ဝက်သားသုံးထပ်သားကင်
ဝက်သားသုံးထပ်သားကင်
ဒါကတော့ ထိုင်းစတိုင် ၀က်သားသုံးထပ်သားကင်လေးပါ။ ထိုင်းလို “Khao Moo Krob” လို့ခေါ်ပါတယ်။ ဒီချက်နည်းလေးကို ucancookthai ၀က်ဆိုက်က ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါနဲ့ ၀တ်ရည် ညနေစာအတွက် ၀က်သားသုံးထပ်သားကင်လေးကို ချက်စားဖြစ်သွားတာပါ။ ထိုင်းစတိုင် ၀က်သားသုံးထပ်သားကင်က အရသာအရမ်းကို ထူးခြားကောင်းမွန်တာမို့ ဟင်းချက်မောင်နှမများအတွက် ချက်နည်းနှင့်တကွ လုပ်ပုံအဆင့်ဆင့်ပါ မျှဝေပေးလိုက်ပါတယ်…
ပါဝင်သောပစ္စည်းများ
၁။ ဝက်သားသုံးထပ်သား – ၁၀ကျပ်သား
၂။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ သကြား – စားပွဲတင်ဇွန်း တ၀က်
၅။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆော့လုပ်ရန် ပါဝင်သောပစ္စည်းများ
၁။ ခရမ်းချဉ်သီးဆော့ (Tomato Ketchup) – စားပွဲတင်ဇွန်း ၂ဇွန်း
၂။ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ တရုတ်ဟင်းခတ်အမွှေးအကြိုင် (Five Spices Powder) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၅။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ ရေ – နို့ဆီခွက် တ၀က် (Rice Cooker ဆန်ချိန်ခွက်)
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဝက်သားသုံးထပ်သားကင်နည်း
၁။ အရင်ဆုံး ၀က်သားသုံးထပ်သားကို အတုံးလိုက်ကို အရသာများ စိမ့်ဝင်စေရန် ခရင်း(သို့)စူးဖြင့် ထိုးပေးပါ။
၂။ ပြီးမှ ပဲငံပြာရည်(စားပွဲတင်ဇွန်းတ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခရုဆီ(စားပွဲတင်ဇွန်း၁ဇွန်း)တို့ဖြင့် ရောနုယ်ပြီ နာရီဝက်ခန့်ကြာအောင် နုပ်ထားပေးပါ။
၃။ နာရီဝက်ခန့်နုပ်ပြီလျှင် ၀က်သားကို မကင်ခင် နူးအိစေရန် ၀က်သားကို ရေမြုပ်ရုံထည့်ပြီ အဖုံးအုပ်ပြီ တည်ထားပေးပါ။ ရေခန်းလျှင် ၀က်သားနူးအိသည်အထိ နောက်တစ်ရေ ထည့်၍ မီးပြင်းပြင်းဖြင့် နာရီဝက်ခန့် တည်ထားပေးပါ။
၎။ ၀က်သားနူးအိသွားလျှင် ၀က်သားကို ရေခန်းစေပြီ ၀က်သားအတုံးကြီးကို နှစ်ပိုင်းပိုင်းပြီ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း တ၀က်)၊ သကြား(စားပွဲတင်ဇွန်း တ၀က်)ထပ်နုယ်လိုက်ပါ။
၅။ ခုဝက်သားသုံးထပ်သားကို စကင်ပါတော့မယ်။ Oven ၂၀၀ဒီဂရီထားပြီ ၁၅မိနစ်ခန့်ကင်ပေးပါ။
၆။ ကင်ပြီသော ၀က်သားသုံးထပ်သားများကို အရှည်လိုက် ပါးပါးလှီးလိုက်ပါ။
ရ။ ပြီလျှင် ပန်းကန်ပေါ်တွင် ထမင်းနဲ့ ပြင်ဆင်လိုက်ပါ။
