လီမွန်ကြက်သားကြော်

လီမွန်ကြက်သားကြော်

လီမွန်ကြက်သားကြော်က လီမွန်နဲ့ ရောကြော်ထားတာမို့ လီမွန် အနံ့လေးရော၊ အရသာလေးပါ စားလို့ ကောင်းပါတယ်… ထမင်းနဲ့ တွဲစားဖို့လည်း အလွန်လိုက်ဖက်တဲ့ တရုတ်ဟင်းလျာ တစ်မျိုးပါပဲ။ တူတူချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၁၅ကျပ်သား (၁လက်မအရှည်အစောင်းလှီးပါ)

၂။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

၎။ ငရုတ်ကောင်းမှုန့် – အနည်းငယ်

၅။ ခရုဆီ – လက်ဖက်ရည်ဇွန်း တ၀က်

၆။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ရ။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၅ဇွန်း

၈။ လိမ္မော်ခွံ – အနည်းငယ် (ခြစ်တံဖြင့် စားပွဲတင်ဇွန်း တ၀က်စာ ခြစ်ထားပါ)

 

ဆော့လုပ်ရန် ပါဝင်သောပစ္စည်းများ

၁။ လိမ္မော်သီး – ၁လုံး (အခွံနွှာ အစေ့ထုတ်ထားပြီ အရည်ညစ်ရန် အဆင်သင့်လုပ်ထားပါ)

၂။ ဗနီဂါ – စားပွဲတင်ဇွန်း တ၀က်

၃။ ပဲငံပြာရည်အရည် – စားပွဲတင်ဇွန်း ၂ဇွန်း

၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

၅။ ရေ (သို့) ကြက်ပြုတ်ရည် ( လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ)

၆။ ကော်မှုန့် – စားပွဲတင်ဇွန်း၁ဇွန်း

ရ။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)

၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

 

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပါးပါးလှီးထားသော ကြက်သားများကို ပါဝင်ပစ္စည်များ ( ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ နှမ်းဆီ) တို့ဖြင့် သမအောင် ဇောက်ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။

၂။ ပြီးလျှင် ရောနယ်ထားသော ကြက်သားများကို ဂျုံမှုန့် များဖြင့် ကပ်ပေးပါ။

၃။ ကြက်သား စကြော်လို့ ရပါပြီ။ ဒယ်ထဲကို ဆီများများ ထည့်ပြီ ကြက်သားများကို မကပ်စေရန် ၂သုတ်လောက် ခွဲပြီ မီးအသင့်တင့်ဖြင့် အညှိရောင်သန်းသည် အထိ ကြော်ပေးပါ။

၎။ အညှိရောင်သန်းလာပြီ ဆိုလျှင် ကြက်သားများကို ဆီစစ်၍ ပြန်ဖယ်ထားပေးပါ။

၅။ ကြက်သားကြော်ပြီလျှင် ဆော့မချက်မီ လိမ္မော်သီးကို အဖတ်များ မပါပဲအရည်ရအောင် ဇကာဖြင့် ညှစ်ထုတ်ပေးပါ။

၆။ ပြီးလျှင် ဆော့စချက်ပါတော့မည်။ ဒယ်ထဲသို့ ဆော့ချက်ရန် ပါဝင်ပစ္စည်များ ဖြစ်သော (လိမ္မော်ရည်၊ ဗနီဂါ၊ ပဲငံပြာရည်အကြည်၊ သကြား၊ ရေ၊ ကြက်သွန်ဖြူ၊ နီ) တို့ကို ထည့်ပြီ မီးအသင့်တင့်ဖြင့် ၁မိနစ်ခန့် ဆူအောင် တည်ထားလိုက်ပါ။

ရ။ ဆူလာလျှင် အရသာ အပေါ့အငံ့ကို မြည်း၍ အနေတော်လျှင် ကြော်ထားသော ကြက်သားများ နှင့် လိမ္မော်အနံ့မွှေးအောင် ခြစ်ထားသော လိမ္မော်ခွံများကို ထည့်ပြီ ရောမွှေလိုက်ပါ။

၈။ ပြီးမှ ကော်မှုန့် (စားပွဲတင်ဇွန်း၁ဇွန်း)ကို ရေအနည်းငယ်ဖြင့် ဖျော်၍ ဒယ်ထဲသို့ လောင်းချလိုက်ပါ။

၉။ လိမ္မော်အနံ့အရသာ မွှေးကြိုင်နေသည့် လီမွန် ကြက်သားကြော်ကို ထမင်းနဲ့ မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ….

25 comments

  1. hmone says:

    wow looking yummy and very nice…wana eat … don’t only treat to mkt…treat me too

    • chowutyee says:

ှုငါအမွှာလေးကို ပဲ ကျွေးချင်တာ.. ဖက်တီးက အတင်း လိုက်ကပ်စားနေလို့ မတတ်သာပဲ ကျွေးနေရတာ.. ဟီးဟီး

  2. Kay Kay says:

    Sis..Sauce အရည်ကို ပုံထဲမှာမတွေ့ဘူးနော်..အရည်က ကြက်သားကိုနည်းနည်းစိုရုံ ထည့်ရတာထင်တယ်နော်..

