တို့ဟူး ကော်ရည်ဟင်းချို
တို့ဟူး ကော်ရည်ဟင်းချို
တို့ဟူးကော်ရည် ဟင်းချိုက တရုတ်စတိုင် ဟင်းချက်နည်း တစ်မျိုးဖြစ်ပါတယ်။ တို့ဟူးကို ပြန်ကြော်ထားတာမို့ အရသာကလည်း အရမ်းကောင်းပါတယ်။ နှမ်းဆီ နှင့် ငရုတ်ကောင်း နံ့လေးကလည်း သင်းနေတာမို့ ဟင်းချို ကောင်းကောင်းချက်ချင်သူများ အတွက် မျှဝေပေးလိုက်ပါတယ်….
ပါဝင်သောပစ္စည်းများ
၁။ တို့ဟူး – ၁ခု
၂။  ပြောင်းဖူး – ဖူးဝက် (လက်ဖြင့် ချွေပါ)
၃။ မှိုခြောက် – ၅ပွင့် (ရေနွေးဖြင့် ပြုတ်ပေးပြီ အညှာကို လှီးထုတ်လိုက်ပါ)
၎။ ကြက်သွန်နီ – ၁လုံး ( ပါးပါးလှီးပါ)
၅။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၆။ ကြက်ဥ – ၂လုံး (ကြက်ဥ အကာကို ခလောက်ပါ)
ရ။ ကြက်သွန်မြိတ် – အနည်းငယ် (အရှည်အစောင်းလှီးပါ)
၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ နှမ်းဆီ – ၅စက်
၁၀။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး တို့ဟူးကို အ၀ိုင်းလေးများ လှီးပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်၍ တို့ဟူးဝိုင်းလေးများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၃။ မှိုခြောက်များကို အရှည်လှီးပေးပါ။ ချက်ပြုတ်ရန် ပါဝင်သောပစ္စည်းများကို ပန်းကန်တစ်ခုပေါ်တွင် ပြင်ဆင်ထားပါ။
၎။ ထို့နောက် ဒယ်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ပေးပါ။ ကြက်သွန်ဖြူ ၊ နီထည့် ၁မိနစ်ခန့် မွှေပေးပါ။
၅။ ပြီးလျှင် ပြောင်းဖူး၊ မှိုခြောက်၊ တို့ဟူးတို့ကို ထည့်တည်ထားပေးပါ။
၆။ အရသာ အပေါ့အငံ့အတွက် ဆား( လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ထည့်ပါ။
ရ။ ပြီးနောက် ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်တို့ကို ဖြူးပေးပါ။
၈။ ပွက်ပွက်ဆူလာလျှင် ကော်ရည် (စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)ကို ရေဖျော်ပြီး ထည့်မွှေပေးပါ။
၆။ ထို့နောက် ခလောက်ထားသော ကြက်ဥအကာကို ထည့်ကာ နားနားလေး မွှေပေးပါ။
ရ။ တို့ဟူး ကော်ရည်ဟင်းချိုကို ပူပူနွေးနွေး စားသုံးနိုင်ပါပြီ။
37 comments
  1. hmone says:
    nice nice i wanna eat treat me too hee 😉
  2. snow says:
    လာလည်ရင်း မျက်စိအစာ၀၀စားသွားပါသည်.
  3. စားကောင်းချင်စရာလေး
    ဒါလေးတော့ တကယ်ကို လုပ်စားမယ်.. ရှဲ့ရှဲ့
  4. နွေးနေခြည် says:
    ကောင်းမယ့်ပုံလေး။ သတ်သတ်လွတ်အတွက် ဆို အဆင်ပြေမှာ။ လုပ်သောက်ကြည့်ဦးမယ်။ ကျေးဇူး ငရီ…
    • chowutyee says:
      နေခြည် သတ်သတ်လွှတ်စားနေလို့လား…. ငါတော့ ၀ါတွင်း ဥပုဒ်နေ့တိုင်း ဥပုဒ်စောင့်မယ် မှန်းထားပြီ ၃ရက်လားပဲ စောင့်လိုက်ရတယ်.. အဟင့်အဟင့်… 🙁
  5. uooswar says:
