နှစ်သစ်အမှတ်တရ ဟင်းရွက်စုံခေါက်ဆွဲကြော်
နှစ်သစ်အမှတ်တရ ဟင်းရွက်စုံခေါက်ဆွဲကြော်
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ နှစ်သစ်ကူးနေ့ အမှတ်တရ ဟင်းရွက်စုံခေါက်ဆွဲကြော်လေးကို ချက်စားဖြစ်ပါတယ်။ ရိုးရိုးခေါက်ဆွဲကြော်နဲ့ အရသာမတူပဲ တမူထူးခြားပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ တူတူချက်စားကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ဆန်ခေါက်ဆွဲ (အသေး) – ၂၅၀ဂရမ်
၂။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
၎။ တိုဟူး – ၂ထုပ် (လက်မ၀က် အရွယ်တုံးပေးပါ)
၅။ မုန်လာဥနီ – ၂ဥ (အစောင်းလှီးပါ)
၆။ ငရုတ်ပွ(အနီ) – ၂ခု (အရှည်ပါးပါးလှီးပါ)
ရ။ ကိုက်လံ – ၁စည်း ( ၁လက်မခွဲ အရွယ်လေးများ ပိုင်းပေးပါ)
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
၉။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၁၀။ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၁။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၁၂။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၁၃။ ကြက်သား – ၅ကျပ်သား (ပါးပါးလှီးပေးထားပါ)
၁၄။ တရုတ်ဆန်ဝိုင် – စားပွဲတင်ဇွန်း ၂ဇွန်း
ပြင်ဆင်နည်း
၁။ ကြက်သားများကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) ဖြင့် နုယ်ထားပေးပါ။
၂။ တို့ဟူးများကို ဆီများများဖြင့် နှစ်ကြော်ပေးပြီ ပြန်ဆယ်ထားပါ။
၃။ ရေပွက်ပွက်ဆူနေသော အိုးထဲသို့ ခေါက်ဆွဲများကို ထည့်ပြီ ၁မိနစ်ခန့် တည်ထားပေးပါ။ ခေါက်ဆွဲ ရလျှင် ပြန်ဆယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲသို့ ဆီထည့် ကြက်သွန်ဖြူ ဆီသပ် ပေးပါ။
၂။ ပြီလျှင် ကြက်သားများကို ထည့်ပြီ ရေအနည်းငယ်ထည့်ပေးပါ။
၃။ ကြက်သားနူးလျှင် တိုဟူး၊ မုန်လာဥနီ၊ ငရုတ်ပွ(နီ)တို့ကို ထည့်မွှေပေးပါ။
၎။ ပြီမှ ကိုက်လံများကို ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ ပြီလျှင် အရသာအပေါ့အငံ့အတွက် ဆား၊ သကြား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ တရုတ်ဆန်ဝိုင် တို့ ထည့်လိုက်ပါ။
၆။ ထို့နောက် ကော်မှုန့်ကို ရေအနည်းငယ်ဖျော်၍ လောင်းထည့်လိုက်ပါ။
ရ။ နောက်ဆုံးမှ ပြုတ်ထားသော ခေါက်ဆွဲများကို ထည့်ရောမွှေလိုက်ပါ။  ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီ……..
31 comments
  1. ချော says:
    အသားပါရင်ပိုကောင်းမနော်
    ဟိဟိ
    စားကောင်းမဲ့ပုံလေး
    ဗိုက်တောင်ဆာသွားရတယ်… ၀တ်ရည်က တကယ်တော်
  2. TTSweet says:
    အဲလိုခေါက်ဆွဲကြော်မျိုးက သမီးကြိုက်တဲ့ ဟာမျိုး။ ဒါပေမဲ့ သူက ကြက်သားတို့ ၀က်သားလုံးတို့နဲ့မှ စားတာ။ ပင်နစူးလားက မြနန္ဒာမှာ ၀ယ်ကျွေးရတယ်။ တို့ဟူးဆိုတာ စလုံးအခေါ်။ မြန်မာလို ပဲပြားဖြစ်မယ်နော်။
    • chowutyee says:
      တို့ဟူးက ကိုသားကြီးပြောသလို အ၀ါရောင်အတုံးလေးပါ။ မတူပါဘူး.. ပုံထဲမှာ တိုဟူးနည်းနေလို့ ခေါက်ဆွဲနဲ့ အုပ်နေလို့ မမြင်ရတာပါ.. ကျေးဇူးပါ
  3. ကိုသားကြီး says:
    TTSweet ရေ ပဲပြားက သပ်သပ် တို့ဟူးက သပ်သပ်ပါ။ ပဲပြားက အဖြူတုံးလေးတွေ တို့ဟူးက အ၀ါလေးတွေပါ။ စလုံးက တို့ဟူးတော့ ဘာအရောင်လဲ မသိဘူး။ 🙂
  4. hmone says:
    looking very deliciuos…i will really try tonight as i have that noodles at home too 🙂
  5. လာရောက်လေ့လာသွားပါတယ်။
    အရမ်းအချက်ကောင်းတာပဲ..
