ရောင်စုံဘောလုံး ကြက်သားနှင့်ဟင်းရွက်စုံဟင်း

ရောင်စုံဘောလုံး ကြက်သားနှင့်ဟင်းရွက်စုံဟင်း

အင်တာနက် မရတာနဲ့ ဟင်းသစ် မတင်ဖြစ်တာ ကြာသွားပါတယ်။ ခုမှပဲ ရတုန်း မြန်မြန် တင်ဖြစ်တာပါ။ ဒီဟင်းလေးကတော့ ကြက်သားနှင့် ဟင်းရွက်များကို ဘောလုံးပုံ အလုံးလေးများ လုပ်ပြီ ချက်ပြုတ်ထားမို့ အလွန်ထူးခြားပြီ စားလို့လည်း အရမ်းကောင်းပြီ ဟင်းသစ်တမျိုးဖြစ်ပါ။ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ကြက်သား – ၂၀ကျပ်သား (နှုတ်နှုတ်ဆင်းပါ)

၂။ ကြက်သွန်နီ – ၂လုံး (အတုံးလေးများတုံးပါ)

၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

၅။ မုန်လာဥနီ – ၁ခု (အလုံးလုပ်တံဖြင့် အလုံးလေးများ လုပ်ပါ)

၆။ ဂေါ်လခါးသီး – တစိတ် (အလုံးလုပ်တံဖြင့် အလုံးလေးများ လုပ်ပါ)

၇။ အားလူး – ၂လုံး (အလုံးလုပ်တံဖြင့် အလုံးလေးများ လုပ်ပါ)

၈။ ရွှေဖရုံသီး – တစိတ် (အလုံးလုပ်တံဖြင့် အလုံးလေးများ လုပ်ပါ)

၉။ ငုန်းဥ – ၆လုံး (ပြုတ်ပြီ အခွံနွာထားပါ)

၉။ ကြက်သွန်မြိတ် – တစည်း

၁၀။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ

၁၁။ ဆား ၊ ကြက်သားမှုန့်

၁၂။ နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်

၁၃။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ နှုတ်နှုတ်ဆင်းထားသော ကြက်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်)၊ နှမ်းဆီ၊ ဂျုံ(စားပွဲတင်ဇွန်း ၁ဇွန်း) အားလုံးတို့ကို ရောနယ်ပြီး အလုံးလေးများလုံးလိုက်ပါ။

၂။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်ပြီး ကြက်သားလုံးများထည့် အညှိရောင်သန်းလာသည် အထိကြော်ပေးပါ။

၃။ ကြော်ပြီးလျှင် ဇကာဖြင့် ပန်းကန်ပြားတစ်ခုထဲ ပြန်ဆယ်ထားပါ။

၎။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်းကို ဆီသပ်ပေးပါ။

၅။ ပြီးမှ အတုံးလေးများတုံးထားသော ကြက်သွန်နီကို အညှိရောင်သန်းလာသည် အထိ မွှေပေးပါ။

၆။ ပြီးလျှင် မုန်လာဥနီ၊ ဂေါ်လာခါးသီး၊ ရွှေဖရုံသီး၊ အားလူး လုံးလေးများကို ထည့်၍ ရေတစ်ခွက်ခန့်ထည့် တည်ထားပေးပါ။ ဟင်းရွက်များ နူးသည်အထိ နောက်တစ်ရေ ထပ်ထည့်တည်ပေးပါ။

၇။ ထို့နောက် အရသာအပေါ့ အငံအတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီ ထည့်မွှေပေးပါ။

၈။ နောက်ဆုံးမှ ကြော်ထားသော ကြက်သားလုံးများ နှင့် ငုန်းဥကို ရောမွှေလိုက်ပါ။

၉။ ကော်မှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ရေအနည်းငယ်ဖြင့် ရေမွှေပြီ လောင်းချပြီ မွှေလိုက်ပါ။

၁၀။ ရောင်စုံဘောလုံး ကြက်သားလုံး နှင့် ဟင်းရွက်စုံကြော်ကို စားသုံးနိုင်ပါပြီး….

 

19 comments

  1. Nai says:

    Well done Wutyee. Veggies look cute. I need to buy a scoop to cook this dish…

    • chowutyee says:

      ဟုတ်တယ် မနိုင်ရေ အလုံးလေးတွေ လုပ်ဖို့ Scoop တံလေးတော့ ၀ယ်ဖို့လိုတယ်။ ဒါပေမယ့် အဲဒီအတံလေးက တော်တော် အသုံးဝင်တာ။ သစ်သီးတွေလည်း Design ဖော်လို့ရသေးတယ်.. 😛

  2. Lace says:

    very cute and attractive dish. 🙂 thanks for posting it.I will try to cook like that …

  3. စားချင်လိုက်တာ အရောင်ကလေးကလည်းစုံလို့
    စိတ်ကူးကောင်းလိုက်လေ…………… ရှလွတ်

  4. hmone says:

    good job pig yee…..i wanna try too but lazy to do ballon hee so wait for you to cook for me 😉 wanna eat now

  5. suakayi says:

    ma pls show me အလုံးလေးတွေ လုပ်ဖို့ Scoop တံလေး

    photo…i don’t know this scoop…wanna buy…thank u for ur

    dish….look delicious n beautiful…

    • chowutyee says:

      suakayi ရေ Scoop တံလေးကို ရိုက်ပြီ နောက်နေ့ တင်ပေးလိုက်ပါ့မယ်နော်။ လုပ်စားကြည့်ပါ တကယ်ကောင်းတယ်.. 😛

  6. suakayi says:

    i wiill try….Thanks ma … 🙂

  7. winle says:

    i also want to see scoop n how to make ball .

  8. phyo pa pa says:

    ချိုရေ Scoop တံလေး ပြပေးပါဦးနော်

  9. သင်းသင်း says:

    မ၀တ်ရည်…သင်းသင်းscoopတံဝယ်တာမရဘူး…city mart မှာမရှိဘူး…ဘယ်မှာဝယ်လို့ရလဲဟင်…ပြောပေးနော်…

    • chowutyee says:

      သင်းသင်းရေ scoop တံကို သံဈေးမှာ ရောင်းတယ်။ သံဈေးရှေ့က စတီဟင်းချက်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာလည်း ၀ယ်လို့ရတယ်… 🙂

  10. Aye Yu Maw says:

    အစ်မရေ မနက်ကျဆွမ်းချိုင့် အလှည့် ကျတယ်
    ဒီထဲကပါဝင်တာတွေကို ညနေဈေးသွားတုန်းက၀ယ်လာခဲ့ တယ်။
    မနက်ကျဆွမ်းချိုင့် ပို့ မယ်လေ။
    အစ်မလည်းကုသိုလ်ရတာပေါ့ ။မနက်ကျရင်စမ်းချက်ကြည့် မယ်နော်။

  11. hnin zar says:

    မရေ …
    ဒီဟင်းနည်းလေး လုပ်ကြည့်ချင်လို့ scoop တံ ၀ယ်လို့ရအောင် ပုံလေးတင်ပေးပါနော် ။ မ၀တ်ရည် ကို အမြဲအားပေးနေတဲ့ …ညီမတစ်ယောက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *