ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်

ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်

ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်လေးက လုပ်ရလည်း လွယ်ပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ ထိုင်းမှာတော့ ၀က်သားကင်ပြီသားတွေ ရနိုင်တော့ အဲဒါကိုပဲ အတုံးလေးများ တုံးပြီ ထမင်းကြော်ထည့် ထည့်ကြော် လိုက်ရုံပါပဲ။ ကိုယ်တိုင်ကင်ပြီ ထည့်လည်း ပိုတောင် အရသာ ကောင်းပါသေးတယ်။ ထူးခြားချက်လေးကတော့ ၀က်သားကင် ထမင်းကြော်က ချိုစိမ့်ပြီ စားလို့ ကောင်းပါတယ်။ ဒါကြောင့် ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်…

ပါဝင်သောပစ္စည်းများ

၁။ ၀က်သားကင်ပြီသား – ၂၀၀ဂရမ် (အတုံးသေးများ တုံးပေးပါ)

မှတ်ချက် ။ ။ ၀က်သားကို Red ဆော့ဖြင့် နုယ်ပြီ မိနစ် ၃၀ခန့်ကင်ပေးပါ။ ReadyMade ကင်ပြီသား ၀က်သားကင်များလည်း ၀ယ်နိုင်သည်။

၂။ ၀က်အူချောင်း – ၂ချောင်း ( အရင်ကြော်ထားပြီ အစောင်းပါးပါးလှီးပါ)

၃။ မုန်လာဥနီ – ၁ဥ (အတုံးသေးများ တုံးပေးပါ)

၎။ ဘိုစားပဲ – ၅ခု ( ပါးပါးလှီးပါ)

၎။ ချက်ပြီသား ထမင်း – နို့ဆီဗူး ၁လုံးစာ

၅။ ကြက်ဥ – ၂လုံး (ဆားအနည်းငယ်ထည့်ပြီ ခလောက်ထားပါ)

၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)

ရ။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)

၈။ ခရုဆီ – စားပွဲတင်ဇွန်း – ၁ဇွန်းခွဲ

၉။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း

၁၀။ ပဲငံပြာရည် (အချို) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၁။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူများကို ဆီသပ်ပေးပါ

၂။ ပြီလျှင် မုန်လာဥနီ၊ ဘိုစားပဲများ ထည့်ပြီ ရောမွှေလိုက်ပါ။ ရေ(လက်ဖက်ရည် ပန်းကန်လုံး ၁လုံးစာ) ထည့်ပေးပါ)

၃။ နောက်မှ ၀က်အူချောင်း (ကြော်ပြီသား)၊ ၀က်သားကင်တုံးလေးများကို ထည့်ပေးပါ။

၎။ ပြီးလျှင် ပဲငံပြာရည်(အကြည်)၊ ခရုဆီ၊ ပဲငံပြာရည်အချို၊ သကြား အားလုံးကို အရသာအပေါ့အငံ့အတွက် ထည့်ပေးပါ။

၅။ နောက်ဆုံးမှ ချက်ပြီသား ထမင်းများကို လက်ဖြင့် အသာလေး ဖွပေးပြီ ထည့်ရောမွှေလိုက်ပါ။

(မှတ်ချက်။ ။ ထမင်းများကို အတုံးအခဲလိုက် မထည့်ပါနှင့်)

၆။ ပြီါ်နောက် အပေါ်မှ ပါးပါးလှီးထားသော ကြက်သွန်မြိတ်လေးများကို ဖြူးပေးလိုက်ပါ။

ရ။ ကြက်ဥကို ဒယ်သပ်သပ်ဖြင့် အပါးကြော်ပြီ ၀က်သားကင်ထမင်းကြော်နှင့် တွဲဖက်ကာ ပူပူနွေးနွေး စားသုံးနိုင်ပါပြီ…..