    မ၀တ်ရည်ရဲ့ ဆိုဒ်ကို ဖတ်လိုက် ချက်စားလိုက်နဲ့  ပေါင်ချိန်တက်လာတာကို ဒီနေ့  မှ သတိထားမိတယ်။ ဟဲ ဟဲ
    • chowutyee says:
      တရားခံတော့ ဖြစ်ပါပြီ… Just kidding!!! ၀တ်ရည်လည်း ဘာထူးလို့လည်း ကိုယ်တိုင် ချက်ပြီ စားနေတာ ခုဝိတ်လျှော့နေရတယ်လေ… 🙂
  6. brave says:
    ၀ိုးးးး
    Great ! ဟင်းချက်နည်း တစ်မျိုး တိုးပြန်ပြီ ကျေးဇူးနော်
  7. တို့ဟူးဟင်းချိုရေလေး လာသောက်သွားတယ်။ ကောင်းလိုက်တာ။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    • chowutyee says:
      ကိုကိုမောင်ရေ လာအားပေးသွားလို့ ကျေးဇူးပါနော်.. နောက်လည်း လာအားပေးပါအုန်း…
      ခင်တဲ့
  8. phyu phyu says:
    မ၀တ်ရည်
    ကျေးဇူးပဲနော်လာဖတ်သွားတယ်။
  9. phyu phyu says:
    အမရေ
    မလုလုလို PDF ဖိုင်လေးလုပ်ပေးပါလားဟင်။
    ဘယ်နေရာကနေမဆိုကြည့်လို့ရအောင်လို့ပါ။
    တို့ဖူးဟင်းချိုကိုအိမ်မှာချက်စားကြည့်အုံးမယ်
    • chowutyee says:
      ဖြူဖြူရေ PDF ဖိုင်ဘယ်လိုလုပ်ရသလဲ ဆိုတာတော့ မလုလုကို ၀တ်ရည် မေးကြည့်လိုက်အုန်းမယ်… လုပ်စားကြည့်ပါနော်… 🙂
  10. Khin Nwe Yee says:
    I will try this soup .
  11. စံစံ says:
    အကြံဥာဏ်လေးတောင်းချင်လို့ပါ။ စံ့မွေးနေ့မှာသူငယ်ချင်းတွေကို တရုတ်အစားအစာ ကျွေးချင်လို့။ ထမင်းနဲ့တွဲစားတဲ့ ၀က်သားအချိုချက်တို့အစိမ်းကြော်တို့မဟုတ်ဘဲ အရသာရှိရှိ ဆန်းဆန်းလေး ဘာဟင်းတွေရှိလဲဟင်။ စံချက်နိုင်တာမဟုတ်ဘဲ ဆိုင်က အော်ဒါမှာပြီးကျွေးလို့ရတယ်ဆိုလည်း အဲ့လိုမှာမှာပါ။ ခက်တာက ဘာတွေရှိမှန်းမသိလို့ပါ။ ၀တ်ရည်က တရုတ်အစားအစာတွေလည်းတင်ထားတော့ စံ့ ကို အကြံလေးပေးပါလား။ ဟင်းလျာအမည်လေးတွေသိချင်ပါတယ်။
    ကျေးဇူးတင်ပါတယ်နော်။
    • chowutyee says:
      စံစံ ရေ၊ ၀တ်ရည် အကြံအဥာဏ်ပေးချင်တာကတော့ အိမ်မှာပဲ ကျွေးမယ်ဆိုရင် တရုတ်အစားအစာ ကျွေးမယ့်အစား ထိုင်းစာလေးတွေ ကျွေးရင် ပိုကောင်းမယ် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တရုတ်ဟင်း အများစုက ချက်ချင်း ပူပူနွေးနွေး စားမှ ကောင်းတာမျိုး ဖြစ်လို့ပါ။ ကော်ရည်လည်း ပါတာမို့ အေးတာနဲ့ စားမကောင်းတော့ပါဘူး။ တရုတ်ဟင်းက အိမ်မှာ မှာစားတာထက် ဆိုင်မှာက ပိုကောင်းပါတယ်။ ဒါပေမယ့် စားကောင်းနိုင်မယ့် တရုတ်ဟင်းလျာတွေလေးကို ရွေးရေးပေးလိုက်မယ်နော်…
      တရုတ်ဟင်းလျာများ
      အသုတ်
      – ကင်ပွန်းသုတ် (သို့) ၀က်အူစုံသုတ်
      ဟင်းချို
      – ပြောင်းဖူး ကော်ရည် ဟင်းချို (သို့) ဂဏန်းသား ကော်ရည်ဟင်းချို (သို့) ငါးဆီပေါင်း ဟင်းချို
      အဓိက ဟင်းလျာများ
      – ဘဲကင်
      – ဘဲပေါင်းနှင့် မှိုဟင်း
      – ကြက်တောင်ပံ အစားသွပ်နှင့် ဂျင်းဆော့ (ဘလောက်တွင် ချက်နည်း ရှိသည်)
      – ကြက်ကုန်းဘောင်ကြီးကြော် (ဘလောက်တွင် ချက်နည်းရှိသည်)
      – ၀က်စတူးနှင့် မုန့်ညှင်း (ဘလောက်တွင် ချက်နည်းရှိသည်)
      – မုန့်ညှင်းနှင့် တို့ဟူးကြော်
      – ပုဇွန်နှင့် မှိုပေါင်း (ဘလောက်တွင် ချက်နည်းရှိသည်)
      – ပုဇွန် ချိုချဉ်ကြော် (ဘလောက်တွင် ချက်နည်းရှိသည်)
      – ပြည်ကြီးငါး ခရုဆီဟင်း (ဘလောက်တွင် ချက်နည်း ရှိသည်)
      – ငါးကြင်းပေါင်း နှင့် သံပရာဆော့ (ဘလောက်တွင် ချက်နည်းရှိသည်)
      – ကတ်ကတစ် အချိုနှင့် ဟင်းရွက်စုံဟင်း
  12. စံစံ says:
    ဟုတ်တယ်နော် တရုတ်ဟင်းက အေးသွားရင်စားလို့မကောင်းတော့ဘူး။ စဉ်းစားလိုက်ဦးမယ်ကွာ။ ၀တ်ရည် အိုင်ဒီယာတွေကို ကော်ပီဆွဲထားတယ်။အချိန်ပေးပြီး စဉ်းစားပေးတာကျေးဇူးဘဲနော်။
  13. မြင့်မြတ် says:
    မ၀တ်၇ည်ေ၇……ဒီနေ့မှတွေ့တယ်။တင်ထားတဲ့တစ်ခုချင်းစီကိုမှတ်မိအောင်တစ်လကိုဟင်းလျာ၃မျိုးလောက်ချက်ကြည့်မယ်လေ။စေတနာနဲ့တင်ပြထားတဲ့အတွက်ကျေးဇူးပါ။အားလုံးကိုချက်တက်အောင်ကြိုးစားမယ်။မနက်ဖြန်မှာကြက်အတောင်ပန်အစာသွပ်နဲ့ဂျင်းဆော့၇ယ်တို့ဖူးကော်၇ည်ဟင်းချို၇ယ်နှစ်ခုပေါင်းလုပ်ကြည့်မယ်လေ။
    • chowutyee says:
      မြင့်မြတ်ရေ လုပ်စားကြည့်ပါနော်။ တစ်လမှ ဟင်းလျာ ၃မျိုးပဲ ဖြစ်ဖြစ် စမ်းချက်ကြည့်ပါနော်။ အဆင်မပြေတာ ရှိရင်လည်း မေးနိုင်ပါတယ်.. Thanks naw:D
  14. Su Myat says:
    အိမ်မှာချက်စားကြည့်တာအရမ်းကောင်းတယ် အမရေ
    ကျေးဇူးပါနော်
    ဆား နဲ့ သကြား အစား ကြက်သားမှုန့်ထည့်လဲရလား
    • chowutyee says:
      ဆားနဲ့ ကြက်သားမှုန့် ထည့်ရင် ရပါတယ် ညီမ.. လုပ်စားကြည့်နော် 😀
  15. yinlatt says:
    I love this soup… thks 🙂
  16. […] September 10, 2010 တို့ဟူး ကော်ရည်ဟင်းချို […]
  17. may thingyan says:
    အမရေ
    ဂဏန်းကော်ရည်ချက်နည်းလေး ပြောပြပါအုံး
  18. Thiri says:
    ဝတ်ရည်ရေ
    ဒီနေ့ Dinner အတွက် soup ကိုတို့ဟူးကော်ရည်ဟင်းချိုချက်တယ်။
    ။အရမ်းကောင်းတယ်။
    ကျေးဇူးပဲနော်။
  19. cheerry says:
    ညီမလေးရေ…ဆိုင်ကအစားအသောက်တွေကြိုက်တတ်တဲ့ အဖေက အမြဲအိမ်မှာပဲသန့်သန့်ရှင်းရှင်း ချက်စား ရတာ ကိုပဲကြိုက် တတ်တဲ့ အမေ ကြောင့် အမြဲအခက်တွေ့ခဲ့တာခုတော့ ညီမလေးရဲ့စေတနာနဲ့ အစ်မအဖေအရမ်းအဆင်ပြေပြီးချက်ကျွေးသမျှအားရပါးရစားနေတာမြင်တော့ အရမ်းကျေးဇူးတင်မိတယ်…ဒီဟင်းချိုလေးက အစ်မအဖေအရမ်းကြိုက်တာညီမရဲ့။ အဖေကြိုက်တာလေးတွေဆိုင်အရသာအတိုင်းချက်ကျွေးနိုင်အောင် ကူညီပေးတဲ့ညီမလေးလဲ ဆန္ဒတွေအားလုံးပြည့်ဝပါစေနော်…
Leave a Reply
Your email address will not be published. Required fields are marked *