မုန့်လင်မယား လုပ်စားကြအောင်
မုန့်လင်မယား လုပ်စားကြအောင်
အိမ်မှာ ပျော်ပျော်ပါးပါး လုပ်စားနိုင်အောင် မုန့်လင်မယား လုပ်နည်းလေးကို တင်ပေးလိုက်ပါတယ်။ ၀တ်ရည်အမေ ဗီယက်နမ်သွားလည် တုန်းလေ မုန့်လင်မယားဗန်းလေး ၀ယ်လာပေးတာမို့ လုပ်စားဖြစ်သွားတာပါ။ အိမ်မှာ လုပ်စားကြည့်တာ အရမ်းလည်း လွယ်ကူပြီ ဆိုင်ထက်တောင် ပိုစားကောင်းသေးတယ်.. တူတူ လုပ်စားကြည့်ရအောင်….
ပါဝင်သောပစ္စည်းများ
၁။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၈ဇွန်း
၂။ ကုလားပဲ(အစိမ်းမှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၃။ ရေ –  လက်ဖက်ရည်ပန်းကန်လုံး ၅လုံးစာ (မှတ်ချက်။ ။ ဆန့်မှုန့် ထည့်သည့် ပမာဏထပ် ရေကို ၂ဆထည့်ပေးရင် ရသည်)
၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၅။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ရ။ ပဲပြုတ် – အနည်းငယ်
၈။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးထားပါ)
၉။ ကြက်ဥ(သို့)ငုန်းဥ – ခလောက်ပြီ (ကြိုက်နှစ်သက်လျှင် ထည့်နိုင်သည်)
၁၀။ နှမ်းထောင်း (နှမ်းနှင့် ဆားအနည်းငယ်ရောထောင်းထားပေးပါ)
မှတ်ချက်။ ။ ထိုင်းမုန့်လင်မယားတွင် အုန်းနို့နှင့်သကြား ပိုထည့်ပြီ ချိုစိမ့်လေး လုပ်စားနိုင်သည်။
ချက်ပြုတ်နည်း
၁။ ဇလုံတစ်ခုထဲသို့ ဆန့်မှုန့်၊ ကုလားပဲမှုန့်တို့ကို ရောမွှေလိုက်ပြီ ရေအနည်းငယ်ထည့်၍ ကုလားမှုန့်များ ပျော်သည်အထိ ရောနယ်ပေးပါ။
၂။ ပြီးလျှင် ခပ်ကျဲကျဲရအောင် ရေ(လက်ဖက်ရည် ပန်းကန်လုံး၅လုံးစာ)ထည့်ပြီ ရောမွှေလိုက်ပါ။
၃။ နောက်မှ ဆား၊သကြား၊ ဆိုဒါများထည့်ပြီ မုန့်နှစ်ရည် အပေါ့အငံ့တစ်ချက်မြည်းကြည့်လိုက်ပါ။
၎။ မုန့်ရည်သည် ပျစ်နေလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။
၅။ ပြီးလျှင် ၁နာရီလောက်ကြာအောင် မုန့်နှစ်ကို နုပ်ထားပေးပါ။
၆။ ပြီလျှင် မုန့်လင်မယားဗန်း ခွက်လေးတွေမှာ ဆီအနည်းငယ်ထည့်ပြီ မီးကို အသင့်တင့်ရုံသာ ထားထားပါ။ မီးသွေးဖိုနဲ့လုပ်လျှင် ပိုကောင်းသည်။ မီးမျှနေရန် လိုအပ်သည့်အတွက် မီးကို အသင့်တင့်သာ ထားပါ။
ရ။ ဆီပူလာလျှင် မုန့်နှစ်ရည်များကို ထည့် မုန့်လင်မယားဗန်း ခွက်လေးတွေထဲသို့ မုန့်နှစ်ရည် စားပွဲတင်ဇွန်း ၁ဇွန်းစာလေးများလိုက်ထည့်ပေးပါ။
၈။ နောက်မှ ကြက်ဥ(သို့) ငုန်းဥ၊ ပဲပြုတ်၊ ကြက်သွန်မြိတ်များကို ထည့်ပေးပါ။
၉။ မုန့်လင်မယား တစ်ဖက်ကျက်သွားလျှင် နောက်တစ်ဖက်ပေါ်သို့ သွားပေါင်းတင်ပေးပါ။ အညှိရောင်အနည်းငယ် သန်းသည်အထိ မုန့်လင်မယားကို ဘက်ပြောင်းလှည့် ကြော်ပေးပါ။
၁၀။ နှစ်ဖက်လုံး အရောင်ညီသွားလျှင် ပန်းကန်ထဲသို့ ပြန်ဆယ်ထားပါ။ ထို့အတိုင်း တခြား မုန့်လင်မယားများကို ထည့်ချက်သွားပါ။
၁၁။ နှမ်းထောင်းကြိုက်လျှင် အပေါ်မှ နှမ်းထောင်းလေးများကို ဖြူးပေးပြီ မုန့်လင်မယားကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ….
44 comments
  1. နွေးနေခြည် says:
    အရမ်းကြိုက်
    • chowutyee says:
      စားသွားပါ သူငယ်ချင်း။ နင်မင်္ဂလာဆောင်မှ ပြန်အစားကျွေးရမယ်.. ဟီးဟီး
  2. Pearl Lin Phyu says:
    မ၀တ်ရည်ရေ.. သိပ်ကြိုက်.. ကျေးဖူးအရမ်းတင်တာပဲ.. ရေမုန့်ဆိုရင် အဲဒီမုန့်နှစ်ကိုပဲ ကြက်သွန်မိတ်ရောပြီး အိုးထဲဖြန့်ထည့် ရတာလားဟင်.. အဆင်ပြေရင် ပြောပြပါနော်. နောက်ပြီး ဂဏန်းကော်ကြော်နည်းလေးလဲ သိရင် ကျေးဖူးပြုပြီး ပြောပြပါနော်..အဟီး. မေးတာလောဘကြီးနေပြီလားသိဘူးးး များနေပြီ.. ကျေးဖူးအများကြီးတင်ပါတယ်နော်.
    • chowutyee says:
      ပုလဲရေ ရေမုန့်တော့ မလုပ်စားဖူးဘူး။ လုပ်စားဖြစ်ရင် ချက်နည်းလေးပါ တင်ပေးမယ်နော်။ ဂဏန်းကော်ကြော်တော့ မသိပေမယ့် တန်ပူရာ ဂဏန်းကြော် လုပ်စားဖူးတယ် ချက်နည်းကို ဒီဘလောက်မှာ တင်ထားတယ်… 😀
  3. Sunny says:
    မုန့်လင်မယားလာစားသွားပါတယ်.. 🙂
    • chowutyee says:
      Sunny ရေ ကျေးဇူးပဲနော်.. မုန့်လင်မယားကို အားပေးတဲ့သူ တော်တော်များတာပဲ၊ မုန့်လင်မယားရောင်းစားရင် ကိုက်လောက်ချည်းရဲ့… ဟီးဟီး နောက်တာပါ။ အားလုံးကို အလကားကျွေးမှာပါ… 😛
  4. hmone gyi says:
    pig yee yay i really wanna eat too a hint ahint :'(
    • chowutyee says:
      ကိုယ်အတွက် မုန့်လင်မယားဗန်းလေး ကြုံရင် ၀ယ်ထားပေးမယ်.. လုပ်စားလို့ ရအောင်
  5. subuueain says:
    အရမ်းကောင်းပါတယ် ဝတ်ရည်ရေ။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော် 🙂
  6. TTSweet says:
    မုန့်လင်မယားတော့ကြိုက်ပါရဲ့။ အိုးကမရှိတော့ လုပ်ထားတာလေးပဲ သွားရေကျပြန်သွားပါတယ်။ ရှယ်ပေးတာ ကျေးဇူးနော်။
  7. ၀တ်ရည်ရဲ့ မုန့်လင်မယားက ချစ်စရာလေးတော်
    စားရမှာတောင် နှမြောစရာ
    အလှဘဲကြည့်သွားတော့မယ်း))
  8. ကိုသားကြီး says:
    ဝါးးးးးးးးး ။ စားချင်တယ်ဗျို့ ။ အကြိုက်ဆုံး အစားအစာပဲ ။ အဝတီးသွားပြီဗျို့။
    • chowutyee says:
      ကိုသားကြီး အ၀စားသွားပါဗျို့.. ပါဆယ်နဲ့တစ်ပွဲပါ လေပျံနဲ့ ပို့ပေးလိုက်မယ်နော်.. 🙂
  9. phyu says:
    ဆန်မှုန့်ကို အရည်ဖျော်ရင် ဆန်မှုန့်နဲ့ ရေနဲ့ရောမနေပဲ ကြာရင်အနည်ထိုင်သွားတယ်။
    မှုန့်နှစ်လို ရောမနေပါ။ ဘယ်လိုဖျော်ရမလဲ ဆိုတာပြောပြပေးပါ။ ယိုးဒယားဆန်မှုန့်သုံးတာပါ။
    • chowutyee says:
      phyu ရေ အရင်ဆုံး ဆန်မှုန့်နဲ့ ပဲစိမ်းမှုန့်ကို အရင်ရောမွှေလိုက်ပါ။ ပြီမှ ရေ(လက်ဖက်ရည်ပန်းကန်လုံးစာ) အနည်းငယ်ထည့်ပြီ မုန့်နုယ်သလို သမအောင် နုယ်လိုက်ပါ။ ပြီမှအလိုက်သင့် ရေနည်းနည်းခြင်းထိထည့်ပြီ ရောမွှေသွားပါ။ ကြာရင်တော့ အနည်ထိုင်မှာပါပဲ။ ဒါပေမယ့် မုန့်လင်မယားလုပ်ခါနီးရင် ဇွန်းလေးနဲ့ မွှေမွှေပေးပြီမှ လောင်းထည့်လိုက်ပါ။ ၀တ်ရည်ကတော့ မွှေးတံဆိပ်(ဆန်စိမ်းမှုန့်)ကို သုံးတာပါ… 😀
  10. အရမ်းကြိုက်တယ် .. .
    အကြိုက်ဆုံး မုန့်ပဲ ..း)))
  11. Nway Nway says:
    Thank you so much for posting this page.. I have been looking for how to do that snacks which is my favorite..
    • chowutyee says:
      နွေးနွေးရေ မုန့်လင်မယားက ထင်သလောက် လုပ်ရတာ မခက်ပဲ၊ အရမ်းလွယ်ပြီ စားလို့လည်းကောင်းတယ်.. ဗန်းသာ ရှိရင် နွေးနွေးလည်း လုပ်စားလို့ရပြီ… 😛
      • Nway Nway says:
        Yes, sis. I did it on last week and it was really easy as you said. At first, i couldn’t make it because i put too much heat and less oil. Then next round I tried with medium heat and put more oil.. guess what I made it.. It was an excitement. Once again, thanks for posting.
        If possible, would you mind posting how to cook ငါးရှဥ့်ခြောက်စပ် (in hotel style)? I really appreciated it.
  12. Pearl Lin Phyu says:
    ကျေးဇူးတင်ပါတယ်နော်… ခုတော့ မုန့်လင်မယားပဲ လုပ်စားလိုက်ဦးမယ်… 🙂
  13. ညီမရေ…
    မုန့်လင်မယား အရမ်းကြိုက်တယ်။ အဲဒီလုပ်နည်းကို အခုလို ဖော်ပြပေးတာ ကျေးဇူးနော်။ အကိုဆို ငယ်ငယ်တုန်းက မုန့်လင်မယားစားရင် နှစ်ချပ်ထပ်ထားတာကို မခွါဘဲ ဒီအတိုင်းဘဲ စားတယ်။ တစ်လွှာစီခွါပြီးမှ စားရင် ကိုယ့်အလှည့်ကျ ၀ဋ်လည်မှာ စိုးလို့။ တစ်ချို့က တစ်လွှာစီခွါစားကြတယ်လေ။ ညီမလုပ်ထားတာ မြင်တာနဲ့တင် တံတွေးမျိုချနေမိပြီ။ စားချင်နေတာ။
    ပျော်ရွှင်ပါစေ။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    • chowutyee says:
      ဟားဟား ၀တ်ရည်လည်း ကိုကိုမောင် အတိုင်းပဲ ခွဲမစားဘူး ၀ဋ်လည်မှာ စိုးလို့။ အင်္ဂလန်ကို ပါဆယ်နဲ့ ပို့ပေးလိုက်မယ်နော်..
      ခင်တဲ့
  14. […] ဒီလင့်လေးပါ Tags: မုန့်များနှင့်ပတ်သက်သော […]
    • chowutyee says:
      အိမ်ရှင်မရဲ့ ဟင်းလက်ရာကို ၀တ်ရည်လည်း အမြဲဝင်ကြည့်ဖြစ်ပါတယ်.. ကျေးဇူးပါ.. 🙂
  15. nayzar says:
    စားလို့ အရမ်းကောင်းတယ် မမ.နောက်လည်း လာလည်မယ်နော်..
  16. I want to eat all ………..
    fried pan ko bal mhar well lo. ya lae` hin……….ama ………;)
  17. […] November 21, 2010 မုန့်လင်မယား လုပ်စားကြအောင် […]
  18. Aye Swe says:
    Thank you very much.
  19. winechithtwe says:
    စစ်ရေ ဆန်မှုန့် ကအကျက်မှုန့်လား…အစိမ်းလား?လို့
  20. Kyu Kyu Hlaing says:
    မ၀တ်ရည်ရေ မုန့်လင်မယားလုပ်ရင်ပဲစိမ်းမှုန့်ပါတယ်ဆိုတာခုမှသိပါတယ်။ကျမအရင်ကလုပ်စားဖူးပါတယ်။ပဲစိမ်းမှုန့်မထည့်ဘဲ ဆန်ကိုအစိုကြိတ်ပြီးလုပ်စားတာပါ။ပဲစိမ်းမှုန့်ထည့်ရင်ပိုကောင်းသွားလို့လားမထည့်တာနဲ့ဘာကွာသွားလဲပြောပြပေးပါလား။ 🙂
  21. thet says:
    thank you
  22. chozartun says:
    လုပ်စားဖြစ်သွားပြီ။ကျေးဇူးပါ မ။
  23. Su Nwe says:
    Sis ​ရေ ငုံးဥက ပြုတ်ပြီး သားကို ထည့်ရတာလား၊ မုန့် လင်မယား receipe 3,4 ခု ကိုရှာ ကြည့်ပေမဲ့
    မသေချာလို့ပါ။ ကျေးဇူးတင်ပါတယ်။
  24. Nicole says:
    အမမုန်​လင်​မရားလုပ်​တဲ့ဗန်းကနိုင်​ငံခြားမှာဝယ်​လို့မရလို့.၊ဘာနဲ့လုပ်​ရမလဲ။အမသုံးတဲ့ဗန်းက​ရောမုန့်​လင်​မရားအတွက်​သီးသန့်​ဗန်းလား
Leave a Reply
Your email address will not be published. Required fields are marked *