သဘောင်္သီးထောင်း
သဘောင်္သီးထောင်း
ပါဝင်သောပစ္စည်းများ
၁။ သေဘာၤသီး – ၁လံုး
၂။ မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်းစာ (မညက်တညက်ထောင်းပေးပါ)
၃။ ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်းစာ
၎။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
၅။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)
၆။ ငါးငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
ရ။ ပဲသီးရှည် – ၁ချောင်း (အရှည်အစောင်းလှီးပါ)
၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပြီ ဆီသပ်ထားပေးပါ)
၉။ ငရုတ်သီး – ၂ခု ( ထောင်းပေးပါ)
မှတ်ချက် ။ ။ အစပ်ကြိုက်ပါက ငရုတ်သီး ၆ခုထိ ထည့်နိုင်သည်
၁၀။ သကြားရည် (သို့) ထန်းလျက်ရည် – လက်ဖက်ရည် ပန်းကန်လုံး ၁လုံးစာ
ချက်ပြုတ်နည်း
၁။ သဘောင်္သီးကို ခြစ်တံဖြင့် အချောင်းရှည်လေးဖြစ်အောင် ခြစ်ပေးပါ။
၂။ ခြစ်ထားသော သဘောင်္သီးများကို ရေဆင်ဆေးပြီ ဇကာဖြင့်ပြန်စစ်ထားပါ။
၃။ ပြီးလျှင် ဇလုံတစ်ခုထဲသို့ (သဘောင်္သီး၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်၊ ပဲသီး၊ ငါးငံပြာရည်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးထောင်း၊ ကြက်သွန်ဖြူဆီသပ်) အားလုံးကို ရောမွှေလိုက်ပါ။
၎။ ပြီမှ သကြားရည်၊ သံပရာရည်၊ ငံပြာရည်တို့ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ အရသာအပေါ့အငံ့အနေတော်လျှင် ဇလုံထဲသို့ လက်ဖြင့် အနည်းငယ်ထောင်းပေးပါ။
၆။ အရသာရှိသော သဘောင်္သီးထောင်းကို စားသုံးနိုင်ပါပြီ။….
29 comments
  1. စားချင်စရာလေး။ ဒါပေမဲ့ ဗိုက်နာမှာတော့ ကြောက်တယ်။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
  2. လုပ်ကျွေးပါ
    အခုချက်ခြင်း စားချင်တယ်
    သွားရေတောင်ကျတယ်
    ချဉ်စပ်လေး
    ရှလွတ်
  3. Hmone gyi says:
    even i don’t like this food but it seem really yummy as my twin made it….
  4. အား…ဒီဟင်းတော့ ကြောက်တယ် ဒီမှာဒါပဲ စားစားနေကြတာကြည့်ရင်း ကျောစိမ့်တယ် စပ်လိုက်မယ့်ဖြစ်ခြင်း သူတို့အတင်းကြွေးလို့ အစပ်လျှော့ထားတဲ့ သင်္ဘောသီးထောင်း စားကြည့်တာ ကြယ်တွေ၊ လတွေပါ မြင်သွားတယ်လေ
    • chowutyee says:
      အစပ်ကြောက်ရင် ငရုတ်သီးလုံးဝ မထည့်ပဲ သုတ်စားကြည့်ပါနော်…
  5. chatterbox says:
    အကြိုက်ဆုံး အစားအစာထဲက အကြိုက်ဆုံးတစ်ခုပဲ… အိမ်မှာဆို ခဏခဏ လုပ်စားဖြစ်တယ်.. 🙂
  6. Win says:
    ထိုင်း ကွေ့သီယို စွပ် စားချင်တယ် ချက်နည်းလေးသိရင် တင်ပေးပါအစ်မ။ ကွေ့သီယိုအဖက်က ဝယ်လို့ရတယ်။ အရည်ကိုချက်မတတ်ဘူး။
  7. hanlay says:
    ngapi htae ya tal mlar shop mar lote tar tway tar lay
    • chowutyee says:
ုမြန်မာနည်းကတော့ ထည့်ရင် ထည့်မှာပေါ့။ ထိုင်းနည်းကတော့ မထည့်ရဘူး..
  8. fkthet says:
    လုပ်စားပြီးပြီ။ ရုံးကိုလည်းကျွေးပြီးပြီ။ ကောင်းတယ်တဲ့။ ဟင်းချက်တဲ့သူတွေက ဒါလေးကို ကျေနပ်တာဘဲနော်။
    ကျန်းမာပါစေ များများရေးနိုင်ပါစေ
    • chowutyee says:
      ဟုတ်ပ မရယ်။ ကိုယ်ဟင်းကို စားလို့ကောင်းတယ်၊ ချီးမွမ်းတဲ့ ပီတိနဲ့ပဲ ပင်ပန်းခံပြီ ချက်ပြုတ်နေကြရတာ.. မ ပေးတဲ့ဆုနဲ့ ပြည့်ရပါစေနော်.. 😛
  9. khin thandar says:
    Sis …Please give me the recipes for Black & pepper Crab and way to cook.
    I wanna it.
    thanks
    • chowutyee says:
      ဟုတ်ကဲ့ ဟင်းသစ်အနေနဲ့ တင်ပေးလိုက်ပါမယ်နော်.. ကျေးဇူးပါ
  10. san san says:
    Happy Myanmar New Year par sis lay yay, ထိုင်းအစားအစာမှာ လေ ကွေ့တီယိုရောလုပ်မစားသေးဘူးလားဟင် စားချင်လို့ပါ လုပ်စားဖြစ်ရင် တင်ပေးအုံးနော် ညီမလေး ကျေးဇူး 🙂
    • chowutyee says:
      ဟုတ် တင်ပေးလိုက်ပါ့မယ်.. ကွေ့တီယိုလို့ ကြားတာနဲ့ ဗိုက်တောင် ဆာလာပြီ.. 😛
  11. […] February 26, 2011 သဘောင်္သီးထောင်း […]
  12. thetnaing says:
    မရှင်းလို လက်နဲ့ဘယ်လိုထောင်းရမှာလဲ
    • admin says:
      လက်သီးနဲ့ သင်္ဘောသီးကို နည်းနည်းကြေအောင် ထုပေးရုံပါ..
  13. ayeyumaw says:
    မမ ရေ သဘော်သီးထောင်းအရမ်းကောင်းတယ်
    ဒီနေ့ လုပ်စားဖြစ်တယ်။ကျေးဇူးတင်ပါတယ်နော်
    ဒီထက်မကအောင်မြင်ပါစေ
  14. Pa Pa says:
    ကြိုက်တယ်အမရေ
  15. Lin papa says:
    ကြိုက်​၏ လုပ်​စားမည်​ဟဲ
  16. chitsan says:
    Thank you for your help.
  17. lin thit says:
    မင်္ဂလာပါဗျာ.. ကျနော် က ဘန်ကောက်မှာ စားဖူးလို့  အရမ်း ကြိုက်တာ နဲ့ မြန်မာပြည်မှာ သင်္ဘောသီးထောင်း ဆိုင်လေးဖွင့်ဖြစ်ပါတယ်(လမ်းဘေး) ဘန်ကောက်က လုပ်နည်းတွေ သေချာမေးပြီးမှ လုပ်တာပါ အဲ့ဒီမှာ ငါးငပိ ဂဏန်း ငပိ ၂ မျိုးထားပြီးတော့ ကြိုက်ရာ ရွေးထည့် ခိုင်းလို့ရပါတယပြီးတော့ အမယ်တွေ တမျိုးပြီးတမျိုး ဆုံထဲ ထဲ့ထောင်းပါတယ်
Leave a Reply
Your email address will not be published. Required fields are marked *