ဗီယမ်နမ် ကော်ပြန့်လိပ်
ဗီယမ်နမ် ကော်ပြန့်လိပ်
ဒီဟင်းသစ်လေးကတော့ စိတ်ဝင်စားဖို့ကောင်းပြီ စားလို့လည်း ကောင်းတဲ့ ဗီယမ်နမ် ကော်ပြန့်လိပ်လေးပါ။ ဒီဗီယမ်နမ် ကော်ပြန့်ရွက်လေးတွေကို ၀တ်ရည်ရဲ့ ဟင်းချက်သူငယ်ချင်း ဟေမာဆီက လက်ဆောင်ရခဲ့လို့ လုပ်စားဖြစ်သွားတာပါ။ ဟေမာကို ကျေးဇူးပါနော်။ အနံ့ရော၊ အရသာက အလွန်ကောင်းမွန်တာမို့၊ အိမ်မှာ တစ်ရက်ထဲနဲ့ နှစ်ခါတောင် ၀တ်ရည် လုပ်စားဖြစ်တယ်။ ဗီယမ်နမ်ကော်ပြန့်လိပ်က ပူပူနွေးနွေး စားရတာမျိုးမဟုတ်ပဲ၊ အေးအေးစားရတဲ့ ဟင်းမျိုးပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအသောက် ဖြစ်တာမို့ ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်…
ပါဝင်သောပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် – ၅ကျပ်သား (သို့)
Rice Vermicelli – ၁ထုပ် ( ရေနွေးနှင့် ၄မိနစ်ခန့်ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ)
၂။ ဗီယမ်နမ် ကော်ပြန့်လိပ် (Vietnam Spring Roll) – ၈ခု
၃။ ချက်ပြီသား ပုဇွန်ကျား – ၁၅ကျပ်သား (ဆား၊ ကြက်သားမှုန့်နယ်ပြီ ဆီဖြင့် ကြော်လိုက်ပါ။ ပြီလျှင် ပုဇွန်ကို တခြမ်းခြမ်းပေးထားပါ)
၎။ ပူစီနံ (Mint) – စားပွဲတင်ဇွန်း ၃ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
၅။ ပင်စိမ်း (Basil) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (နှုတ်နှုတ်စဉ်းထားပါ)
၆။ နံနံပင် (Cilantro) – စားပွဲတင်ဇွန်း ၃ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
ရ။ ဂေါ်ဖီ (Lettuce) – ၂ရွက် (ပါးပါးလှီးထားပေးပါ)
ဆော့အတွက် ပါဝင်သောပစ္စည်းများ
၁။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ရေ – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ သံပရာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
၎။ ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
၅။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ ငရုတ်သီးဆော့ – စားပွဲတင်ဇွန်း တ၀က်
ဆော့ပြုလုပ်နည်း
၁။ ဆော့တွင် ပါဝင်ပစ္စည်းများ ဖြစ်သော (ငံပြာရည်၊ ကြက်သွန်ဖြူ၊ ရေ၊ သံပရာရည်၊ သကြား၊ ငရုတ်သီးဆော့) အားလုံးကို ခွက်တစ်ခုထဲတွင် ရောမွှေထားလိုက်ပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကော်ပြန့်ရွက် ဆံ့သည့် ခွက်ကြီး တစ်ခုထဲသို့ ရေနွေး ထည့်လိုက်ပါ။
(မှတ်ချက်။ ။ ရေနွေးသည် လက်ထည့်၍ ရသည့် အပူချိန်သာ ရှိရမည်)
၂။ ပြီလျှင် ကော်ပြန့်ရွက် ၁ရွက်ကို ရေနွေးထည့်ထားသော ခွက်ထဲသို့ ထည့်ပြီ စက္ကန့် ၁၀ခန့် စိမ်လိုက်ပါ။ ကော်ပြန့်ရွက်ပျော့သွားလျှင် ပန်းကန်တစ်ခုပေါ် တင်လိုက်ပါ။
၃။ ထိုကော်ပြန့်ရွက်ပေါ်မှ ချက်ပြီးသား ပုဇွန် ၁ကောင်ကို တခြမ်းစီ တင်လိုက်ပါ။
၎။ ပြီနောက် မုန့်ဟင်းခါးဖတ် အနည်းငယ်၊ ပူစီနီ၊ နံနံပင်၊ ပင်စိမ်း၊ ဂေါ်ဖီတို့ကို တင်လိုက်ပါ။
၅။ ခုစပြီ ပုံတွင် ပါသည့်အတိုင်း ကော်ပြန့်ရွက်ကို တဆင့်ချင်း လိပ်သွားပေးပါ။
၆။ ထိုနည်းအတိုင်း တခြားကော်ပြန့်များကို ရေနွေးစိမ်၍ လိပ်ပေးပါ။
ရ။ ဗီယမ်နမ်ကော်ပြန့်လိပ် ရပြီဆိုလျှင် ဆော့ဖြင့် တွဲဖက်ပြီ အရသာရှိရှိ စားသုံးနိုင်ပါပြီ….
