မြင်းခွာရွက်သုတ်

မြင်းခွာရွက်သုတ်

မြင်းခွာရွက်သုတ်ကို အညာမှာတော့ မြေပဲနှင့် သုတ်လေ့ရှိပြီ ရန်ကုန်မှာတော့ ပုဇွန်ခြောက်မှုန့်နဲ့ တွဲသုတ်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ၀တ်ရည်ကတော့ အညာနှင့် ရန်ကုန် နှစ်ခုလုံး ပေါင်းပြီ မြေပဲရော၊ ပုဇွန်ခြောက်မှုန့်လေးပါ ထည့်သုတ်ထားပါတယ်။ အားပေးသွားကြပါအုန်းနော်..

ပါဝင်သောပစ္စည်းများ

၁။ မြင်းခွာရွက် (Pennywort) – ၂စည်း (ရေစင်အောင် ဆေးပြီ ရေစစ်၍ နှုတ်နှုတ်စဉ်းပါ)

၂။ ခရမ်းချဉ်သီး (Tomato) – တ၀က် (အရှည်ပါးပါးလှီးပါ)

၃။ ကြက်သွန်နီ (Onion) – ၂လုံး ( ပါးပါးလှီးပါ)

၎။ ပုဇွန်ခြောက်မှုန့် (shrimp powder)- စားပွဲတင်ဇွန်း ၁ဇွန်း

၅။ မြေပဲ (peanut)- စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက်လေး ထောင်းပေးပါ)

၆။ နှမ်း (sesame)- စားပွဲတင်ဇွန်း တ၀က်

ရ။ ဆား (salt)- လက်ဖက်ရည်ဇွန်း တ၀က်

၈။ သကြား (sugar)- လက်ဖက်ရည်ဇွန်း တ၀က်

၉။ နှမ်းဆီ (seasame 0il)- လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၀။ သံပရာသီး (lime)- ၁လုံး (အရည်ညှစ်ထည့်ပါ)

၁၁။ ပဲအကျက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

အသုတ်သုတ်နည်း

၁။ အရင်ဆုံး ကြက်သွန်နီ ဆီချက် အရင်လုပ်ပါမည်။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ ၁လုံးကို ထည့်၍ အညှိရောင်သန်းလာသည်အထိ မွှေပေးပါ။

၂။ ပြီးနောက် ကြက်သွန်နီကြော်များကို ပန်းကန် တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။

၃။ ခု မြင်းခွာရွက်သုတ်ကို စသုတ်ပါတော့မည်။

၎။ ဇလုံတစ်ခုထဲသို့ ပါဝင်သောပစ္စည်များ ဖြစ်သော (မြင်းခွာရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ သကြား၊ နှမ်းဆီ၊ သံပရာသီး၊ ပဲမှုန့်၊ ဆီချက်(စားပွဲတင်ဇွန်း ၁ဇွန်း) အားလုံးတို့ကို ထည့်၍ သမအောင် ရောနုယ်လိုက်ပါ။

၅။ အရသာအပေါ့အငံ့အနေတော် ဖြစ်သွားလျှင် အပေါ်မှ ကြက်သွန်ကြော်များကို ဖြူးပေးပြီ ထမင်း၊ ကြာရိုးဟင်းခါးလေးဖြင့် မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ….

9 comments

  1. ကြိုက်တယ်
    မြင်းခွာရွက်ကို ဆီချက်တွေမထည့်ဘဲ အချဉ်ဆားအချိုမှုန့် ငရုပ်သီး ကြက်သွန်နီနဲ့ဘဲ အရိုင်းသုပ်တာလဲ ကြိုက်တယ်
    ၂မျိုးလုံးကြိုက်တယ်….
    ခုတောင်စားချင်လာပြီး)

    • chowutyee says:

      ဟုတ်တယ် မချောရေ ၀တ်ရည်လည်း နှစ်မျိုးလုံး ကြိုက်တယ်… သုံးဆောင်သွားပါနော်.. 🙂

  2. nge nge says:

    မြင်းခွာ၇ွက်သုတ်စားချင်နေတာကြာပြီ သွား၇ည်တောင်ကျတယ်
    ဒီမှာမြင်းခွာ၇ွက်မ၇ှိဘူး ဘယ်လိုလုပ်၇မလဲ

  3. marcy says:

    wow မြင်းခွာရွက်သုတ်က ကျောက်ကပ်တွက်လဲအရမ်းကောင်းတယ်ဆိုဟုတ်လား အိမ်မှာသုပ်စားလိုက်အုံးမယ်း)

  4. U Sein Aung Tun says:

    မဝတ်ရည်

    ဆိတ်သားခပတ် ဟင်းကို click လိုက်တာ မြင်းခွာရွက်သုတ် ဖြစ်နေတယ်၊ ကျေးဇူးပြုပြီး ပြန်တင်ပေးပါအုန်း၊
    ဟင်းချက်နည်းတွေ အတွက် ကျေးဇူးအထူးတင်ပါတယ်၊

    ဦးစိန်

  5. hsuhsuyi says:

    အပေါ်ကဦးစိန်ပြောသလိုပဲ ဆိတ်သားခပတ်ဟင်း ကလစ်တာမြင်းခွာရွက်သုပ်ပဲပေါ်လာတယ် ဘယ်လိုလုပ်ရမလဲ မဝတ်ရည်…:)

    • admin says:

      ဟုတ်။ လင့်ပြန်ပြောင်းချိတ်ထားပေးပါတယ်။ ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *