ကြက်ကောက်ညှင်းအစားသွပ်

ကြက်ကောက်ညှင်းအစားသွပ်

ပါဝင်သောပစ္စည်းများ

၁။ ကြက်ကောင်လုံး

၂။ ကောက်ညှင်းဆန် – ၃လုံး (ရေဖြင့်ဆေးပေးပါ)

၃။ မှို – ၁၅ ကျပ်သား (၄စိပ်စိပ်ပေးပါ)

၎။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၅ဇွန်း

၅။ ကြက်အသဲအမြစ် – ၃စုံ (အတုံးသေးများတုံးပါ) (ထည့်ချက်ချင်ကထည့်နိုင်ပါသည်)

၆။ ပဲငံပြာရည် အနောက်

၇။ ကြက်သွန်နီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်း)

၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်း)

၉။ ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်ဆင်း)

၁၀။ ခရုဆီ

ချက်ပြုတ်နည်း

၁။ ကြက်တစ်ကောင်လုံး အတွင်း၊အပြင်ကို ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ဇွန်း) ဖြင့်နုယ်ပေးပါ။ ပြီးလျှင် အနည်းဆုံး ၂နာရီခန့် နုပ်ထားပေးပါ။

၂။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး နုပ်ထားသော ကြက်တစ်ကောင်လုံးကို အညှိရောင်သန်းသာသည်အထိ ကြော်ပေးပါ။

၃။ ပြီးလျှင် စတီခွက်ကြီးထဲ ကြက်တစ်ကောင်လုံးထည့် ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့်ပေါင်းပေးပါ။

၎။ ကြက်တစ်ကောင်လုံးပေါင်းပြီးလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း၂ဇွန်း) ထည့်ပါ။

၅။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်မွှေပေးပါ။

၆။ ကြက်အသဲအမြစ်၊ ပုဇွန်ခြောက်၊ မှိုထည့်ပါ။

၇။ ထို့နောက် ကောက်ညှင်း ထည့်ပြီး ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့် မွှေပေးပါ။

၈။ ပေါင်းထားသော ကြက်သားမှရသော အရည်များကို ဒယ်ထဲထည့်ပေးပါ။

၉။ လိုအပ်ပါက ကောင်းညှင်းဆန် မြှပ်သည်အထိ ရေအနည်းငယ်ထည့်ပေးပါ။

၁၀။ ပြီးလျှင် အဖုံးအုပ်ထားပြီး မီးအနည်းငယ်ဖြင့် ရေခန်းသည်အထိတည်ထားပေးပါ။

၁၁။ ရေအနည်းငယ်ခန်းသွားလျှင် အဖုံးဖွင့်ပြီး မကပ်အောင် မွှေပေးပါ။

၁၂။ ကောက်ညှင်းရလျှင် တချို့ကောက်ညှင်းများကို ကြက်ကောင်လုံးထဲ အစာသွပ်ပေးပါ။ ကျန်သော ကောက်ညှင်းများကို စတီခွက် ထဲထည့်ပေးပါ။

၁၃။ ပြီးလျှင် ကြက်ကောင်လုံး နှင့် စတီခွက်ထဲများ ကောက်ညှင်းများကို ပေါင်းအိုးထဲ ထည့်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။

၁၄။ ပေါင်းပြီးလျှင် ကောက်ညှင်းများကို ပန်းကန်ပြားထဲမှောက်ထည့်ပါ။ အပေါ်မှ ကြက်ကောင်လုံးကို အတုံးကြီးများတုံးပြီး တင်ပါ။

၁၅။ ပြီးလျှင် ဒယ်အသေးထဲ ဆီ(စားပွဲတင်ဇွန်း၂ဇွန်း) ထည့်ပြီး ဂျင်း(လက်ဖက်ရည်ဇွန်း၂ဇွန်း) ဆီပူထိုးပါ။

၁၆။ ကြက်ပေါင်းရည်ထည့်၊ ပူလာလျှင် ဖျော်ထားသော ကော်ရည်အနည်းငယ်ကို ထည့်မွှေပေးပါ။

၁၀။ ထိုကော်ရည်ကို ကြက်ကောင်လုံး ပေါ်သို့လောင်းချပေးပါ။

၁၈။ အသင့်စားနိုင်သော ကြက်ကောက်ညှင်းအစားသွပ် ရရှိပါသည်။

ဟင်းအကြောင်း

၁။ ဒီကြက်ကောက်ညှင်း အစားသွပ်ဟင်းကို ၀တ်ရည် နှစ်သစ်ကူးနေ့က လုပ်စားဖြစ်တာပါ။ ဒီကြက်ကောက်ညှင်း အစားသွပ်ဟင်း အရသာဟာ ကောက်ညှင်းမှာရော၊ ကြက်သားမှာရော အရသာ အလွန်ကောင်းမွန်ပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်ကြီးများမှာသာ  မှာယူစားသုံးနိုင်ပါတယ်။

7 comments

  1. myintkt says:

    Yummy Yummy!!!

  2. hmone gyi says:

    wow look delicious…i miss that chicken with sticky rice

  3. Aye Aye says:

    Hi Wutyee,

    Is it possible to roast in in ovan instead of fry and steam the whole chicken? Because my hubby don’t like oily food. Thanks.

    Ma Aye

  4. […] ကြက်ကောက်ညှင်းအစားသွပ် […]

  5. NGU WAR says:

    hello…အစ်မပရိတ်သတ်ပါ အစ်မစာအုပ်တွေဝယ်ဖတ်တယ်လိုက်လဲချက်တယ်ညီမရဲ့အသက်က၂၆နှစ်လေ အခုစားဖိုမူးသင်တန်းတက်မလို့ ကန်တော်ကြီးသင်တန်းကျောင်းမှာ အရမ်းဝါသနာပါတယ် ပြီးရင်အလုပ်ဝင်လုပ်မယ်

    • admin says:

      ကောင်းတယ် sis.. အစ်မလည်း ညီမလိုပဲ ဟင်းချက်ဝါသနာလို့။ ဒါပေမယ့် အလုပ်တွေ မ၀င်ဖြစ်ဘူး၊ အိမ်မှာပဲ ချက်လိုက်၊ ပြုတ်လိုက်ပဲ…. 🙂

Leave a Reply

Your email address will not be published. Required fields are marked *