  6. ကိုငါးကြော် says:
    စလုံးမှာ တို့ဟူးက ဝါကျင်ကျင်အဖြူရောင်ပါ ၊ဂျပန်တို့ဟူး၊တရုပ်တို့ဟူးလိုပါပဲ၊ Tofu လို့ပဲခေါ်ပါတယ်။ပဲပြားကတော့ အားလုံးအတူတူပါပဲ၊ပွစုပ်စုပ်နဲ့ပါ၊အင်္ဂလိပ်လို Bean curd ခေါ်ပါတယ်။စလုံးတရုပ်က Tokwa လို့ခေါ်ပါတယ်။အမှန်မတော့ အင်္ဂလိပ်က တို့ဟူးကိုလည်း bean curd လို့ခေါ်တာပါပဲ။အကျစ်နဲ့အပွ ပဲကွာတာပါ၊Soya Bean ကပဲလုပ်တာပါ။မြန်မာတို့ဟူးကတော့ ကုလားပဲမှုန့်နဲ့လုပ်တာပါ။
  7. iris says:
    မမ…တရုတ်ဆန်ဝိုင်ဆိုတာ ဘာလဲဟင်…English လိုကောဘယ်လိုခေါ်လဲ…
  8. K Naruko says:
    အဲဒါ ဆန်ခေါက်ဆွဲလား ပုံမှာ ဂျုံခေါက်ဆွဲ နဲ့ တူနေတယ်
    ကျေးဇူးတင်ပါတယ်
  9. khinswe says:
    တရုတ်ရွှေဖရုံသီးမုန့် (အော်ကွေ့ကြည်) ပြုလုပ်နည်းပို့ပေးပါ
    နော်။
  10. uyemyo says:
    အမ အခုတင်ထားတဲ့ဟင်းရွက်စုံခေါက်ဆွဲမှာတဲ့ အမယ်စုံ
    အချိုးအဆက ဘယ်နှစ်ပွဲစာလဲဟင်?
  11. uyemyo says:
    အမ ငါးခေါင်းဟင်းခ်ျုချက်နည်း အဆင်ပြေမယ်ဆိုရင်
    တင်ပေးပါလား ကျေးဇူးပါ အမ။
  12. မဆွေဆွေခိုင် says:
    thanks ဒီsunday လုပ်စားမယ်
  13. thuzar says:
    ညမကမန်းလေးပါရုတ်ဆန်ဝိုင်ဘယ်မှာဝယ်ရတာလဲဟင်
    • admin says:
      ကုန်စုံဆိုင်တွေမှာ မေးဝယ်လို့ရမယ် sis..
      • Kyi Lynn Aung says:
        ဆန်ဝိုင်က ဘယ်လိုအရသာရှိလဲ? ဘာကောင်းသလဲ? သိချင်ပါတယ်
        • admin says:
          ဆန်ဝိုင်က ဟင်းရွက်၊ အသားတွေကို အနူးမြန်စေပါတယ်။ 🙂
  14. အေးနှင်းစိုး says:
    အကုန်ကြိုက်တယ်…..တမျိုးပြီးတမျိုးလုပ်စားမယ်းးးးးးးthank you
  15. tutasoe says:
    Good mama
Leave a Reply
Your email address will not be published. Required fields are marked *