ကြက်ခြေထောက် တုံယမ်းဟင်းချို
ကြက်ခြေထောက် တုံယမ်းဟင်းချို (၈ယောက်စာ)
ဒီ ကြက်ခြေထောက် တုံယမ်းဟင်းချိုက အရသာရော၊ အနံ့ပါ သင်းပြီ အလွန်ကောင်းမွန်သော ဟင်းချို တစ်ပွဲပါပဲ။ ဒီချက်နည်းလေးကို ၀တ်ရည် အကိုကြီးဆီမှ တောင်းယူပြီ ချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ တုံယမ်းဟင်းချိုက ထိုင်းစတိုင် ဟင်းလျာများနှင့်လည်း အလွန်လိုက်ဖက်ပါတယ်။ တုံယမ်းဟင်းချိုကောင်းကောင်း ကြိုက်သူများအတွက် ချက်နည်းကို မျှဝေပေးလိုက်ပါတယ်…
အဓိက ပါဝင်သောပစ္စည်များ
၁။ ကြက်ခြေထောက် -၁၀ခု (တ၀က်ဝက်ပါ)
၂။ တုံယမ်း (အခဲ) – ၂တုံး
၃။ တုံယမ်း အနှစ် – တ၀က်
၎။ အုန်းနို့ – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ ငုန်းဥ -၁၀လုံး (အရင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
ပါဝင်သော ဟင်းရွက်များ
၁။ ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
၂။ မုန်လာဥနီ – ၂ခု (အ၀ိုင်း ပါးပါးလှီးပါ)
၃။ မျှစ်(အချို) – ၅ခု (အ၀ိုင်း ပါးပါးလှီးပါ)
၎။ ပြောင်းဖူးသေး – ရခု (အစောင်း ပါးပါးလှီးပါ)
၅။ ပဲပြား – ၁တုံး ( အရှည်ပါးပါး လှီးပါ)
၆။ Tofu – ၂ခု ( အ၀ိုင်း လေးများ လှီးပြီ ဆီများများဖြင့် ပြန်ကြော်ထားပေးပါ)
ရ။ သံပရာသီး – ၁လုံး
၈။ နံနံပင် – ၁စည်း ( ပါးပါးလှီးပါ)
၉။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၁၀။ ပဒယ်ဂေါ – ၁ခု (ပါးပါးအစောင်း လှီးပါ)
၁၁။ ရှမ်းနံနံ – အနည်းငယ် (ပါးပါးလှီးပါ)
၁၂။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်ဆင်းပါ)
၁၄။ ငရုတ်သီးစိမ်း – ၄ခု ( တ၀က်ဝက်ပါ)
အရသာအတွက် ပါဝင်သောပစ္စည်များ
၁။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပြင်ဆင်ထားပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ခြေထောက်များကို ရေစင်အောင် ဆေးပြီ တ၀က်ပိုင်းလိုက်ပါ။
၂။ ပြီးလျှင် ဒယ်အိုးကြီး တစ်ခုထဲ ရေ ၃၀၀ မီလီ လီတာမျှ ထည့်ပြီ ကြက်ခြေထောက်များ နူးသည်အထိ တည်ထားပေးပါ။
(မှတ်ချက်။ ။ ၀တ်ရည်က ကြက်ပြုတ်ရည် လိုချင်၍ ကြက်ခြေထောက်များကို ထည့်ပြုတ်ခြင်း ဖြစ်ပါသည်။ အကယ်၍ တုံယမ်းချက်မှ ကြက်ခြေထောက်များ ထည့်ချက်လျှင်လည်း ရပါသည်)
၃။ ယခု တုံယမ်း ဟင်းချို စချက်လို့ ရပါပြီ။
၎။ တုံယမ်းချက်ရန် ဒယ်ပြားကြီး တစ်ခုထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ကြက်သွန်ဖြူ၊ နီ၊ ပဒယ်ဂေါ၊ ငရုတ်သီးစိမ်းများ ထည့် မိနစ်ဝက်မျှ ဆီသပ်ပေးပါ။
၅။ ပြီးမှ ဟင်းရွက်များဖြစ်သော (မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ခရမ်းချဉ်သီး၊မျှစ်) တို့ကို ထည့်ရောမွှေလိုက်ပါ။
၆။ ထို့နောက် ကြက်ခြေထောက်ပြုတ်ထားသော ကြက်ပြုတ်ရည်များနှင့် ကြက်ခြေထောက်များကို ဒယ်ထဲ ဖြည်းဖြည်းခြင်း လောင်းချလိုက်ပါ။
ရ။ အဖုံးအုပ်၍ ၂မိနစ်မျှ ဆူပွက်အောင် တည်ထားပေးပါ။
၈။ ပြီးနောက် တုံးယမ်းအခဲနှင့် တုံယမ်းအနှစ်များကို ထည့်၍ ရောမွှေလိုက်ပါ။
၉။ အရသာ အနေတော်လျှင် ငုန်းဥ၊ ပဲပြား၊ Tofuထည့်လိုက်ပါ။
၁၀။အရသာ အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့်၊ ငါးငံပြာရည်၊ သံပရာရည်တို့ကို ထည့်လိုက်ပါ။
၁၁။ နောက်ဆုံးမှ အုန်းနို့ ထည့်မွှေလိုက်ပြီ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံတို့ အုပ်ပေးပြီ ထိုင်းစတိုင် အရသာရော၊ အနံ့ရော သင်းပျံ့နေသည့် တုံယမ်းဟင်းချိုကို သုံးဆောင်နိုင်ပါပြီ…
47 comments
  1. nyinyi says:
    ညီမလေး ပဒယ်ကော ဆိုတာ ဘယ်လိုဟာမျိုးလဲ
    ညီမလေးချက်တာစားချင်စ၇ာလေး
    ကျေးဇူး
    • chowutyee says:
      ဟီးဟီး ပဒယ်ကောကို ဘယ်လို ရှင်းပြရမှန်းတော့ မသိဘူး… ပဒယ်ကော မရှိရင် စပါးလင် ထည့်ချက်လည်း ရပါတယ်… အနံ့မွှေးအောင်ပါ… 🙂
      • boletyone says:
        ပဒဲ​ကောက စပါးလင်​နဲ့တူ​ပေမယ့်​ အရသာမတူ ပဒဲ​ကောကအပူအရသာပါ် အစပ်​မဟုတ်​ပါ
        အာပူ လျာပူထဲထည့်​သည်​ အပူအရသာမှာပဒဲ​ကောအရသာပင် 
      •ွှThu Rah says:
        မ၀တ်ရည်ရေ
        နာမည်ကြီး တုံယမ်းကွမ်း(သို့) တုံယမ်းသလေး(ပုဇွန်+ပြည်ကြီးငါး+ပင်လယ်စာ) လုပ်တာလေး ပြောပြပါလားဗျာ။အထက်ပါနည်းနဲ့ ခပ်စင်စင် တူမယ်ထင်တယ်၊ နို့စိမ်း လည်းထဲ့တာတွေ့တယ်ဗျ၊ ထိုင်းမှာတော့ နာမည်ကြီးတယ်နော်။
        အချက်အပြုတ် ၀ါသနာအိုးတွေအတွက် တော့ မ၀တ်ရည်ရဲ့ ဆိုဒ်လေးက တန်ဘိုးရှိလိုက်တာဗျာ။
    • haymar says:
      @Nyi Nyi
      ပဒဲကော – http://en.wikipedia.org/wiki/Galangal
  2. nyinyi says:
    ကြက်သားတောက်တောက်ကြော်လုပ်နည်းလေးသိ၇င်ပြောပြပေး
    ပါလားလုပ်စားကြည့်ချင်လို့
    ကျေးဇူးတင်ပါတယ်
  3. nyinyi says:
    ပြောင်းဖူးမှုန့်နဲ့ကော်မှုန်ုတူလား
    ဒီညလုပ်စားကြည့်မလို့အိမ်မှာပြောင်းဖူးမှုန့်ဘဲ၇ှိလို့
    ကျေးဇူးနော်
    • chowutyee says:
      ဟုတ်ကဲ့ ကိုညီညီ ကော်မှုန့်နဲ့ ပြောင်းဖူးမှုန့်က တူတူပါပဲ… လုပ်စားကြည့်ပါနော်…
  4. ကြက်ခြေထောက်ကို ဘယ်လိုလုပ်လုပ် ကြိုက်တယ် လာထားဘဲ
    တုံယမ်ကိုလည်း ချဉ်စပ်လေးဆိုတော့ ကြိုက်တယ်..
    ဒီဟင်းလည်း စိတ်ဝင်စားတယ်
    စားကြည်ံ့မယ်
    • chowutyee says:
      မချော လုပ်စားကြည့်ပါနော်.. ဒီတုံယမ်းဟင်းက တကယ်စားလို့ ကောင်းတယ်…
  5. မခိုင် says:
    အရမ်းကြိုက်တဲ့ ဟင်းတခုပါ ဝတ်ရည်ရေ ..
  6. haymar says:
    ကောင်းတယ်ဝတ်ရည်ရေ
    @Nyi Nyi
    ပဒဲကော – http://en.wikipedia.org/wiki/Galangal
  7. yin yin says:
    what is the difference between tofu and pae pya? I though that they are same. Pls explain to me..
