တရုတ်ထမင်းကြော် တမျိုး
တရုတ်ထမင်းကြော် တစ်မျိုး (၄ယောက်စာ)
ပါဝင်သော ပစ္စည်းများ
၁။ ချက်ပြီးသား ထမင်း (ဆန်၂လုံး)
၂။ ထီးမှိုခြောက်ပွင့် (အမဲ) – ၅ခု (၅မိနစ်ခန့် ပြုတ်ပေးပါ) (အတုံးသေးများတုံးပါ)
၃။ ဂျင်း – စားပွဲတင်ဇွန်း တ၀က် ( ထောင်းထားပါ)
၎။ ကြက်သား (ရင်ပုံသား) – ၁၅ကျပ်သား (အရေခွံ မပါ) (အတုံးသေးများတုံးပါ)
၅။ ဟင်းချက်ဝိုင် အဖြူ – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ တရုတ် ဟင်းခတ်အမှုန့် (Five-spice powder) [City Mart တွင်ရရှိနိုင်ပါသည်]
၇။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၃ဇွန်းခွဲ
၉။ နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ငရုတ်ကောင်းမှုန့်(အဖြူ) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၁။ ကြက်သွန်မြိတ်- ၂စည်း (နှုတ်နှုတ်စဉ်းပါ)
၁၂။ မြေပဲ – စားပွဲဇွန်း ၂ ဇွန်း
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ၃ဇွန်းထည့်ပြီး ဂျင်း၊ မှိုခြောက်ပွင့် ထည့်စက္ကန့် အနည်းငယ်မွှေပေးပါ။
၂။ ထို့နောက် ကြက်သား၊ ဟင်းချက်ဝိုင် အဖြူထည့် ၁မိနစ်ခန့်မွှေပေးပါ။
၃။ ပြီးလျှင် တရုတ်ဟင်းခတ်မှုန့် (Five-spice powder) (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ၊ ပဲငံပြာရည် အနောက် ထည့်ပေးပါ။
၎။ မြေပဲ ၊ ထမင်း ထည့်ကာ ၁မိနစ်ခန့် ရောမွေပါ။
၅။ ထို့နောက် နှမ်းဆီ၊ ပဲငံပြာရည် အကြည်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်ထည့် ရောမွှေပေးပါ။ အရသာ အပေါ့အငံမြည်းပြီး အဆင်သင့်စားသုံးနိုင်ပါပြီး။
၆။ အရသာထူးခြားပြီး အစားပြေ၊ မနက်စာ အဖြစ်စားသုံးနိုင်ပါသည်။
10 comments
  1. myintkt says:
    ဒီတရုပ်ထမင်းကြော်က ဒီကတရုပ်ဆိုင်တွေမှာ ရတဲ့ ထမင်းကြော်နဲ့ ပုံစံမတူတဲ့ အသစ်အစမ်းလေးပါ။ ကြော်ရတာလွယ်ပြီး၊ လုပ်စားကြည့်သူတွေ ကျေနပ်နိုင်မယ်ထင်ပါတယ်။
  2. hmone gyi says:
    wow it looks delicious and i will cook for christmas party…
  3. […] December 23, 2009 တရုတ်ထမင်းကြော် တမျိုး […]
  4.ဲJunelay says:
    အရမ်းကြိုက်တယ်မ လုပ်စားမယ် ဒါပေမဲ့ မြေပဲကမတည့်တော့ မထည့်စားရဘူးပေါ့ ဟွှန့်
  5. Junelay says:
    မမ၀တ်ရည် အမြဲအားပေးတယ် မမ၀ည်ရည်ကချစ်ဖို့လည်းကောင်းတယ် ^-6
    • admin says:
      အားပေးတယ်ဆိုလို့ ၀တ်ရည်ကလည်း အရမ်းကျေးဇူးတင်ပါတယ်
  6. linmintun says:
  7. khin thaw di mon says:
    very good . ဝတ်ရည်ရေကျေးဇူးနော် city mart မှာကြက်သားမှုန့်ဝယ်ရင်း ဝတ်ရည်ရဲ့ အုန်းထမင်းချက်နည်းစာအုပ်ရတယ် အဲဒီတော့မှဝတ်ရည် website ထဲမှာဟင်းချက်နည်းတွေကြည့်လို့ရမှန်းသိတာ အားတဲ့အချိန်တိုင်း ဝတ်ရည်ရဲ့ဟင်းချက်နည်းတွေကြည့်ဖြစ်နေတယ် လက်ဖက်ရည် ဇွန်းနဲ့ စားပွဲတင်ဇွန်းကို ခွဲမရဘူးဖြစ်နေတယ် ပြောပြပေးပါနော်
    • admin says:
      အားပေးတာ ကျေးဇူး တင်ပါတယ်နော် sis.. စားပွဲတင်ဇွန်း၊ လက်ဖက်ရည်ဇွန်း တိုင်းတဲ့ အတိုင်းအထွာလေးတွေ City Mart မှာ ရောင်းပါတယ် sis.. ခွဲရလွယ်အောင် ရိုးရိုး ဟင်းချိုသောက်တဲ့ ဇွန်းက စားပွဲတင်ဇွန်းပါ။ သူထပ်သေးပြီ လက်ဖက်ရည်ဖျော်တဲ့ဇွန်းက လက်ဖက်ရည်ဇွန်းပါ။ ခွဲရအောင်လွဝ်အောင် လို့ပါ.. 😀
Leave a Reply
Your email address will not be published. Required fields are marked *