ကြက်ကုန်းဘောင်ကြီးကြော်
ကြက်ကုန်းဘောင်ကြီးကြော်
ပါဝင်သော ပစ္စည်းများ
၁။ ကြက်သား (ရင်ဘုံသား) – ၂၀ ကျပ်သား (အနေတော် တုံးပေးပါ)
၂။ ကြက်သွန်နီ – ၂လုံး (လေးစိပ်စိတ်ပါ)
၃။ မုန်လာဥနီ – ၂ခု (အနေတော် တုံးပေးပါ)
၎။ ဘိုစားပဲ – ၁၀ခု (အနေတော် တုံးပေးပါ)
၅။ ပြောင်းဖူးသေး – ၈ခု (အနေတော် တုံးပေးပါ)
၆။ ကြက်သွန်မြိတ် – ၂ခု ( အရှည်လှီးပေးပါ)
ရ။ သီဟိုစေ့ – ၁၅စေ့
၈။ ငရုတ်ပွနီခြောက် – ၃ခု
ချက်ပြုတ်နည်း
၁။ ကြက်သားကို [ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်)၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ(စားပွဲတင်ဇွန်း တ၀က်)၊ ဂျုံမှုန့်(စားပွဲတင်ဇွန်း တ၀က်) ] ထည့် နုယ်ပေးပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီများထည့်ပြီး နုယ်ထားသော ကြက်သားကို ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ပြီးလျှင် ကြော်ထားသော ကြက်သားများကို ဇကာဖြင့် ပြန်ဆယ်ထားပါ။
၃။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ ဇွန်း) ထည့်ပြီး  ကြက်သွန်ဖြူ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ စက္ကန့်အနည်းငယ်မျှ ဆီပူုထိုးပေးပါ။
၎။ ထို့နောက် ကြက်သွန်နီ၊ မုန်လာဥနီ ထည့်မွှေပေးပါ။ ပြောင်းဖူးသေး၊ ဘိုစားပဲ ထည့်ပေးပါ။
၅။ ပြီးလျှင် ကြက်ပြုတ်ရည်(သို့) ရေ(တခွက်) ထည့်ပြီး အဖုံး ၁မိနစ်ခန့်အုပ်ထားပေးပါ။
၆။ ရေအနည်းငယ်ကျန်လျှင် ကြက်သား၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(၄စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(လကဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ကြက်သွန်မြိတ် ထည့်မွှေပေးပါ။
၇။ ထို့နောက် အရသာအပေါ့အငံမြည်းပြီး သီဟိုစေ့၊ ငရုတ်ပွခြောက် ထည့်ပြီး ရေခန်းသည်အထိမွှေပေးပါ။
၈။ အရသာစူးရှပြီး စားလို့ကောင်းသော ကြက်ကုန်းဘောင်ကြီးကြော်ကို ထမင်းနှင့်တွဲဖက် စားသုံးနိုင်ပါပြီး။
ဟင်းအကြောင်း
– ကြက်ကုန်းဘောင်ကြီးကြော် ကိုဝတ်ရည်ချက်ခဲ့တဲ့ ဟင်းတွေထဲက အကြိုက်ဆုံး တခုလို့လည်း ပြောလို့ရပါတယ်။ ၀တ်ရည်ရေးထားတဲ့ နည်းအတိုင်း ချက်ကြည့်ပါ အရသာ အလွန်ကောင်းပါသည်။ ဟိုတယ်၊ စားသောက်ဆိုင်များမှာ စားသုံးနိုင်ပါသည်။
28 comments
  1. myintkt says:
    This recipe tastes better than the usual one you can get at Chinese restaurant. The emphasize is on the chicken. It taste so smooth and delicious!!!
  2. hmone gyi says:
    yes we can get at chinese restaurant but i believe my twin receipt is better ….i will try it look yummy 😉
  3. innocence says:
    After frying chicken for 2 mins, does it has to be taken out from pan away from heat?
    • chowutyee says:
      ဟုတ်ပါတယ်.. ၂မိနစ်ခန့် ကြော်ပြီးရင် ပန်းကန်ထဲ ပြန်ဆယ်ထားရမှာပါ.. ရေးထားတာ မပြည့်စုံသွားလို့ပါ။ 🙂
  4. mya says:
    hi ma wutyee
    i really like your recipes. i have one question though if u don’t mind.
    in this recipe, you said to add water or chicken broth 1 cup to the fried veggies. How much do you mean of that cup of water? a coffee cup ( which is about 8 oz).
    sorry for not using Myanmar font as i am not used to it. thank you so much.
    mya
    • chowutyee says:
      Mya ပြည့်စုံအောင် မရေးမိလို့ ဆောရီးပဲနော်… ရေတစ်ခွက်(သို့) ကြက်ပြုတ်ရည် တစ်ခွက် ဆိုတာ လက်ဖက်ရည်ပန်းကန်လုံးနဲ့ တစ်ခွက်ကို ပြောတာပါ.. ဒီကြက်ကုန်းဘောင်ကို လုပ်စားကြည့်ပါ၊ တကယ်ကောင်းလို့ ညွှန်းတာပါနော်..:)
  5. mya says:
    Thanks for your reply Ma Wutyee. i will definitely try !
