ပုဇွန်ထုတ်ကြော်

ပုဇွန်ထုတ်ကြော်

ဒီပုဇွန်ထုတ်ကြော် ချက်နည်းက ၀တ်ရည် အကိုကြီးရဲ့ ချက်နည်းပါ။ အကိုကြီး ရန်ကုန် ပြန်လာလည်တိုင်း ချက်ကျွေးလေ့ ရှိတာမို့ အမှတ်တရ အနေနဲ့ မနေ့က လုပ်စား ဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အရသာက ချိုစိမ့် မွှေးနေပါတယ်။ ပုဇွန်ကျောခွဲပြီ အစားသွပ်ထားတာမို့ သာမန် ပုဇွန်ထုတ်ကြော်တွေနဲ့ လုပ်နည်း လုံးဝ မတူပါဘူး။ ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်ထုတ် – ၄ကောင်

၂။ မုန်လာဥနီ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)

၃။ ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်ဆင်းပါ)

၎။ ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)

၅။ ခရုဆီ – စားပွဲတင်ဇွန်း တ၀က်

၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

ရ။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်

၈။ ကြက်ဥ – တ၀က် (ခလောက်ပါ)

၉။ ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ ပုဇွန်ထုတ်ကိုကို ရေစင်အောင် ဆေးပြီ အခွံကို အလယ်ကနေ ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။ ပြီလျှင် ဓားဖြင့် အလယ်ကြောကို အနည်းငယ် လှီးလိုက်ပါ။

၂။ ထို့နည်းအတိုင်း ကျန်ပုဇွန်ထုတ် ၃ကောင်ကို ဆက်လက်ပြုလုပ်ပါ။

၃။ ပြီးလျှင် ပါဝင်သောပစ္စည်းများ ဖြစ်သော (မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ သကြား၊ ခရုဆီ၊ ကြက်ဥ၊ ဂျုံ) တို့ကို ခွက်တစ်ခုထဲ ရောနယ်လိုက်ပါ။

၎။ ပြီးလျှင် ရောနယ်ထားသော အစားများကို ပုဇွန်ထဲသို့ အစားသွပ်ပေးပါ။

၅။ ခုပုဇွန်ထုတ်ကြော်လို့ ရပါပြီ။ ဒယ်ထဲ ဆီစားပွဲတင်ဇွန်း ၂ဇွန်း ထည့်ပြီ အစားသွပ်ထားသော ပုဇွန်များကို မီးအသင့်တင့်ဖြင့် ၂မိနစ်ခန့် ဆီပူထိုးကြော်ပေးပါ။

၆။ အရသာရော၊ အနံ့ပါ သင်းသည့် ပုဇွန်ထုတ် ကြော်လေးကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ…

27 comments

  1. zar says:

    I am going to try….. Thank you for your post.

  2. lyk says:

    စားကောင်းမယ့်ပုံပဲ .. ပုဇွန်ထုတ်၇တဲ့အချိန်လုပ်စားကြည့်မယ် ..

  3. steve says:

    amazing! I would try soon

  4. cho says:

    wow i really love that one…ko gyi feed me before 😉 will try too

  5. မြင်တာနဲ့ စားချင့်စဖွယ်ပါပဲဗျာ … လုပ်စားကြည့်ပါဦးမယ် အမဝတ်ရည်ရေ … ။

    ခင်မင်လေးစားစွာဖြင့်
    အိပ်မက်ရှင်

  6. ဟယ် တကယ့်ကို စားချင်စဖွယ်ဘဲ
    ပုဇွန်က ကြိုက်ကကြိုက်နဲ့
    ဟိဟိ အရည်တစ်ခုခုသာပါလို့ကတော့ ရှယ်ဘဲ

  7. စာပြန်နိုင်မလား

  8. kchel says:

    မေးစရာ မရှိပေမဲ့ ပြောစရာ လေးရှိလို့ ပါ

  9. kchel says:

    မေးစရာ မရှိပါဘူး ပြောစရာလေး ရှိလို့ 
    ဆောရီး သူငယ်ချင်းအကောင့်နဲ့ ဝင်မိတယ် သူငယ်ချင်း ကွန်ပျူတာ ခနသုံးနေလို့ ကိုယ့်အကောင့်ပြန်မ၀င်တော့ ဘဲ ဆက်ရေးလိုက်မယ်
    ဆောင်း
    [email protected]

  10. ပဇွန်တုပ်ကြော်လေးကို ကော်ဖီလေး ရေနွေးကြမ်းလေးနဲ့ မြည်းဖို့ ကောင်းလိုက်တာ။း))

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

  11. Ni Ni says:

    စားကောင်းမဲ့ ပုံလေးပဲ အိမ်ရောက်ရင် လုပ်စားကြည့်မယ်..ဟိဟိ

  12. Chan Huei says:

    အရမ်းကောင်းတဲ့နည်းလေးပါ …ကြော်စားမယ်.

  13. Nyein Thida Thwin says:

    ဝတ်ရည် ရေ..
    မနက်ဖြန် ထမင်းဘူးကို ပုဇွန်ထုပ် ကြော်ထည့်သွားမလို့ . သေချာမှတ်သွားတယ်. သိလား။။ ကိုကို ကလည်း ကြိုက်မှာကျိန်းသေတယ်….

  14. banyar says:

    ခေါင်းထဲက အညစ်အကြေးတွေ မထုတ်ဘူးလား အမ?

  15. Sandar says:

    လုပ်စားကြည့်ဦးမယ်မမ

Leave a Reply

Your email address will not be published. Required fields are marked *