အီကြာကွေ အစားသွပ်ကြော်
အီကြာကွေ အစားသွပ်ကြော်
ဒီ အီကြာကွေ အစားသွပ်ကြော်က ၀တ်ရည် ထွင်ထားသည့် ဟင်းသစ် တစ်မျိုးပါ။ မနေ့ညနေပိုင်း ညနေစာ အဖြစ် လုပ်စားတာ အိမ်သာ အားလုံး ကြိုက်နှစ်ကြတဲ့ ဟင်းသစ် တစ်မျိုးပါ။ အီကြာကွေ အစားသွပ်ကြော်က ကြွပ်ရွပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ ဒါကြောင့် လုပ်စားကြည့်ဖို့ မမေ့ကြနဲ့နော်…
အီကြာကွေ အစားသွပ်တွင် ပါဝင်သောပစ္စည်းများ
၁။ အီကြာကွေ – ၄ချောင်း (ပူးတွဲ မဟုတ်ပါ)
၂။ ကြက်သား(သို့) ၀က်သား – ၁၅ ကျပ်သား (နှုတ်နှုတ်ဆင်းထားပါ)
၃။ မှိုခြောက်ပွင့် – ၅ပွင့် (ပြုတ်ပြီ အတုံးသေးငယ်များ တုံးထားပေးပါ)
၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း၁ဇွန်း
၅။ ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၇။ သကြား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၈။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ နှမ်း – အနည်းငယ်
အီကြာကွေ အစားသွပ်ကြော် ချက်နည်း
၁။ နှုတ်နှုတ်စဉ်းထားသော ကြက်သား(သို့) ၀က်သားကို (ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ သကြား၊ နှမ်းဆီ) အားလုံးဖြင့် ခွက်တစ်ခုထဲ ရောနုယ်ထားပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ နုယ်ထားသော ကြက်သားများကို ထည့်လိုက်ပါ။
၃။ ဆီပြန်လာလျှင် အတုံးသေးများ တုံးထားသော (မှိုခြောက်) များကို ထည့်ပြီ ကြက်သားနူးစေရန်ေ၇( ဆန်ချိန်ခွက် ၃ပုံ၁ပုံ) ထည့်လိုက်ပါ။
၎။ နောက်တချိန် ဆီပြန်လာလျှင် အရသာအပေါ့အငံ့ မြည်း၍ ပန်းကန်တစ်ခုထဲ ပြန်ဖယ်ထားပါ။
၅။ အီကြာကွေ အစားသွပ်ပါတော့မည်။ အီကြာကွေ ၁ချောင်းကို တစ်ဝက်ဝက်၍ အစားသွပ်နိုင်ရန် အပေါက်ကို ကျယ်ကျယ်လုပ်ပြီ ချက်ထားသော ကြက်သားများကို အီကြာကွေ ထဲသို့ အစားသွပ်ပေးပါ။
၆။ ထိုနည်းအတိုင်း ကျန် အီကြာကွေများကို ဆက်လက် အစားသွပ်ပေးပါ။ ပြီးလျှင် အစားသွပ်ထားသည်များ ပြန်မထွက်စေရန် သွားကြာထိုးတံဖြင့် ပြန်ပိတ်ထားပေးပါ။
ရ။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်၍ ဆီပူလာလျှင် အီကြာကွေများကို စက္ကန့် ၃၀မျှ ကြွပ်ရွရုံ ထည့်ကြော်ပါ။ (မကြော်ခင် သွားကြထိုးတံများ ပြန်ဖြုတ်ခဲ့ပါ)
၈။ ကြော်ပြီးလျှင် အီကြာကွေ အစားသွပ်ကြော်များကို ၁လက်မအရွယ်လေးများ လှီးပေးပြီ အပေါ်မှ နှမ်းလေးများ ဖြူး၍ ထမင်းပူပူလေးဖြင့် မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ…
37 comments
  1. avocado says:
    လုပ်စားကြည့်မယ်
    ကျေးဇူး မ၀တ်ရည်
    နည်းမှတ်ထားတယ်
  2. Nandar says:
    Ma Wutyee,
    I just found out your website today from facebook. Thanks for sharing your skills and knowledges.
  3. ဟုတ်ပါ့ စားချင်စရာလေး
    ရှာရှာဖွေဖွေ တီထွင်ပြီး ချက်စားတတ်တယ်..
    ပျော်စရာကြီး
    • chowutyee says:
      ဟီးဟီး.. .မချော ၀တ်ရည်ဆိုင်ဖွင့်ရင်တော့ အရင်းပြုတ်မှာ သေချာတယ်… ဟင်းချက်ရင် ကောင်းပေ့မှ ချက်ချင်တာနဲ့ အမြတ်ကျန်မှာတောင် မဟုတ်ဘူး… မချောကို ကျေးဇူးပါ.. 😉
      • ၀တ်ရည်အောင် says:
        အီကြာကွေးအစာသွပ်အရမ်းကြိုက်တယ်။
        အိမ်မှာလုပ်စားကြည့်ဦးမယ်
  4. Aye says:
    Look very delicious..
  5. wai says:
    မ၀တ်ရည်ရယ် စားချင်လိုက်တာ။ but ဝေနေတဲ့မြို့မှာက အီကြာကွေးမရောင်းဘူး။ အီကြာကွေး လုပ်နည်းလေးသိရင် မျှဝေပါဦးနော်။ အဲဒါမှ ဝေ ဒီ recipe ကိုလုပ်စားဖြစ်မှာ။ ကျေးဇူးအထူး
    • chowutyee says:
      wai ရေ အီကြာလုပ်နည်း ရှာပြီ တင်ပေးလိုက်ပါတယ်… ဒါမှ ၀တ်ရည် အီကြာကွေ အစားသွပ်ကြော်ကို စမ်းလို့ ရအောင်ပါ.. 😛
      အီကြာကွေ အတွက် ပါဝင်သောပစ္စည်းများ
      ၁။ ဂျုံ ၂၀၀ – ဂရမ်
      ၂။ ဆိုဒါ (Baking soda) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
      ၃။ baking powder – လက်ဖက်ရည်ဇွန်း ၁ဇွန်း (Double action ဆိုရင် ပိုကောင်းပါတယ်)
      ၄။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
      ၅။ ရေ – ဆန်ချိန်ခွက် တ၀က်
      ၆။ ကောက်ညှင်းမှုန့် – အနည်းငယ်
      အီကြာကွေ ပြုလုပ်နည်း
      ၁။ အရင်ဆုံး ပါဝင်သောပစ္စည်းများ ဖြစ်သော ( ရေ၊ ဆား၊ ဆိုဒါ) တို့ကို ဇလုံ တစ်ခုထဲမှာ အရင်ခလောက်လိုက်ပါ။
      ၂။ ပြီမှ ဂျုံနှင့် baking powder ထည့်ပြီ သမအောင် နုယ်လိုက်ပါ။ (ဂျုံဒိုးသား မမာ၊ မပျော့ အနေထားမှာ ရှိ၇မည်)
      ၃။ ဂျုံဒိုးသား နူးညံ့သည်အထိ ရောနုယ်ပေးပါ။
      ၄။ ထို့နောက် ဂျုံဒိုးသားကို လေးထောက်အတုံး လုပ်၍ ဆီသုပ်ထားသော ပလပ်စတစ် ဖြင့်လေလုံအောင် ပတ်ထားလိုက်ပြီ ၄နာရီ ကြာအောင် နုပ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲ ထည့်၍ တစ်ညသိပ်လျှင် ပိုကောင်းသည်။
      ၅။ ၄နာရီ ထားပြီနောက် ဂျုံဒိုးကို ကောက်ညှင်းမှုန့်များ ဖြူးပေးပါ။
      ၆။ ပြီးလျှင် ဂျုံတုံးကို အပြားအရှည် ဖြစ်အောင် တလိမ့်တုံးဖြင့် လိမ့်လိုက်ပါ။
      ရ။ ပြီးမှ (၃”အရှည်အရွယ်) အပြား နှစ်ပြားလှီးလိုက်ပြီ ထပ်လိုက်ပါ။ အလယ်မှ တူဖြင့် အပြား နှစ်ပြားကပ်အောင် အနည်းငယ် ဖိလိုက်ပါ။
      ၈။ ဒယ်ထဲ ဆီ များများ ထည့်၍ ဆီပူလာမှ တူဖြင့် ဖိထားသော အပြားကို အီကြာကွေ အရွယ် အရှည် ဖြစ်အောင် လက်ဖြင့် ဆွဲ၍ ဆီပူကြော်အိုးထဲ ထည့်ကြော်လျှင် အီကြာကွေများ ဖောင်းတက်လာပါလိမ့်မည်….
      • wai says:
        🙂 🙂 :)ခုလို အီကြာကွေးလုပ်နည်း ပြောပြတာ ကျေးဇူးပဲနော် မ၀တ်ရည်။ နောက်နေ့ကျရင် အိမ်မှာလုပ်စားဦးမယ်။ မ၀တ်ရည်ကအရမ်းတော်တာပဲ။ 🙂 🙂
      • Thant Zin says:
        Hi Ma Wutyee
        Thank you for the recipe. I was looking for this recipe from Burmese website and accidently found it in this comment section.