  6. Hla Myo- New York says:
    Hi chowutyee
    I also like this curry very much. You and me are same.
  7. Thiri says:
    ဝတ်ရည်ရေ
    မနေ့ကညနေခင်းစာကုန်းဘောင်ကြီးကြော်နဲ့တုံယန်းဟင်းချိုချက်စားတယ်။
    ဝတ်ရည်နည်းအတိုင်းပေါ့။အရမ်းကောင်းတယ်။ကျေးဇူးပါနော်။
    ဟင်းစပ်လေးတွေတွဲပေးပါဦး။
    စောင့်နေမယ်နော်။
    • admin says:
      ဟုတ်ကဲ့။ တင်ပေးပါ့မယ်.. ၀တ်ရည်ကလည်း ကျေးဇူးပါနော်
  8. […] ကြက်ကုန်းဘောင်ကြီးကြော် […]
  9. ယဉ် says:
    မ၀တ်ရည် ရေ …ယဉ် တို့ မိသားစု
    မနေ့ကညစာကိုကုန်းဘောင်ကြီးကြော် ကြော်စားတယ်။
    မဝတ်ရည်နည်းအတိုင်းပေါ့။အရမ်းကောင်းတယ်။ကျေးဇူးပါနော်။
    အမဲသားဟင်း နှပ် နည်း ချက် နည်း လေးတွေတင်ပေးပါဦးနော်…
    စောင့်နေမယ်နော်။
  10. HtetYI says:
    ဒိနေရပဲ ကြက်သားကုန်းဘောင်ကြော်ချက်စားဖြစ်တယ်။ ချက်ရတာ လွယ်ပြီး စားလို့လည်း ကောင်းတယ် အစ်မ။ Thanks 🙂
  11. Aye Aung says:
    hi ama i want to a menu for chicken keemaa.,please give me .
    • admin says:
      ကြက်သားကီးမား လုပ်နည်းကို ကြိုးစားပြီ တင်ပေးပါ့မယ်.. 🙂
  12. That mhue ko says:
    good
  13. Chit Phue says:
    မ၀တ်ရည်ရေ… ဒီနေ့ပဲ ချက်စားတယ်… ဒါပေမယ့် ၀က်သားနဲ့ချက်တာ…
    အဲ့ဒါ ၀က်သားနံ့ နံမှာစိုးလို့ ဂျင်းပါ ထည့်လိုက်တယ်…
    ဘာလို့ဆို ဆိုင်မှာ ကုန်းဘောင်ကြီးကြော် ၀ယ်စားရင်.. ကြက်သားဖတ်နဲ့ ဂျင်းဖတ် အမြဲ မှားကိုက်မိတတ်တယ်လေ…
  14. Chit Thet says:
    ဟင်းချက်နည်းတွေ တင်ပေးတဲ့ မမ၀တ်ရည် ကို ကျေးဇူးအရမ်းတင်ပါတယ် မ၀တ်ရည် ရဲ့ ဟင်းချက်နည်းတွေ အတိုင်းလိုက်ချက်တာ စားလို့တော်တော်ကောင်းတယ် … အရမ်းလည်းအဆင်ပြေတယ် … ဒီထက်အောင်မြင်ပါစေ …
  15. thisanlay says:
    ကြက်သားကပြုတ်စရာမလိုဘူးပေါ့အစိမ်းကြော်ရမှာလား
  16. Ko min thu says:
    ကုန်းဘောင်ကြီးကြော် ကိုသီဟိုစေ့ထည့်ကြော်တော့ ပိုကောင်းမှာပေါ့၊ အနံ့ ( အမွှေးအကြိုင် ) ဘာထည့်ရမလဲ အစ်မ
    • admin says:
      စီချွမ့်ကုန်းဘောင်ဆိုရင် စီချွမ့်ငရုတ်ကောင်းထည့် ချက်ပါတယ် bro..
  17. Noe Noe says:
    ကြက်သားကိုနှပ်တာက ပြုတ်ပြီးသားလားအစိမ်းကိုလား ရှင့်
  18. Ko Shine says:
    Hi sis. I have just tried a kung pao recipe (european version) which I found on a google page.
    Difference is that they use more chili sauce.And also more corn starch.
    Vinegar is also used. When I cooked, the sauce stick and charred in the pan because of heat. Haha. It taste like sour and spicy. Actually not goood.
    So I must try your recipe this time. I am a man who always love cooking. I am your No.1 fan on fb. 🙂 Thanks.
  19. Sein Sein Yi says:
    Reply
Leave a Reply
Your email address will not be published. Required fields are marked *