Tip : ပုဇွန်အပြင် ကြော်ပြီသားဝက်သားပြား(သို့) ချက်ပြီသား ၀က်သား များကို ထည့်ပြီ သုံးဆောင်ပါက ပိုအရသာ ကောင်းမွန်ပါသည်။
19 comments
  1. hmone says:
    lane hla gyi lar….htoo san bar lar…ta kar ma eat buu bu…treat me 🙂
  2. ချော says:
    အား ကြည့်ရတာ အိစက်စက်လေး
    စားချင်စရာလေး
    တကယ်တော်တဲ့ဝတ်ရည်
    ကိုယ်မစားရလို့
  3. လာလည်သွားတယ်… ဗီယက်နမ်ကော်ပြန့်လေးလဲ ငေးသွားတယ် 🙂
  4. tai says:
    Wooo…. Wooo… Shloo.. shloo..
    Definitely I will eat it in my dream…
  5. Tin Ohn Myat says:
    Looks delicious ! Thanks for sharing cooking recipes. I made some of them at home and my friends liked.
  6. Thetmar Wynn Tar says:
    u r not just pretty but also most talented cooking house wife. what a fulfil life. thanks for sharing all the recipe.
  7. ကျေးဇူးအရမ်းတင်ပါတယ်မမချိုဝတ်ရည်
    ဒီ page လေးကိုခုမှသိရတာနှမြောလိုက်တာအားရင်အားသလိုလုပ်စားရင်း
    တန်ဖိုးရှိတဲ့အိမ်ရှင်မကောင်းတွေများများပေါလာပါစေလို့စိတ်ထဲကတောင့်တမိပါရဲ့
  8. fkthet says:
    ဟိုချီမင်းကိုအဖွဲ့လိုက်သွားတုံးက စားခဲ့ရတယ် အတော်ကောင်းတယ် street food ဆိုပေမဲ့ အရသာအရမ်းရှိတယ် သို့သော် အဲဒီ လိပ်တဲ့အရွက်က ဘယ်ရှာဝယ်ရမလဲ ထိုင်းမှာရှိတာသိပေးမဲ့ မှာရခက်တယ်လေ။ လုပ်နည်းလေးသိရရင်တော့သိခြင်သား
    • chowutyee says:
      ဗီယမ်နမ် ကော်ပြန့်လိပ်က ခုထိ ရန်ကုန်မှာ ရှာမတွေ့သေးဘူး။ ဒီကော်ပြန့်လိပ်တောင် ၀တ်ရည် သူငယ်ချင်း ဟေမာ၊ အမေရိကာက လက်ဆောင် ၀ယ်လာပေးလို့ လုပ်စားခွင့်ရတာပါ.. 🙂
  9. cho cho chit says:
    အမ ရေ … ဒီကော်ပြန့် တော့ အရမ်းကြိုက်သွားပြီ.. ကော်ပြန့် ဖတ်သက်သက် နဲ့ ရောရလား အမ…ကျေးဇူးပါနော်။။။
    • chowutyee says:
      ဗီယမ်နမ်ကော်ပြန့်က ရိုးရိုးကော်ပြန့်သားနဲ့ မတူဘူး ညီမ။ ဒါကြောင့် ဗီယမ်နမ်ကော်ပြန့်နဲ့ လုပ်မှ အဆင်ပြေလိမ့်မယ်.. လုပ်စားကြည့်နော်
  10. […] January 28, 2011 ဗီယမ်နမ် ကော်ပြန့်လိပ် […]
Leave a Reply
Your email address will not be published. Required fields are marked *