ပုဇွန်လုံး ချိုချဉ်ကြော်
ပုဇွန်လုံး ချိုချဉ်ကြော်
လွယ်လွယ်ကူကူ ညနေစာ ပုဇွန်လုံး ချိုချဉ်ကြော်လေးပါ။ ဟင်းရွက်အစုံနှင့်မို့ ကျန်းမာရေးနှင့်လည်း ညီညွတ်ပြီ စားလို့ တော်တော်ကောင်းပါတယ်။ တူတူ လုပ်စားကြအောင်…
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်ဘော်ကျိစ် – ၂၀ကျပ်သား (အခွံနွှာ၊ ခေါင်းဖြုတ်ပြီ နှုတ်နှုတ်ဆင်းပါ)
၂။ မုန်လာဥနီ – ၃ခု ( အ၀ိုင်းလေးများလှီးပါ)
၃။ ဘိုးစားပဲ – ၁စည်း (အစောင်းလေးများ လှီးပါ)
၎။ ပြောင်းဖူးသေး – ၇ခု (အ၀ိုင်းလေးများလှီးပါ)
၅။ မုန်ညင်းရွက် (တရုတ်) – ၁စည်း ( ၃ပိုင်းပိုင်းပါ)
၆။ ကော်မှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
၇။ ကြက်ဥအနှစ် – ၁လုံး
၈။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၀။ ကြက်သွန်မြိတ် – တ၀က် (ပါးပါးလှိးပါ)
၁၁။ ကြက်သွန်နီ – ၂ဥ (၄စိပ်စိပ်ပါ)
ဆော့ရည်တွင်ပါဝင်သော ပစ္စည်းများ
၁။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ဆန်ဗနီဂါ – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၅ဇွန်း
၎။ ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ချက်ပြုတ်နည်း
၁။ နှုတ်နှုတ်ဆင်းထားသော ပုဇွန်ကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်ဥအနှစ်၊ ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး သမအောင် နုယ်ပါ။
၂။ နုယ်ထားသော ပုဇွန်များကို အလုံးလေးများ လုံးပေးပြီ ကော်မှုန့်ကပ်ပေးပါ။
၃။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်ပြီး ဆီပူလာလျှင် ပုဇွန်လုံးများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၅။ ပြီးမှ ဇကာနဲ့ ပြန်ဆယ်ပြီး ပန်းကန်ပြားတစ်ခုထဲ ဆယ်ထည့်ထားပေးပါ။
၇။ ပုဇွန်လုံးချိုချဉ် မကြော်မီ ဆော့ရည်တွင် ပါဝင်သောပစ္စည်းများ (ဗီနီဂါ၊ ပဲငံပြာရည်၊သကြား၊ရေ) အားလုံးကို ရောမွှေပြီး ခွက်တစ်ခုထဲ ထည့်ထားပေးပါ။
၆။ ဒယ်တစ်ခုထဲ ဆီဲ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူထည့် ဆီသပ်ပေးပါ။
၇။ ပြီးလျှင် ၄စိပ်စိပ်ထားသော ကြက်သွန်နီများကို ထည့်မွှေပေးပါ။
၈။ ထို့နောက် မုန်လာဥနီ၊ ဘိုစားပဲ၊ ပြောင်းဖူးသေး အားလုံးကို ထည့်ကြော်ပေးပြီး ဟင်းရွက်များနူးရန် ရေအနည်းငယ်ထည့်ပေးပါ။
၉။ အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။
၁၀။ ပြီးမှ ကြော်ထားသော ပုဇွန်လုံးများ နှင့် မုန်ညင်းရွက်များကို ထည့်လိုက်ပါ။
၁၁။ နောက်ဆုံးမှ ဆော့ရည်တို့ကို ထည့်ပြီး ဟင်းရွက်များနှင့် ရောမွှေလိုက်ပါ။
၁၂။ ပြီလျှင် ကော်မှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ရေဖြင့် ဖျော်ပြီ လောင်းချလိုက်လျှင် အရသာကောင်းမွန်ပြီ ထမင်းနှင့် တွဲဖက်သုံးဆောင်နိုင်မည့် ပုဇွန်လုံးချိုချဉ်ကြော်ကို သုံးဆောင်နိုင်ပါပြီ….
