မီနီ ၀က်သားပြားကြော်
မီနီ ၀က်သားပြားကြော်
မီနီ ၀က်သားပြားကြော်ဆိုတာ အလတ်စားအရွယ် (mini) ၀က်သားပြားကြောလေး တွေမို့ပါ။ ဒါက အနောက်တိုင်းစတိုင် ချက်ပြုတ်နည်း ဆိုပေမယ့် ချက်ရလွယ်ပြီး အရသာကလည်း လူတိုင်း အကြိုက်တွေ့မှာပါ။ ဒီ မီနီ ၀က်သားပြားကြော်ကို Mustard (သို့) Mayonnaise နဲ့တွဲဖက်ပြီ စားလျှင် အလွန်ကို လိုက်ဖက်ပါတယ်။ ချက်နည်းလေး ကြည့်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ၀က်သား (Pork)- ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
၂။ ကြက်သွန်နီ (Onion)- ၂ဥ ( နှုတ်နှုတ်စဉ်းထားပါ)
၃။ ကြက်ဥ (Egg)- ၁လုံး (ခလောက်ထားပါ)
၎။ ပါမုန့်ခြောက် (breadcrumb) – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ ဂျုံမှုန့် (Flour) – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ရ။ Thyme – လက်ဖက်ရည်ဇွန်း တ၀က် (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်)
၈။ ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးထားပါ)
၉။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ပါဝင်သောပစ္စည်းများ အားလုံးကို (၀က်သား၊ ကြက်သွန်နီ၊ ကြက်ဥ၊ ပါမုန့်ခြောက်၊ ဂျုံမှုန့်၊ ငရုတ်ကောင်းမှုန့်၊ Thyme၊ ကြက်သွန်မြိတ်၊ ဆား) တို့ကို ဇလုံတစ်ခုထဲ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။
၂။ ပြီလျှင် မီနီ(အလတ်စားအရွယ်) ၀က်သားပြားတွေ လုပ်လိုက်ပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်၍ မီနီ ၀က်သားပြားများကို အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။
၎။ အညှိရောင်သန်းလာလျှင်  ပြန်ဆယ်ထားပြီ ကျန် ၀က်သားပြားများကို ထိုနည်းအတိုင်း ထပ်ကြော်သွားပါ။
၅။ ၀က်သားပြားများ ရပြီဆိုလျှင် Mustard (သို့) Mayonnaise နှင့်တွဲဖက်စားသုံးနိုင်ပါပြီ်………
10 comments
  1. ကိုသားကြီး says:
    Good idea. like it.
  2. hmone says:
    it look very yummy will try later
  3. ကြိုက်တယ် စားမယ်
    ကော်ဖီနဲ့ တွဲပြီး စားချင်တာ ထမင်းနဲ့စားဘူး
  4. ko nyein says:
    Can make with ready made pork mince?Thanks for your cooking methods.My son like fried pork slice.
    • chowutyee says:
      ready made pork mince နဲ့လည်း လုပ်လို့ရပါတယ် ကိုငြိမ်း။ ဒါပေမယ့် ၀က်သားကို ကိုယ်တိုင်နှုတ်နှုတ်စဉ်းပြီလုပ်တာက ပိုစားလို့ကောင်းတယ်။ ဘာကွာမှန်းတော့ မသိဘူး။ လုပ်စားကြည့်ပါနော်.. Thanks.. 🙂
  5. Htet says:
    Thye ဆိုတာ မြန်မာလို ဘာခေါ်လဲ အစ်မ.. စားချင်စရာ ၀က်သားပြားလေးပါ… ဆိတ်သား ကီးမားလုပ်တာ သိရင် တင်ပေးပါဦးနော် အစ်မ…ကျေးဇူးပါ..
    • chowutyee says:
      Thymeကို မြန်မာလို အခေါ်အဝေါ်မရှိဘူး ထက်ရဲ့။ Thymeကို ၀ယ်ချင်ရင် မြိုင်ဟေ၀န်မှာ ရောင်းတယ်။ ဆိတ်သားကီးမား ဆိုတာနဲ့ ဗိုက်တောင် စားလားပြီ။ ၀တ်ရည်တော့ မလုပ်ဖူးဘူး။ အရင် လုပ်စားကြည့်လိုက်အုန်းမယ်။ ပြီရင် တင်ပေးလိုက်ပါ့မယ်.. 😀
Leave a Reply
Your email address will not be published. Required fields are marked *