    • chowutyee says:

      ဆော့ရည်ချက်ပြီ ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့ပါ… ဆော့ရည်ကို စိုရုံပဲ မဟုတ်ပါဘူး။ ဆော့ရည်ချက်ပြီ ကြော်ထားသော ကြက်သားထည့်ကာ ကော်မှုန့်ထည့်လိုက်လို့ ကြက်သားနဲ့ ဆော့ရည်နဲ့ ရောမွှေလိုက်သလို ဖြစ်သွားတာပါ။ 🙂

  3. လီမွန် ကြက်သားကြော်။ တစ်ခါမှ စားဖူးဘူးးး။ မြည်းကြည့်ချင်တယ်။ ချိုချဉ် ဆိမ့်မွှေးလေး နေမှာနော်။ ကြုံရင် မြည်းကြည့်လိုက်ဦးမယ်။ စေတနာပါပါနဲ့ ဟင်းချက်နည်းလေးတွေကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    • chowutyee says:

      ဟီးဟီး ကျွေးဖို့ အခွင့်အရေးကြုံရင် ကိုကိုမောင်ကို ဟင်းတွေ အများကြီး ချက်ကျွေးချင်ပါတယ်နော်.. အင်္ဂလန်လာလည်မှ ကျွေးတော့မယ်.. 🙂

  4. ထမင်းဆိုင်ဖွင့်ဖို့ အစီအစဉ်မရှိဘူးလား
    ရှိရင်အကြောင်းကြားနော်
    ဘယ်လိုဘဲဖြစ်ဖြစ် ရောက်အောင် လာစားမယ်
    ဟဲဟဲ အလကားကျွေးနော်။
    အခု ကြက်သားချက်လေးလည်းကြိုက်တယ်
    ငါးနဲ့တော့ချက်စားဖူးတယ် ကြက်သားနဲ့ချက်ဖူးသေးဘူး
    စမ်းကြည့်မယ်..

    • chowutyee says:

      ဟီးဟီး… ထမင်းဆိုင်ဖွင့်ရင်တော့ ၀တ်ရည်အမျိုးသား စားတာနဲ့ အရှုံးပေါ်မှာ သေချာတယ်… 🙂

  5. နွေးနေခြည် says:

    ဒါမျိုးကို ဟော်တယ်မှာပဲ စားဖူးတာ။ ဆော့ကို အသီးကနေ ချက်တာဆိုတော့ လတ်ဆတ်နေမှာပဲ။ ကောင်းတယ်။ ကျေးဇူး ငရီး)

  6. Pearl Lin Phyu says:

    စားချင်စရာပဲ.. ချက်စားကြည့်ဦးမယ်…ကျေးဇူးတင်ပါတယ်နော်…

  7. nyimuyar says:

    စားလို့  ကောင်းမယ့်ပုံပဲ နည်းမျှတာ ကျေးဇူးပါ

  8. nyimuyar says:

    မုန့် လုပ်နည်းတွေ တွေ့ လို ဘဲသားမုန့်  လုပ်နည်းလေး များ သိရင် မျှဝေပါဦးလို့ 

    • chowutyee says:

      ဘဲသားမုန့်တော့ မလုပ်တတ်ဘူး… ဒါပေမယ့်တချက် ချက်နည်းလေး ရှာကြည့်ပေးပါ့မယ်… 🙂

      • nyimuyar says:

        မုန့် လုပ်စားနေကြမဟုတ်တော့ ဘယ်လို လုပ်ရမှန်းမသိလို့ ပါ။ နေရာတကာ လျှောက်မေးနေတာပဲ ဘယ်သူမှ သိပ်မသိကြလို့ ပါ။ ကျေးဇူးပါခင်ဗျာ။

  9. wai says:

    concentrated orange juice နဲ့ရောချက်လို့ရလား မ၀တ်ရည်။ ဒီမှာ orange တွေကဈေးကြီးနေတဲ့အချိန်မို့ပါ။

  10. ငယ်ဇော် says:

    Orange Chicken ဆိုပြီး ရယ်ဒီမိတ်ဗူးကို ဝယ်စားဖူးပါတယ်
    မဝတ်ရည်ရဲ့ ဒီပို့စ်လေးကို ဖတ်ပြီး ချက်စားကြည့်တာ အဆင်ပြေပါတယ်
    စားလို့လဲ ကောင်းပါတယ်
    ဘာဟင်းချက်စားရမှန်းမသိရင် မဝတ်ရည်ရဲ့ ဟင်းချက်နည်းလေးတွေ လာဖတ်ပြီး ချက်စားဖြစ်ပါတယ် 🙂
    Thanks a lot!

  11. khunmyo says:

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Golden Duck မှာ ငါးလီမွန်ဆော့စ်စားဖူးပီးတော့ lemon sauce ကိုလိုက်ဝယ်တာ မရပါ။ အခုလို ဖတ်ရတော့ အ၇မ်းကျေးဇူးတင်ပါတယ်….. နောက်လဲ ဟင်းချက်နည်း ထပ်တင်ပေးဦးနော် ….

  12. yeyewinmin says:

    very good
    thanks so much

Leave a Reply

Your email address will not be published. Required fields are marked *