၁၁။ ပြီးမှ ကော်မှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ရေအနည်းငယ်ဖြင့် ဖျော်၍ လောင်းထည့်ပြီး မွှေလိုက်ပါ။
22 comments
  1. hmone says:
    sar chin tal ku treate me ok?
    • chowutyee says:
      ကိုယ်ကို ငါtreat လိုက်ပြီ။ စိတ်ကြိုက်တာ စားတော့ မှုံကြီးေ၇.. 🙂
  2. Pearl Lin Phyu says:
    အရမ်းကျေးဇူးတင်တာပဲ.. အလွန်ကြိုက်..နောက်ပြီး ၀က်သားလုံးကြော် ကြော်နည်းလေး အဆင်ပြေရင် ပြောပြပါနော်… ကိုယ့်ဘာသာရမ်းပြီး ကြော်စားကြည့်တာ စားလို့ကောင်းဘူး.. ဆိုင်ကနဲ့လဲ တူဘူး..မ၀တ်ရည်ရဲ့နည်းနဲ့ ခေါက်ဆွဲကြော်တာလေ..ဆိုင်ကအတိုင်းပဲသိလား..အလွန်ကောင်း.. ကျေးဇူးကမ္ဘာနော်..
    • chowutyee says:
      (သို့မဟုတ်)
      ဂျုံ မကပ်ပဲ ပါမုန့်ခြောက်လေးတွေ ကပ်ပြီ ကြော်စားရင်လည်း စားကောင်းပါတယ်.. 🙂
      Thanks Pearl too!
  3. Pearl Lin Phyu says:
    မ၀တ်ရည်ရေ..တစ်ခုလောက်မေးချင်လို့..ဒီမှာ ဂျော့ပုဇွန်ရဘူး..ရိုးရိုးပုဇွန်ကိုပဲ ကြိတ်ရင်ရပါတယ်နော်..ကျေးဇူးနော်..
    • chowutyee says:
      Pearl ရေ ရိုးရိုးပုဇွန်နဲ့လည်း အဆင်ပြေပါတယ်.. လုပ်စားကြည့်ပါအုန်းနော်.. ကျေးဇူးပါ….
  4. Nai says:
    Wutyee ..It looks so yummy . I’ll definitely try this. Thanks heaps!
  5. ချော says:
    စားချင်လိုက်တာ
    ဒီပုဇွန်ချိုချဉ်လဲ တကယ်လုပ်စားဦးမယ်…
    အရောင်လေးလဲလှ အရသာလေးလဲကောင်း
    ရှယ်ဘဲနေမှာ..
    ဆွေမျိုးမေ့သွားရင် ဒုက္ခနော်
    • chowutyee says:
      ဟီးဟီး ဆွေးမျိုးမေ့ ပုဇွန်လုံးချိုချဉ်ကြော်လို့ နံမည်ပြောင်းလိုက်ရင် ကောင်းမယ်နော.်. လုပ်စားကြည့်ပါ မချော။ တကယ်စားကောင်းတယ.်.. 😛
  6. Pearl Lin Phyu says:
  7. TTSweet says:
    ဟင်းချက်နည်းတွေ စုံနေတာပဲ။ လင့်ခ်လေးယူသွားပါတယ်။ ပုဇွန်လုံးချိုချဉ်က စားချင်စဖွယ်လေး။ ခဏခဏ ရောက်ဖြစ်တော့မှာပဲ။
  8. Khine says:
    ma wutyee yay… today i cooked it according to your recipe and it was quite sweet… should we reduce the ratio of sugar in the sauce since it was 5 spoons?
    • chowutyee says:
      အချိုမကြိုက်ရင် သကြားကို ၂ဇွန်းခွဲမှ ၃ဇွန်းပဲ ထည့်လည်းရပါတယ်။ 🙂
  9. mitinzarhtun says:
    အခုလို ဟင်းလျာလေးတွေကို စိတ်ရှည်လက်ရှည် တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ၀တ်ရည်…………..။
  10. […] October 22, 2010 ပုဇွန်လုံး ချိုချဉ်ကြော် […]
  11. sai thi ha says:
    Nice wut yee nice to see the link and i like all kind of the curry.
    thanks for your sharing and i really enjoy it.
    if you can also created a PDF for all food it will be nice also.
    Thanks alot for sharing.
  12. pinky says:
    I love cooking.Thank you.
Leave a Reply
Your email address will not be published. Required fields are marked *