန်းတ၀က်) ထည့်ပြီ ခလောက်ထားပါ)

ပြင်ဆင်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ များကို ဆီပူထိုးပေးပါ။

၂။ ပြီးလျှင် ကြက်သားများကို ထည့်ပြီ အရောင်ပြောင်းလာသည် အထိ မိနစ် အနည်းငယ် မွှေပေးပါ။

၃။ နောက်မှ ပဲငံပြာရည်(စားပွဲတင်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ) ထည့်၍ ရောမွှေလိုက်ပါ။

၎။ ကြက်သားနူးအိရန် ရေ(လက်ဖက်ရည် ပန်းကန်လုံး ၁လုံး) ထည့်ပြီ ရောမွှေလိုက်ပါ။

၅။ ကြက်သား ရေနည်းနည်း ခန်းလာလျှင် မာဆာလာ(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်လိုက်ပါ။

၆။ ဟင်းအနှစ်မခန်းခင် မီးပိတ်၍ ကြက်သားများကို ပန်းကန်တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။

၆။ ထို့နောက် ခလောက်ထားသော ကြက်ဥများကို ဒယ်ထဲ ဆီပူလာလျှင် ထည့်၍ ကြော်ပြီ ပြန်ဖယ်ထားပေးပါ။

ချက်ပြုတ်နည်း

၁။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်နီထည့်ပြီ ဆီသပ်လိုက်ပါ။

၂။ ထို့နောက်  မုန်လာဥနီ၊ ဂေါ်ဖီထုပ် ထည့်ပြီ ရောမွှေလိုက်ပါ။

၃။ နောက် ရေနွေးဖျောထားသော ခေါက်ဆွဲများကို ထည့်လိုက်ပြီ မွှေလိုက်ပါ။

၎။ ပြီးနောက် ရေ(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ပဲငံပြာရည်အနောက်(စားပွဲတင်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်) ထည့်၍ ရောမွှေလိုက်ပါ။

၅။ ပြီးလျှင် ဖယ်ထားသော ကြက်သားများကို ထည့်ရောမွှေလိုက်ပါ။

၆။ နောက်ဆုံးမှ တရုတ်နံနံပင် အုပ်လိုက်ပါ။ ပြီးလျှင် ကြော်ထားသော ကြက်ဥကြော်ကို အပေါ်မှ တင်လိုက်ပါ။

၆။ အရသာကောင်းမွန်သော ပန်းသေးခေါက်ဆွဲကြော်ကို နှစ်သက်လျှင် သံပရာသီး၊ ငရုတ်သီးမှုန့် ဖြူး၍ စားသုံးနိုင်ပါပြီ….

13 comments

  1. hmone says:

    one of my favourite foods….love it….will try to make when i can breath air from work stress 😐

  2. lyk says:

    အိမ်မှာကြော်စားမယ် ..

  3. ငယ်လေး says:

    လုပ်စားကြည့်အုန်းမယ်…. ဟီး.. စိတ်သားနဲ့ဆို ပိုကောင်းမယ်နော်…. သွားရည်ယိုလာပြီ….

    ကျေးဇူး မ၀တ်ရည်ရေ………

  4. မယ်မဒီ says:

    ဒီနေ့ပဲ try လိုက်မယ်နော် ။
    ကျေဇူးပဲနော် မမ။

  5. fkthet says:

    စားခြင်နေတာကြာပြီ ဆိုင်မရှိတော့ အခုမှနည်းသိတယ် မလွဲမသွေချက်စားမယ်
    မနေ့ညက ထမနဲထိုးသေးတယ် အခုပို့လိုက်တယ်နော် ပရက်ရှာကွပ်ကားသုံးပြီး အမြန်ထိုးတလေ။ မနက်ဖန် ဘုန်းကြိးကျောင်းပို့မယ်။ သာဓုခေါ်ဦး ညီမလေး။
    ကျန်းမာချမ်းသာပါစေ
    အမကြီးသက်
    ရေဆင်း စိုက်/သုဦးစီး

    • chowutyee says:

      ဟုတ်ကဲ့ သာဓုပါ အမရယ်။ ၀တ်ရည်ကတော့ အိမ်မှာ ချက်ပဲ စားနေတာ များတယ်။ ဘုန်းကြီးကျောင်းကတော့ မွေးနေ့တို့၊ ဘာတို့ပဲ ချိုင့်ပို့ဖြစ်တယ်။ ခုမက ထမနဲထိုးပြီ ဘုန်းကြီးကျောင်းပို့တယ်ဆိုလို့ သာဓု အများကြီး ခေါ်ပါတယ်.. ကျေးဇူးပါ

  6. […] August 16, 2010 ပန်းသေးခေါက်ဆွဲကြော် […]

  7. Thant Zaw says:

    မဝတ်ရည်ရေ
    ကျေးဇူးပြုပြီး
    ပသျူးထမင်းကြော်ကြော်နည်းလေး
    တင်ပေးပါလားဗျာ။

  8. Honey Soenaing says:

    ပန်းသေးခေါက်ဆွဲ သမီး အရမ်းကြိုက်တာ

Leave a Reply

Your email address will not be published. Required fields are marked *