ဟင်းလျာ-၁၀၀ပြည့် အထိမ်းအမှတ် ”ကြက်သားတို့ဟူး မြေအိုးဟင်း”

ဟင်းလျာ-၁၀၀ပြည့် အထိမ်းအမှတ် ”ကြက်သားတို့ဟူး မြေအိုးဟင်း”

-Wutyee Food House ကို ၀တ်ရည်စလုပ်ဖြစ်တာ ဒီဇင်ဘာလ ၁၅ရက်နေ့ကပါ။ ဟင်းလျာ အမျိုးပေါင်း ၁၀၀ပြည့်နေ့ အထိမ်းအမှတ်တရ အနေနဲ့ ဒီ post လေးကို တင်လိုက်ခြင်း ဖြစ်ပါတယ်။

-၀တ်ရည်ရဲ့ အဓိက အလုပ်ကတော့ စာရေးသားခြင်း ဖြစ်ပြီ စာရေးဆရာမ တစ်ဦး ဖြစ်ချင်သူပါ။ ဟင်းချက်တာကတော့ ၀တ်ရည်ဘ၀ရဲ့ ဒုတိယအရေးဆုံး အရာ တစ်ခုပါ။ တစ်နေ့လောက် ဟင်းမချက်ဖြစ်ရင် ရင်ထဲမှာ ဟာတာတာလေး ဖြစ်နေတတ်ပါတယ်။ ၀တ်ရည် ၂၀၀၈ ခုနှစ် Staresourse မှာဟိုတယ် ဟင်းအချက်ပြုတ်နည်းကို စေတနာ အပြည့်ဖြင့် သင်ပေးခဲ့သော ၀တ်ရည်ရဲ့  ဆရာများကိုလည်း ခုထိ ရင်ထဲက ကျေးဇူးတင်လို့ မဆုံးပါဘူး။

-နောက်ထပ် ဟင်းလျာ ၂၀၀ပြည့် အထိမ်းအမှတ်နေ့လေးကိုလည်း ပြုလုပ်ချင်ပါသေးတယ်။ ဟင်းလျာသစ်များကို တတ်နိုင်သမျှ ဆက်လက်တင်ရှိသွားမှာလည်း ဖြစ်ပါသည်။

-Wutyee Food House မှာအားပေးသော ဟင်းချက်ဝါသနာတူ ညီအကို၊မောင်နှမများ အားလုံးကို အထူး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းပါ။

”ကြက်သားတို့ဟူး မြေအိုးဟင်း”

ပါဝင်သောပစ္စည်းများ

၁။ ကြက်သား (ရင်ဗုံသား) – ၂၀ကျပ်သား (အပါးအစောင်းလှီးပါ)

၂။ တို့ဟူး – ၂ခု (အ၀ိုင်းအတုံးလေးများတုံးပါ)

၃။ မုန်ညင်းစိမ်း(တရုတ်မုန်ညင်း) – ၁စည်း (၁လက်မအရွယ် ပါးပါးလှီးပါ)

၎။ မုန်လာဥနီ – ၁ဥ (ပါးပါးလှီးပါ)

၅။ မျှစ်(ချို) – ၃ခု (ပါးပါးလှီးပါ)

၆။ ကော်မှုန့် – စားပွဲရည်ဇွန်း ၁ဇွန်း (ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ)

ရ။ ကြက်ပြုတ်ရည်(သို့)ရေ – လက်ဖက်ရည် ပန်းကန်ုးလုံး ၁လုံးစာ

၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

အရသာ အတွက် ပါဝင်သောပစ္စည်းများ

၁။ ငရုတ်ကောင်းမှုန့်  – လက်ဖက်ရည်ဇွန်း တ၀က်

၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း

၎။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ

၅။ ဆား၊ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ချက်ပြုတ်နည်း

၁။ အ၀ိုင်းလေးများ တုံးထားသော တို့ဟူးများကို ဒယ်ထဲ ဆီဆီများများထည့်၍ အညှိရောင်သန်းသည်အထိ ကြော်ပေး၍ ပန်းကန်တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။

၂။ ပြီးလျှင် ပါးပါးအစောင်းလှီးထားသော ကြက်သားများကို (ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ရောနယ်လိုက်ပါ။