20 comments

  1. Hmone gyi says:

    very nice …so clever my twin….wanna eat

  2. တော်လိုက်တဲ့ ၀တ်ရည်လေး
    ဒီလက်ရာ မစားရတာ နာလိုက်တာနော်…
    စားချင်တာ အရမ်း
    မနေ့က အိမ်မှာ စတော်ဘယ်ရီ ထမင်းကြော်စားတယ်.း)

  3. chowutyee says:

    မချော နောက်တစ်ခါ စားရဖို့ အခွင့်အေ၇းကြုံအုန်းမှာပါ…. စတော်ဘယ်ရီ ထမင်းကြော်လေး စားလို့ ကောင်းမှာ သေချာတယ်.. 😛

  4. ko nyein says:

    I like it so much. so tasty.

  5. ရည်မွန် says:

    အမ ထမင်းထည့်ပြီးတော့ အဲ့လို စိုစိုလေးနေအောင် ရေထည့်သေးလား ညီမကြော်တဲ့ထမင်းကြော်က ခြောက်ခြောက်ကြီးဖြစ်နေလို့

    • chowutyee says:

      ရေက ဟင်းရွက်တွေ နူးအောင် ထည့်တယ်။ ရေထပ်ထည့်စရာတော့ မလိုပါဘူး။ ထမင်းနဲ့ ရောနယ်ပြီ မီးပိတ်လိုက်လျှင် ခြောက်ခြောက်ကြီး မဖြစ်သွားဘူး မရည်မွန်…

  6. Poe Poe says:

    အမစောနကထိုင်းအစားအစာမတွေ့မိလို့ ထိုင်းအစားအစာတင်ဖို့ကောမန့်ရေးလိုက်မိ တယ် စော်ရီးနော် အမ:P

  7. fkthet says:

    ဒီလိုလှတပတလေးနဲ့ စားကောင်းမဲ့ဟာလေး စိတ်ဝင်စားတယ်။ အထူးသဖြင့် ကိုယ့်ဘို့ထက် ဆွမ်းဟင်းပြင်ဆင်ခြင်တာလေ။ အသစ်လေးတွေတင်ပေးဦးနော်
    ကျေးဇူး ညီမလေး ရေဆင်းကိုသတိမရဘူးလား။ ဒီနေ့ သံပုယိုသီးပေါင်းတွေကို သနတ်လုပ်စားမလို့ဝယ်ထားတယ်။ အချဉ်ထုတ်ကို အလွယ်လုပ်တာပေါ့

    • chowutyee says:

      အမြဲလာအားပေးလို့ သတိလည်းရတယ်။ ကျေးဇူးလည်း တင်ပါတယ်နော်.. 🙂

  8. may thingyan says:

    အမ ရေ
    ပသျူးထမင်းကြော် လုပ်နည်းလေးပြောပြပါ

    • admin says:

      ဟုတ်။ အားတဲ့နဲ့ ချက်နည်းပုံနဲ့တကွ တင်ပေးပါ့မယ်နော်။ ကျေးဇူး ညီမ

  9. may thingyan says:

    thanks sis !

  10. Ma G says:

    Love all your recipe. Love your web page too.

  11. myatlay says:

    ညီမလေးရေ ခုမှ ဒီဝက်ဆိုက်ကို တွေ့ရပေမယ့် အရမ်းကို စုံစုံလင်လင်လေးတင်ထားတာပဲ အားကျစရာလဲကောင်းတယ် ထိုင်းအစားအစာထဲက ကွတ်တိယို ခေါက်ဆွဲလုပ်နည်း လေးသိရင်တင်ပေးပါလား ..

  12. ko ko latt says:

    ဒီိဆိုဒ်လေးရှိတော့ အရမ်း အဆင်ပြေတယ် အမြဲအားပေးနေတယ်ဗျို့

  13. ko ko latt says:

    ထိုင်း ငါးပေါင်းနည်းလေး တင်ပေးပါလား အမ

Leave a Reply

Your email address will not be published. Required fields are marked *