ထိုင်းစတိုင် ကြက်အူချောင်းနှင့် သခွာသီးသုပ်

ထိုင်းစတိုင် ကြက်အူချောင်းနှင့် သခွာသီးသုပ်

ဒီဟင်းက အရသာထူးခြားပြီ စားလို့ကောင်းတာမို့ ဟင်းသစ်တစ်မျိုးအနေနဲ့ တင်လိုက်တာပါ။ ကြက်အူချောင်းသုပ် ဆိုလို့ မအီပဲ ချဉ်ချိုလေးမို့ ထမင်းနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ အသုပ်သစ် တစ်မျိုးမို့ ကြိုက်နှစ်သက်ကြမှာပါ…

ပါဝင်သောပစ္စည်းများ
၁။ ကြက်အူချောင်း – ၆ချောင်း (ဆီပူဖြင့်ကြော်ပြီမှ အစောင်းပါးပါးလှီးပါ)
၂။ သခွာသီး – ၁ချောင်း (အ၀ိုင်း ပါးပါးလှီးပါ (သို့) အရှည်လေးများ လှီးပါ)
၃။ ကြက်သွန်နီ – ၃လုံး ( ပါးပါးလှီးပါ)
၎။ ငရုတ်သီးစိမ်း – ၅ခု (ပါးပါးလှီးပါ)

ဆော့တွင် ပါဝင်သောပစ္စည်းများ
၁။ ပဲငံပြာရည်(အကြည်) (သို့) ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၂။ သံပရာသီး -၁လုံးခွဲ (အရည်ညစ်ပါ )
၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၎။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ နှမ်းဆီ – ၄စက်

ချက်ပြုတ်နည်း
၁။ ဇလုံတစ်ခုထဲ ပါးပါးလှီးထားသော (ကြက်အူချောင်းကြော်၊ သခွာသီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း) တို့ကို အားလုံး ရောမွှေလိုက်ပါ။

၂။ ပြီးမှ နောက်ပန်းကန်လုံး တစ်ခုထဲ ဆော့အတွက် ပါဝင်သောပစ္စည်များ ဖြစ်သော (ပဲငံပြာရည်၊ သံပရာရည်၊ သကြား၊ ဟင်းရွက်ဆီ၊ နှမ်းဆီ) အားလုံးကို သမအောင် ရောမွှေလိုက်ပါ။

၃။ ဆော့ရည်ရလျှင် ဇလုံထဲသို့ လောင်းချပြီ ရောနယ်လိုက်ပါ။

၎။ အရသာအပေါ့အငံ့မြည်းလို့ အဆင်ပြေပြီဆိုလျှင် ထမင်းလေးနဲ့ မြိန်ရှပ်စွာ အသုတ်လေးကို စားသုံးနိုင်ပါပြီ….

15 comments

  1. hmone says:

    ta kar ma ko ma eat buu bu….sar own ma bae….yummy salad

    • chowutyee says:

      အရမ်းကောင်းတယ်.. ဦးသက်ခင် မပြန်ခင်တောင်လုပ်ကျွေးလိုက်သေးတယ်.. ကြိုက်လို့တဲ့.. လုပ်စားကြည့်

    • မိုးစက်ငယ် says:

      မမရေ.. ဟင်းချက်နည်းလေးတွေတော်တော်စုံတယ်နော် ငယ်က ဟင်းချက်ဝါသနာပါတယ်
      ကိုယ်တိုင်တော့ မချက်တတ်ပါဘူး ဟီးးး မမ ဟင်းချက်နည်းဆိုဒ်ကို အမြဲကြည့်ဖြစ်တယ်
      လုပ်စားဖြစ်သွားတယ် အခြားဆိုဒ်တွေမှာ ပြန်လည်မျှဝေပြီးတင်ခွင့်ပြုပါနော်

  2. ကိုသားကြီး says:

    ဝါးးးးးးးးးး ရှလွတ် ။ 😀

  3. ကြက်အူချောင်းတွေဒီမှာပေါတယ်
    လုပ်စားကြည့်မယ်
    ခုလိုလုပ်စားရတာ တကယ်မသိဘူး
    ဟင်းတစ်မျိုးတိုးလို့ ကျေးဇူးတင်ပါတယ် ၀တ်ရည်ရေ…

    • chowutyee says:

      မချော လုပ်စားကြည့်ပါ။ အရမ်းလွယ်ပြီ စားလို့လည်း ကောင်းတယ်… 😛

  4. khaing nyein aye says:

    ma wutyee yey.. easy and delicious meals lay tway ko tin pay loh a yan kyey zuu tin par tal… sar oat htote yin a yan kaung mar bal sis yey… thz a lot par..:D

    • chowutyee says:

      Khaing ရေ ကျေးဇူးပါနော်.. နောက်လည်း လွယ်မယ့်ဟင်းလေးတွေ တင်ပေးပါ့မယ်.. 😛

  5. winwin says:

    Thank u very much.

  6. ko nyein says:

    I visit your website first time. So nice. Thank you so much for your cooking methods. I like to cook so many curry&snack.

  7. khin thandar says:

    Sis …can use pork sausage instead of chicken sausage?

Leave a Reply

Your email address will not be published. Required fields are marked *