        Could you put this as a separate recipe in your suitable section? I am sure it will be useful for many other visitors.
        I know the different quality between freshly made E-Kyar-Quay and the one from the shop.
        Many thanks.
        • admin says:
          ဟုတ်ကဲ့ သိပါတယ်။ ၀တ်ရည် အီကြာကွေ လုပ်နည်းကို အဆင့်ဆင့် ဓာတ်ပုံနဲ့ တင်ချင်လို့ တမင်ချန်ထားခဲ့တာပါ။ တင်မယ် တင်မယ်နဲ့ မတင်ဖြစ်လို့ပါ။ သတိတရနဲ့ အီကြာကွေလုပ်နည်း တင်ပေးပါ့မယ်.. ကျေးဇူးပါ
  6. brave says:
    အရမ်းကောင်းမယ့် ပုံပါပဲ မ၀တ်ရည်ရေ
    ဟင်းချက်တာလဲ အရမ်းတော်တာပါပဲ
  7. hmone says:
    wow nice thing..never eat that kind of things…yummy…
    • chowutyee says:
      မှုံကြီး ကိုယ်လုပ်စားကြည့် အရမ်းစားလို့ကောင်းတယ်… ဒါနဲ့ ကျော်ထက်လူ မွေးနေ့က ဘာလုပ်စားဖြစ်လဲ… 🙂
  8. Pearl Lin Phyu says:
    အရမ်းတော်တာပဲ မ၀တ်ရည်ရယ်… လုပ်စားကြည့်ဦးမယ်..
  9. uooswar says:
    မ၀တ်ရည်ရေ
    ကျေးဇူးအများကြီးတင်တယ်ဗျာ၊ တကယ်ပါ။
  10. Nandar says:
    WutYee Yay,
    Wutyee is 2 years younger than me.So,I will call U Wutyee from now onwards.Is that ok?
    By the way,I cook this food today.And it was Sooo nice.Will make it for my parents when I go back to Myanmar.Thank U again!!
  11. အီကြာကွေးကို ထပ်ကျော်တော့ ဆီတွေ ပိုများမလား မသိဝူးနော် ဝတ်ရည်..။
    အီလားမသိဝူး..။
    မှတ်ထားလိုက်တယ်ဝတ်ရည်ရေ..။
    • chowutyee says:
      မမြတ်မွန်… အီကြာကွေးကို ဆီအများကြီးနဲ့ ပြန်မကြော်ပါဘူး… ဆီနည်းနည်းလေးနဲ့ပဲ ကြွပ်သွားရုံပြန်ကြော်တာမို့ မအီပါဘူး. လုပ်စားကြည့်ပါအုန်း… 🙂
  12. wai says:
    🙂 🙂 :)ခုလို အီကြာကွေးလုပ်နည်း ပြောပြတာ ကျေးဇူးပဲနော် မ၀တ်ရည်။ နောက်နေ့ကျရင် အိမ်မှာလုပ်စားဦးမယ်။ မ၀တ်ရည်ကအရမ်းတော်တာပဲ။ 🙂
  13. မမ says:
    သွားရေတောင်ကျလာပြီ။
  14. myintmyat says:
    မ၀တ်၇ည်ေ၇……သိချင်တာလေး၇ှိလို့ပါ။မှိုခြောက်ပွင့်ဆိုတာမှိုခြောက်ပန်းခြောက်၇ဲ့အပွင့်ကိုပြောတာလားခင်ဗျာ…..
    • chowutyee says:
      မှိုခြောက်ဆိုတာ Black Mushroom. မှိုခြောက်ပွင့်ဆိုတာ ကြာဇံဟင်းခါးမှာ ပါတဲ့ မှိုခြောက်ပွင့်မျိုး မဟုတ်ပါဘူး…. မှိုခြောက်ပွင့်ပုံပါ တင်ပေးလိုက်တယ်.. ဒါမှ မြင်ဖူးမှ ၀ယ်ရလွယ်အောင်ပါ.. http://www.tastehongkong.com/wp//imgIngred/black-mushroom.jpg
  15. MoeGyi says:
    ဆူရှိလိပ်ကလေးတွေနဲ့ သွားတူးတယ်။ ဆူရှိတော့ကြည့်မရပေမယ့် အီကြာကွေးတော့ အရမ်းကြိုက်ဗျ။ စမ်းကြည့်အုန်းမယ်။ ကျေးဇူးဘဲနော်။
  16. royal-myat says:
    i like to cook , so i’ll try all the curry !!!
    thanks a lot,
    ma wut yee.
Leave a Reply
Your email address will not be published. Required fields are marked *