ပြည်ကြီးငါးကြော် ရွရွလေး

ပြည်ကြီးငါးကြော် ရွရွလေး

ဒီပြည်ကြီးငါးကြော်လေးရဲ့ ထူးခြားမူက အညီနံ့ကင်းပြီ စားလို့လည်း အင်မတန် ကောင်းပါတယ်။ ၀တ်ရည်ကတော့ ကြိုက်လွန်းလို့ နှစ်ခါတောင် လုပ်စားဖြစ်တယ်။ သူက ငရုတ်ကောင်းမှုန့်များများ ထည့်ထားတာမို့ အညီနံ့ကင်းပြီ အရသာကလည်း ဂွတ်ရှယ်ပါပဲ။ ချက်ရတာလည်း အရမ်းလွယ်ပြီ သူနှင့်လိုက်ဖက်မယ့် ဆော့လုပ်နည်းလေးပါ တွဲရေးပေးထားတာမို့ အိမ်မှာ လုပ်စားကြည့်ရအောင်….

ပါဝင်သောပစ္စည်းများ
၁။ ပြည်ကြီးငါး – ၃၀ကျပ်သား
၂။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ရဇွန်း
၃။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဟင်းရွက်ဆီ

ဆော့တွင် ပါဝင်သောပစ္စည်းများ
၁။ ငရုတ်သီးအချိုဆော့ (sweet chilli sauce) – စားပွဲတင်ဇွန်း ၄ဇွန်း
၂။ ငါးငံပြာရည် (fish sauce) – စားပွဲတင်ဇွန်း ၁ဇွန်း
၃။ သံပရာသီး – တ၀က်
၎။ ကြက်သွန်ဖြူ – ၂ခု (နှုတ်နှုတ်စဉ်းပါ)

ချက်ပြုတ်နည်း
၁။ ပြည်ကြီးငါးများကို အညီအချွဲများဖြဲပြီ သေချာ သန့်စင်ထားပါ။

၂။ ပြီးမှ ပြည်ကြီးငါးကို ကြက်ခြေခတ်ပုံ ဓားဖြင့်မွှန်းပေးပါ။

၃။ ထို့နောက် (ဂျုံ၊ဆား၊ ငရုတ်ကောင်းမှုန့်)တို့ကို ဇလုံတစ်ခုထဲတွင် ရောမွှေလိုက်ပါ။

၎။ ပြီမှ ထိုဇလုံထဲသို့ ပြည်ကြီးငါးများ ထည့်ပြီ ဂျုံကပ်လိုက်ပါ။
မှတ်ချက်။ ။ (ဂျုံ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပြည်ကြီးငါးများကို ပလပ်စတစ် အိတ်တစ်ခုထဲထည့်ပြီ အိတ်ကိုပတ်ကာ လှုပ်ခါပေးက ပိုကောင်းပါသည်)

၅။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ပြည်ကြီးငါးများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၆။ ထို့နည်းအတိုင်း ကျန်ပြည်ကြီးငါးများကို ဆက်လက်ကြော်ပေးပါ။

ရ။ ပြည်ကြီးငါးနှင့် တွဲစားရန် ဆော့အတွက် ပါဝင်သောပစ္စည်းများ (ငရုတ်သီးချိုဆော့၊ ငါးငံပြာရည်၊ သံပရာရည်၊ ကြက်သွန်ဖြူ) တို့ကို အားလုံးကို ခွက်တစ်ခုထဲတွင် ရောမွှေလိုက်ပါ။

၈။ ပြည်ကြီးငါး ကြွ့ပ်ရွရွကြော်လေးကို ဆော့ဖြင့်တွဲဖက်ကာ စားသုံးနိုင်ပါပြီ….

21 comments

  1. hmone says:

    look yummy but some images are not showing so upload again own

    • chowutyee says:

      ငါဆီက မြင်ရတယ် မှုံကြီးရဲ့… စားလို့တော်တော်ကောင်းတယ်၊ ကိုကြီးတောင် လုပ်ကျွေးလိုက်သေးတယ်

  2. နည်းတယ်
    မ၀ဘူး..ဒီလောက်ဆို
    များများကြော်ပေးပါး)

    • chowutyee says:

      မချောအတွက် များများကြော်ပေးလိုက်ပြီနော်… စားသွားပါအုန်း.. 😀

  3. စားချင်စရာလေး..