ဆော့ရည်ချက်ပြုတ်နည်း
၁။ ဆော့ရည်တွင် ပါဝင်ပစ္စည်းများ ဖြစ်သော ( ခရမ်းချဉ်သီးဆော့၊ ပဲငံပြာရည်အကြည်၊ ခရုဆီ ၊ Five Spices Powder၊ သကြား၊ နှမ်းဆီ၊ ရေ) တို့ကို ဒယ်တစ်ခုထဲ ရောထည့်လိုက်ပြီ တည်ထားပေးပါ။
၂။ ပွက်ပွက်ဆူလာလျှင် ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ပြီ လောင်းထည့်လိုက်ပါ။
၃။ ၀က်သားသုံးထပ်သားကင်အတွက် အနီရောင် ဆော့ရည်ကို ရရှိပါပြီ။
၎။ ထို့ဆော့ရည်ကို ၀က်သားသုံးထပ်သား ပြင်ဆင်ထားသော ပန်းကန်ပေါ်သို့ ဆမ်းလိုက်ပြီ ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ။
38 comments
  1. fatty says:
    Fatty ကိုကျွေးပါအုန်း
  2. hmone says:
    looking very nice…restaurant ka har nae tuu tal yummy…piggy ko lae treat par own, not fatty
    • chowutyee says:
      ဟုတ်တယ်.. ဖက်တီး စားတာများနေပြီ… ငါ့အမွှာလေးပဲ ကျွေးတော့မယ်… 😛
  3. စားချင်စရာလေးနော်။ လုပ်ရတာတော့ အချိန် နဲနဲယူရမဲ့ပုံဘဲ။ ကြည့်ရင်းနဲ့ စားချင်စိတ်တောင် ပေါက်လာပြီ။း)))
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    • chowutyee says:
      လုပ်ရတာတော့ နည်းနည်း အချိန်ကြာပေမယ့် အရသာအရမ်းစားလို့ကောင်းပါတယ်… အားရင် လုပ်စားကြည့်ပါအုန်း ကိုကိုမောင်..
      ခင်တဲ့
      • thant zin says:
        ကြည့်​ရတာနဲ့တင်​သွားရည်​ကျလို့ လုပ်​စားဖြစ်​​အောင်​ကိုလုပ်​စားလိုက်​ပါ့မယ်​ မဝတ်​ရည်
  4. ကိုသားကြီး says:
    လုပ်ရမှာတော့ အချိန်လည်းကြာတယ်.. ဒါပေမယ့် စမ်းကြည့်အုံးမယ်ဗျာ.. မ၀တ်ရည် ဆိုဒ်ကို မရောက်ဖြစ်တာတောင် ကြာပြီ.. နေကောင်းတယ် ဟုတ်..
    • chowutyee says:
      ကိုသားကြီးရေ အချိန်ကြာပေမယ့် စားလို့ အရမ်းကောင်းပါတယ်။ ဒါကြောင့် စမ်းလုပ်ကြည့်ပါအုန်းနော်… နေကောင်းပါတယ်.. ခုတစ်လော သိပ်မအားတာနဲ့ ဟင်းသစ်တွေ သိပ်မတင်ဖြစ်တာလောက် ပါပဲ… 🙂
  5. thida says:
    ကောင်းလိုက်တာ.ဗိုက်တွေ အရမ်းဆာလာပြီ…ကြည့်ရင်းနဲ့တောင် ဒီလောက်ကောင်းနေရင်..လုပ်စားရင် တော်တော်ကောင်းမယ်..အရမ်းတော်တဲ့ မမ ပါပဲ။
  6. Kyaw Kyaw SS says:
    Thanks for all your recipes,without your help we’ll be dead already.From china with 谢了您的作品 KKSS 😀
  7. haymar says:
    ဒီဝက်သားကင်လေးကို အရမ်းကြိုက်တာပဲ။ ၀တ်ရည် ရဲ့ နည်းအတိုင်းလိုက်လုပ်ဖူးတယ်။ ဒါပေမယ့် oven ကို ၂၀၀ ဒီဂရီဆိုတာ တော်တော် အပူချိန်နည်းတယ်။ အိမ်မှာ 350 to 400 လောက်နဲ့ ကင်မှ ရတယ်။ နို့မို့ဆို ကျက်မှာမဟုတ်ဖူး။ ဒါပေမယ့် ခုမှစဉ်းစားမိတယ်။ ၀တ်ရည်က Celsius unit နဲ့ပြောတာမဟုတ်လား? အဲဒါဆို ၂၀၀ က ဖြစ်နိုင်တယ်နော်။ 😉
    နောက်ဆို အပူချိန်ရေးတဲ့အခါ unit လေးထည့်ရေးပေးရင် ပိုပြီးအဆင်ပြေစေမယ်လို့ အကြံပြုပါရစေ။ (ဆရာလုပ်တာမဟုတ်ပါဘူးနော်) 🙂
    ခင်တဲ့
    -Haymar
    • chowutyee says:
      ဟေမာ ဘလောက်ကို အမြဲလာလည်တယ်ဆိုလို့ အထူးကျေးဇူးပါ။ ဟုတ်တယ် ၂၀၀ဒီဂရီ celsius ကိုပြောတာပါ… နောက် unit လေးတွေပါ ရေးပေးပါ့မယ်… ;D
      ခင်တဲ့
  8. nyonyohan says:
    မ၀တ်ရည် အရမ်းတော်တယ်။ ရုပ်ကလဲချော။
  9. Ei Mon says:
    မဝတ်ရည်
    five spice powder
    ဆိုတာမြန်မာပြည်ဝယ်လို့ရလားဟင်?ဘယ်မှာဘယ်လိုပြောပြီးဝယ်ရမယ်ဆိုတာလေးပြောပြပေးပါလား?
  10. အမ ၀တ်ရည် Blog လေးကို အခုမှဝင်ကြည့်ဖြစ်တာပါ။အရမ်းသဘောကျတာပဲ။ ချက်ကြည့်လိုက်ဦးမယ်။
  11. mgmg says:
    hi, wutyee ( from where) pls.
  12. nyonyohan says:
    ညီမ၀တ်ရည် – oven ထဲကင်တဲ့အချိန်မှာ အသားကို ခဲစက်ကူပေါ်မှာတင်ပြီးပဲ ကင်ရမှာလား၊ ဒါမဟုတ် ထုပ်လိုက်ဖို့လိုပါသလား။
    • admin says:
      သတ္တုပြားပေါ်တင်ကင်ရုံပါပဲ မ။ ထုပ်ဖို့ မလိုပါဘူး… 🙂
  13. war war says:
    လုပ်စားကြည့်ပြီးမှ အကြောင်းပြန်လိုက်မယ်နော်
  14. kyi thitsar aung says:
    အမရေကျေးဇူးပါနော်လုပ်စားကြည့်လိုက်အုံးမယ်
  15. htinkyaw says:
    Oven နဲ့ မကင်ဘဲ ဆီနဲ့ ကြော်လို့ ရမလား။ Oven မရှိရင်
    ဘာလိုလုပ်ရမလဲ ခင်ဗျာ။
  16. htinkyaw says:
    Oven အစား ဘာသုံးရင်ရမလဲ ခင်ဗျာ
    • htinkyaw says:
      ကျေးဇူးတင်ပါတယ်။ လုပ်ကြည့်လိုက်အုန်းမယ်။
      • admin says:
        ဟုတ်ကဲ့ လုပ်ကြည့်ပါနော်… အရမ်းစားလို့ကောင်းပါတယ်..
  17. cheerry says:
    Thanks, nyi ma lay…, လုပ်စားဖြစ်အောင်ကို လုပ်စားအုံးမှာ ။ နည်းမသိလို့ ချက်စားချင်နေတာ ကြာပြီ…
  18. khin Ohn Mar says:
    thank u so much & I m always find ur page I like very much
  19. လှရွှေ says:
    Big Thanks……
  20. ko ko latt says:
    လုပ်စားဦးမယ်ဗျ နည်းမသိလို့ အခုတော့ သိသွားပြီ ကျေးဇူးပါနော်
Leave a Reply
Your email address will not be published. Required fields are marked *