၃။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၎။ ထို့နောက် ဒယ်ထဲသို့ ရောနုယ်ထားသော ကြက်သားများကို ထည့်ပြီ မွှေလိုက်ပါ။

၅။ နောက်မှ မုန်လာဥနီ၊ မျှစ်တို့ကို ထည့်ပြီ ကြက်ပြုတ်ရည်များကို လောင်းချလိုက်ပါ။

၆။ အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကျန်ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ရောထည့်မွှေလိုက်ပါ။

ရ။ အရသာအနေတော်လျှင် ကြော်ထားသော တို့ဟူးများကို ထည့်မွှေလိုက်ပါ။ ပြီးမှ ဒယ်ထဲမှ မြေအိုးထဲသို့ ပြောင်းထည့်ပေးပါ။

၈။ မြေအိုးကို မတည်ခင် မုန်ညင်းရွက်များထည့်ပြီ အဖုံးအုပ်၍ ၁မိနစ်ခန့် မြေအိုးကို မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။

၉။ မြေအိုး ပွက်ပွက်ဆူလာမှ ဖျော်ထားကော်ရည်ကို အဖုံးဖွင့်၍ လောင်းချပြီ ရောမွှေလိုက်လျှင် အရသာအထူးကောင်းမွန်သည့် ကြက်သားတို့ဟူး မြေအိုးဟင်းကို ထမင်းဖြင့် ပူပူနွေးနွေး စားသုံးနိုင်ပါပြီ….

29 comments

  1. hmone says:

    wow congratulation for 100th curries 🙂 look ver yummy…so i can eat 100 curries when i come back home lol 😛 i will be elephant for sure hee

    • chowutyee says:

      ဟုတ်သားပဲ.. ကိုယ်ပြန်လာရင် ဟင်းလျာ အမျိုး ၁၀၀တောင် စားရမှာ.. မှုံကြီး ကိုယ်ဝသွားရင်၊ ငါနဲ့ ဆိုင်ဘူးနော်.. ငါကတော့ ကျွေးမှာပဲ.. ဟီးဟီး.. 😛

  2. Nai says:

    Wutyee,

    Congrats! Hope you can write more in the future.
    Thanks for sharing.

  3. ဟင်းလျာ (၁၀၀) ပြည့်ပွဲကို တက်ရောက်လာပါတယ် မဝတ်ရည် … ။
    ဒီထက် ဆန်းသစ်ပြီး၊ ဒီထက် ပိုလို့ ခံတွင်းမြိန်စေမယ့် ဟင်းလျာများကို
    တီထွင်ဖန်တီး ချက်ပြုတ် တင်ဆက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း … ။

    ခင်မင်လေးစားစွာဖြင့်
    အိပ်မက်ရှင်

  4. ဟင်းချက်နည်း ၂၀၀ပြည့်ရင် အပြင်မှာ တကယ်ကျွေးရမယ်နော်.. ဒါဘဲ
    မကျွေးလို့ကတော့ အသိဘဲ။
    မြန်မြန် ၂၀၀ပြည့်ပါစေ။။း)

    • chowutyee says:

      ဟားဟား.. ဟုတ်ကဲ့ပါ မချော ဟင်း၂၀၀ပြည့်လို့မှ မကျွေးရင် အ၇ိုက်ခံရတော့မှာ သေချာတယ်.. ကျွေးပါ့မယ်… promise..ဟီးဟီး.. ပေးတဲ့ဆုနဲ့ ပြည့်၇ပါစေ… 🙂

  5. Kay Kay says:

    ကျေးဇူးပါပဲ မမ၀တ်မှုန်ရေ… တကယ်ချက်စားဖြစ်ပါတယ်..မမကို ကျေးဇူး 🙂

    • chowutyee says:

      ကေကေရေ… ချက်စားဖြစ်လို့လဲ ၀တ်ရည်က ကျေးဇူးပါနော်.. ဟီးဟီး ၀တ်မှုံ မဟုတ်ဘူး။ ၀တ်ရည်ပါ… ၀တ်ရည် အမွှာနံမည်ကမှ ၀တ်မှုံပါ.. ဘာပဲခေါ်ခေါ် တူတူပဲပေါ့နော်.. 😛