    • chowutyee says:
      တို့ဟူးနဲ့ ပဲပြားက တူတူပါပဲ။ မတူတာက မြန်မာပဲပြား၊ ဂျပန် ပဲပြား၊ ဆိုပြီ နူညံ့ပြီ စားလို့ ပိုကောင်းတာ ဒီဟင်းနဲ့ ပိုလိုက်ဖက်တာပဲ ကွဲသွားတာပါ။ ဒီဟင်းမှာ ဆိုရင် ပဲပြားဆိုရင် မြန်မာပဲပြားကို ပြောချင်တာပါ။ တို့ဟူးဆိုတာတော့ ဂျပန်ပဲပြား အ၀ါအလုံးလေးတွေကို ဆိုလိုချင်တာပါ.. ကျေးဇူးပါ…
  8. Norvin says:
    ရေက 500 Liter ဆို တော်တော် များမယ်နော်…..
း)
  9. aungmin says:
    တုံ့ ယမ်း အခဲ-အနှစ် ကဘယ်လိုဟာမိုးလဲ မသိဘူး ကျေးဇူးပြုပြီး ဓါတ်ပုံလေးနဲ့ တင်ပေးပါ
    • admin says:
      တုံယမ်းအနှစ်၊ အခဲလို့ မေးပြီ supermarket တိုင်းမှာ ၀ယ်လို့ရပါတယ်
  10. ရွှေဝါသန်း says:
    တုံယမ်းဟင်းအနှစ်ဆိုတာ ဘယ်လိုမျိုးလဲ
    Ready Made ၀ယ်လို့ရလား ဘယ်လိုချက်ရတာလဲ
  11. သီတာ says:
  12. myint win says:
    ကျွန်တော်ကအစ်မရဲ့ website လိပ်စာအခုမှသိရတယ်
    ကိုဝါသနာပါတဲ့ချပြုတ်နည်းတွေကိုအသေးစိပ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    ရွှေကြည်မုန့်ကျောက်ကျောမုန့်လုပ်နည်းများလည်းတင်ပေးပါဦး
  13. Than Htwe says:
    လေးစားရပါသော မဝတ်ရည်
    ကျွန်တော်က Executive Chef တစ်ယောက်ပါ ။ကျွန်တော် ဟိုတယ်လုပ်ငန်းကို ၁၉၉၂ ဖေဖ်ါဝါရီ ထဲက လုပ်ခဲ့တာဆိုတော့ Kitchen လုပ်သက် အနှစ် ၂၀ ကျော် တော့ရှိပြီဆိုပါတော့..ဒီကာလအတွင်းမှာ over sea တွေလဲသွာရောက် လုပ်ကီုင်ခဲ့ပါသေးတယ် ။ ယိုးဒယားမှာဆို ၂၀၀၃ ဧပြီ မှ ၂၀၀၈ ဒီဇင်ဘာလအထိ
    ၅ နှစ် နဲ့ ၈ လလောက် ဟိုတယ်စားဖိုမှုး လုပ်ခ၊ဲ့ပါသေးတယ်။ ကျွန်တ်ာအလုပ်လုပ်ခဲ့တဲ့ Pattya ကမ်းခြေက Red Snapper ဟိုတယ်ဟာ ယိုးဒယားမှာဆိုရင် Top Ten စာရင်းဝင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးပါ ( ဆောရီးနော် ပြောချင်တဲ့ အဓိကအချက်ဆီမရောက်သေးဘူး ) ကျွန်တော်ပြောချင်တာကတော့ Tom Yum Soup အကြောင်းပါ ။ Tom Yum Soup ကို ယိုးဒယားမှာ အဓိကအားဖြင့် Tom Yum Goong ( ပုဇွန်နဲ့ )။ Tom Yum Kai ( ကြက်သားနဲ့ )။ Tom Yum Talay ( Sea Foods နဲ့ )။Tom yum Pla ( ငါး နဲ့ )။ အဓိကထားချက်ကြပါတယ် ။ ဒီနေရာမှာ နဲနဲ ကွာဟနေတာလေးတွေတွေ့ရလို့ အခုလိုရေးလိုက်တာပါ ။ ယိုးဒယား တုံရမ်းမှာ ( အုန်းနို့ ) လုံးဝ မသုံးပါဘူး Evaporated Milk လို့ခေါ်တဲ့နို့စိမ်းကိုသုံးတာပါ ။ Tom Yum Soup ထဲမှာ ( ဥနီ၊ မျှစ် ၊ ပြောင်းဖူး ၊ ပဲပြား ၊ တိုဟူး ၊ ) အဲ့ဒါတွေမပါ ပါဘူး ။ အဓိကပါဝင်ပစ္စည်းတွေကတော့ ( ကောက်ရိုးမှို ၊ ခရမ်းချဉ်သီး ၊ စပါးလင် ၊ ပတဲကော ၊ ငြုပ်သီးစိမ်း ၊ ကြက်သွန်နီ ၊ နံနံပင် ၊ တုံရမ်းအနှစ် ၊ သံပုရာသီး ၊ငံပြာရည် ၊ သကြား ၊ ကြက်သားမှုန့် ၊ Evaporated Milk ၊ နဲ့ ကြက် (သို့) ပုဇွန် ၊ နှစ်သက်ရာ ကို ထည့်ချက်နှိုင်ပါတယ် ။ အုန်းနို့နဲ့ ချက်တဲ့ဟင်းချိုတစ်မျိုး ရှိသေးတယ် ဒီဟင်းချိုကို အများအားဖြင့် ကြက်သားနဲ့ ချက်ကြတာမို့ Tom Kha Kai လို့ခေါ်ပါတယ် ။ Tom Yum မှာတော့ အုန်းနို့ လုံးဝ မသုံးပါဘူး ( ဒါ ကျွန်တော် သိခဲ့တာလေးကို အကြံပြုပေးတာပါ ။ ဝေဖန်တယ်လို့ တော့မထင်လိုက်ပါနဲ့နော် ) နားလည်လက်ခံနှိင်ပါစေ ။မဝတ်ရည်ကို အစဉ်လေးစားလျှက်ပါဗျာ ။
    • admin says:
      ခုလို သေချာ ရှင်းပြပြောပြပေးတာပဲ ကျေးဇူးတင်နေပါပြီ။ ၀တ်ရည်က တုံယမ်းဟင်းချိုဆိုရင် အုန်းနို့ပါတယ်ပဲ ထင်နေခဲ့တာ။ ၀တ်ရည်ကလည်း ကျေးဇူးပါနော်.. 🙂
  14. GuGU says:
    အမ ပဒယ်ကော ကိုဈေးမှာဘယ်လိုပြောဝယ်ရလဲ?
    • admin says:
      ဟင်းရွက်စုံ ရောင်းတဲ့ အတန်းမှာ ပဒယ်ဂေါလို့ မေးဝယ်ရင် ရပါတယ်။ ကျေးဇူးပါ
  15. khine says:
    လုပ်စားကြည့်အုံးမယ်မမရေthank
  16. ayemyathu says:
    မ၀တ်ရည်ရေ ကျေးဇူးပြုပြီးကြေးအိုးချက်နည်းလေးသိချင်ပါတယ်။အခုရှာနေတာမတွေ့ တော့လို့ ပါ။
    ကျေးဇူးတင်ပါသည်။
  17. Tin Zar says:
    အမရေ ဂျပန်တို့ဖူး အသုံးပြုပုံလေးရေးပေးပါအုံး၊ တို့ဖူးကြော်တိုင်း အဆင်မပြေဖြစ်လို့ပါ။
    • admin says:
      တို့ဟူးကြော်တဲ့အခါ တို့ဟူးမြုပ်အောင် ဆီများများ ထည့်ပေးပြီ ကြော်ပေးပါ…
  18. kham says:
    A ma ka sone ma dar lal nar khan pyi thank pyan pyaw dar myin taw…
    Lay sar tal a ma..
    Thank you naw..
  19. rose says:
    မဝတ်​ရည်​ ဗနီကာဆိုတာဘာလဲဟင်းမသိလို့ပါ ပီ​တော့တန်​ပူရာက​ရောဘာလဲဟင်း ရှင်းပြ​ပေးပါ​နော်​ ဘယ်​မှာရန်​င်​မလဲဆိုတာကိုပါ​ရေးပြ​ပေးပါ​နော်​ အမြန်​ဆုံးReplyလုပ်​​ပေးပါမဝတ်​ရည်
  20. moemaung says:
    ကျေးဇူးတင်ပါတယ်
  21. moh moh says:
    တုန့်​ယမ်းဟင်းချိုချက်​နည်းကိုသိရလို့အရမ်း​ကျေးဇူးတင်​ပါတယ်​။ဒီထက်​ပိုမို​အောင်​မြင်​မှု​တွေရပါ​စေ။
  22. Ko min thu says:
    ကြက်ခြေထောက် နဲ့ ချက်လို့ရ တာ မသိ ဘူး ။ ကျေးဇူးပါဘဲ အစ်မ ချက်ကြည့်လိုက်ဦးမယ်
  23. yethiha says:
    အုန်းနို့ ထည့်​လို့ မရဘူးလား
    ထိုင်း အစားအစာ ​လေး​တွေထပ်​တင်​​စေချင်​တယ်
  24. yethiha says:
    ထိုင်း ဝက်​​ခြေ​ထောက်​ ​ပေါင်းနည်း​လေး သိချင်​လို့ပါ
  25. Chit Po Po says:
    တုံယမ်းဟင်းချို အရမ်းကောင်းတယ် ချက်ကြည့်တာ ကျေးဇူးပါ Sis ရေ
Leave a Reply to ရွှေဝါသန်း Cancel reply
Your email address will not be published. Required fields are marked *