  4. chit2 says:

    thank u,Wutyee! u r so talented! thank for sharing wiv us!x

  5. lyk says:

    အမလေး .. ဒီဆိုက်ကို ဒီနေ့မှ ပြန်ဝင်လို့ရတယ်
    ဟင်းတွေလွတ်တာများနေပြီ ..
    ဒီပြည်ကြီးငါးကတော့ နဂိုကတည်းက အကြိုက်ပဲ
    ခုလိုလေးတော့ လုပ်မစားဖြစ်ဘူး
    လုပ်စားကြည့်မယ် ..

  6. ဇော်ခင် says:

    မချိုဝတ်ရည်
    ကျေးဇူးတွေအများကြီးတင်ပါတယ် ဗျာ။
    ပါပလာ ကြော် အတွက် ပါပလာအပြား လုပ်နည်းလေး တင်ပေးပါဗျာ။

  7. ကိုမြတ် says:

    မဝတ်ရည်ရေ။ ပြည်ကြီးငါးကကြော်ရင်ပေါက်တက်တယ်နော်။မပေါက်အောင်ဘယ်လိုကြော်ရသလဲဟင်။ကျနော်တစ်ခါကြော်ကြည့်တာထပေါက်လို့လက်တွေဆီပူလောင်ကုန်လို့ဆေးခန်းပြေးရဘူးတယ်။မှတ်တာတော့မမှတ်သေးဘူး။ထပ်လုပ်ကြည့်ချင်လို့။

    • chowutyee says:

      ကိုမြတ် ပြည်ကြီးငါးမှာ ရေရှိနေလို့ ကြော်တဲ့အခါ ထပေါက်တာပါ။ (သို့မဟုတ်ရင်) ဒယ်အိုးမှာ ဆီမထည့်ခင် ရေကျန်နေလို့ပါ။ ဒီ ပြည်ကြီးငါးကြော်က ဂျုံနဲ့ ကပ်ကြော်တာမို့ ဆီမပေါက်ပါဘူး။ ဆီပေါက်မှာ စိုးရင် မီးနည်းနည်းနဲ့ ကြော်ရင် အဆင်ပြေမှာပါ.. ကျေးဇူးပါ..

  8. aye thida says:

    အမလေးစားချင်လိုက်တာနော်။တခါမှမစားဘူးသေးဘူး။ဒီတပတ်တော့စမ်းကြည့်မှနဲ့တူ
    တယ်။ 🙂

  9. […] January 10, 2011 ပြည်ကြီးငါးကြော် ရွရွလေး […]

  10. Nyein Thida Thwin says:

    ဝတ်ရည်ရေ….
    မနေ့ က ပြည်ကြီးငါးကြော် လုပ်စားဖြစ်တယ်… တော်တော်ကောင်းတာပဲ… သူငယ်ချင်းတွေကို ကျွေးတော့ ကောင်းလွန်းလို့ တဲ့…. ကျေးဇူးပါ သူငယ်ချင်းရေ… နောက်တခါကြော်စားအုံးမယ်….

  11. Myatmyattunkyaw says:

    စားရတာ မဝလို့ကိုယ်တိုင် လုပ်စားဖို့ဈေးဝယ်ထွက်ရတော့မယ်။ ညီမရေ ကော်ပြန့်စိမ်းလုပ်နည်းသိချင်လို့ပါညီမရေ တင်ပေးပါအုံး။ မျှော်နေမယ်နော်

  12. cheerry says:

    ညီမလေးရေ ဂျုံနဲ့ဆိုတော့ ပိုပြီးအဟာရပြည့်သွားမှာပဲနော် ကျေးဇူးပါပဲ

  13. hnin nandar says:

    ပြည်ကြီးငါးကြိုက်တော့ ကွက်တိဘဲပေါ့ မြှီးရှည် နဲ့ မြေအိုးမြှီးရှည် လုပ်နည်းလေးသိချင် လို့ တင်ပေးပါအုန်းနော်

Leave a Reply

Your email address will not be published. Required fields are marked *