  6. avocado says:

    ဟင်းလျာ၁၀၀ပြည့်မှသည် နောင်ဟင်းလျာများစွာတိုင်စေသော်ဝ်

  7. Soe Ei Ei Phyu says:

    အစ်မ၀တ်ရည်

    ဒီထက်ပိုဆန်းသစ်တဲ့ ဟင်းလျာတွေ အများကြီင်္းချက်ပြီး Post တင်နိုင်ပါစေ…… လို့ ဆုတောင်းပေးလျက်

    အမြဲတမ်း အားပေးနေမယ်နော်။

  8. fkthet says:

    ချိုရေ စိုက်ပျိုးေ၇းကျောင်းသူဖြစ်လို့ စီနီယာတန်းက အမကြီးအနေနဲ့ဂုဏ်ယူမိပါတယ်။ အမက ၁၉၇၉ ခုနှစ်က ကျောင်းဆင်းပါတယ်။ အချက်အပြုတ်ဝါသနာပါပေမဲ့ ဗမာဟင်းတော့မဟုတ်ဖူး။ ကချင်ပြည်နယ်သူပီပီ အစားအသောက်ကအပြတ်ခုံမင်တယ်။ ရေဆင်းအကြောင်းသိတဲ့အတိုင်းဘဲ ပိုက်ဆံရှိလည်းစားစရာမရှိဘူး။ ဒီတော့ကိုယ်တိုင်လုပ် စားရင်းနဲ့။ အများကြီးကောင်းပါတယ်။ လုပ်ဖြစ်တယ်လေ ဆွမ်းလောင်းဖြစ်တယ်။ ဟင်း ဖြစ်ဖြစ်မုန့်ဖြစ်ဖြစ် တခွက်ပေါ့
    မေတ္တာဖြင့်
    အမကြီး

  9. saishwemern says:

    Hi; sis
    thanks; I love cooking very much and tomorrow I’m gonna try some of Yours.
    sharing Ur knowledge with a kind heart ,as a reaction ,I’m sure, all the goodness n happiness will be falling upon u forever ever again n again.
    this the way I believe in life too. cheers bye

  10. saw myat nwe says:

    wutyee… congrats… I like u r blog! u r cooking!thanks for sharing!!!

  11. Aye Yu Maw says:

    နှစ်တစ်ရာပြည့် ဟင်းလေးကိုကြိုက်သွားပြီအစ်မရေ။
    နောက်နှစ်တွေမှာလည်းအသစ် အသစ်တွေတင်နိုင်ပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်နော်

  12. […] ကြက်သားတို့ဟူး မြေအိုးဟင်း […]

  13. rose Liu says:

    ညီမေ၇း စားသောက်ဆိုင်မှာ chicken hotpot, seafood hotpot တို့ကို မမ အမြဲစားတက်တယ်။ ဒီတခါတော့ ဝယ်စားဖို့မလိုတော့ဘူး။ မမ လုပ်စားကြည့်တာဆိုင်ကချက်တာနဲ့တူတူပဲ။ အဲ့ကြောင့် ဝတ်၇ည်လေးကိုအ၇မ်းကျေးဇူးတင်မိပါတယ်။ ဝတ်၇ည်တင်ထားတဲ့ တခြားချက်ပြုတ်နည်းတွေကိုလည်း မမချက်စားဖြစ်ပါတယ်။ နောက်ဆို၇င် တခုချက်တိုင်း မမ ကော်မန်းတင်ပေးပါ့မယ်နော်။

  14. mama says:

    နေ့စဉ်တွဲဖက်ပြီးစားလို့ရတဲ့ဟင်းစရင်းလေးတင်ပေးပါလားမမ
    ဥပမာဝက်သားအချိုချက်နဲ့ချဉ်ပေါင်ဟင်းတို့အဲ့လိုအရွက်တခွက်အသားတခွက်အကြော်တခွက်lunch planလေးတင်ပေးပါလားမမ။
    အားပေးနေမယ်။

  15. than than myint says:

    ဟင်းချက်နည်း‌အသစ်ေ တွကိုလည်းထပ်ပြီးတင်ေ ပးပါေ နာ်၊အရမ်းေ ကျးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *