အင်ဒိုနီးရှားစတိုင် အုန်းနို့ကောက်ညှင်းပေါင်း

အင်ဒိုနီးရှားစတိုင် အုန်းနို့ကောက်ညှင်းပေါင်း

ဒီ အင်ဒိုနီးရှားစတိုင် အုန်းနို့ကောက်ညှင်းပေါင်းလေးက အရသာ စိမ့်ပြီ အလွန် စားလို့ကောင်းပါတယ်။ မနက်စာနှင့် အစာပြေစာ အဖြစ် စားသုံးနိုင်ပါတယ်။ ကောက်ညှင်းကို ပေါင်းအိုးနဲ့ ပေါင်းထားတာမို့ ထမင်းအိုးနဲ့ ချက်တာထက် ပိုပြီ နူးအိပြီ စားလို့လည်း ပိုကောင်းပါတယ်။ အုန်းနို့ပါဝင်သော်လည်း မအီနေပဲ ချိုစိမ့်စိမ့် အရသာလေးကို ရရှိမှာပါ။ ချက်နည်းလေးကို ကြည့်ကြည့်ရအောင်….

ပါဝင်သောပစ္စည်းများ

  • ကောက်ညှင်းဆန် – ၃၀၀ ဂရမ် (ရေထဲမှာ ၃နာရီကြာ စိမ်ထားပေးပါ) (မှတ်ချက် ။      ။ ၃နာရီထက် အချိန်ပို၍ မစိမ်ပါနှင့်)
  • အုန်းနို့နှစ်ဗူး (Coconut Cream) – ၁၀၀ဂရမ်

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပုဇွန်ခြောက်မှုန့် – လက်ဖက်ရည်ခွက် ၂လုံးစာ
  • Pandan flavor color  – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ရေအနည်းငယ်ဖြင့် ရောပါ) (optional)

ချက်ပြုတ်နည်း

၁။ ၃နာရီကြာ ရေစိမ်ထားသော ကောက်ညှင်းဆန်များကို ရေအနည်းငယ်ချန်ပြီ ကျန်ရေများကို သွန်လိုက်ပါ။

၂။ ပြီလျှင် Pandan flavor color ကို ကောက်ညှင်းဆန်ထဲ့ထည့်ပြီ ရောမွှေလိုက်ပါ။

၃။ ကောက်ညှင်းဆန်များ အစိမ်းရောင်လေးများ ဖြစ်သွားပါလိမ့်မည်။  ပြီလျှင် ပေါင်းအိုးထဲသို့ မထည့်မှီ အရသာအတွက် (အုန်းနို့နှစ်၊ ဆား၊ သကြား) တို့ကို ထည့်ရောမွှေလိုက်ပါ။

၎။ ထို့နောက် ကောက်ညှင်းဆန်များကို စတီခွက်တစ်ခုထဲ ထည့်၍ ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့် ပေါင်းပေးပါ။

၅။ ကောက်ညှင်းဆန်အိလာလျှင် ပေါင်းအိုးမှ ချပြီ ငပျောရွက်များဖြင့် တြိဂံပုံသဏန်လေးများ ထုပ်ပေးပါ။

၆။ တြိဂံပုံသဏန်ထုပ်ထားသော အုန်းနို့ကောက်ညှင်းပေါင်းများကို ပေါင်းအိုးဖြင့် ၁၀မိနစ်ခန့် ထပ်ပေါင်းပေးပါ။

ရ။ အင်ဒိုနီယားစတိုင် အုန်းနို့ကောက်ညှင်းပေါင်း အပေါ်မှ ပုဇွန်ခြောက်မှုန့်များဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————–

36 comments

  1. hmone gyi says:

    yummy yummy pig yay…sorry bae kha tin pay loe ma ya loe heee

  2. Sunny says:

    ကောက်ညှင်းကို အုန်းနို့နဲ့၊ ပုစွန်ခြောက်နဲ့ တွဲမစားဖူးဘူး.. စိတ်ဝင်စားသွားပြီ.. ကျေးဇူး မမ၀တ်ရည်..

  3. ဖြိုး says:

    အိန္ဒိယမှာကောင်းညှင်းဆန်ရောင်းတဲ့ဆိုင် ရှိလား မသိဘူး ။သိရင်လှမ်းညွှန်ကျပါအုံးဗျာ …. ဒီလိုလေးစားချင်လို့…ဟင်းအသစ်တင်တိုင်းလာကြည့်မယ်နော် …ကျေးဇူးဗျာ.

    • မိုး says:

      ကောက်ညှင်းဆန်ကို sticky rice, sweet rice, waxy rice, botan rice, biroin chal, mochi rice, and pearl rice လို့  ခေါ်ပါတယ်။ ဆန်ရောင်းတဲ့ ဆိုင် (သို့ ) ကုန်ခြောက်ရောင်းတဲ့ဆိုင်တွေမှာ ရှာကြည့်ပါ၊ ရှာလို့ မတွေ့ ရင် မေးကြည့်ပါ။

  4. အရောင်လေးကလည်း ကိုယ့်အကြိုက်
    အချိုဆိုတော့ ပုဇွန်ခြောက်ထက် နို့မှုန့်လေးနဲ့ တို့စားချင်တယ်
    လုပ်စားဦးမယ် ကွယ် ဒန်တန်တန်

    • chowutyee says:

      တချို့က သကြားရည်လေးနဲ့ တွဲစားတယ် မချော။ အဆင်ပြေရင် လုပ်စားကြည့်ပါနော်… 😀

  5. ma phoo says:

    i like it very much…..

  6. ခင်လေးနွယ် says:

    ကျေးဇူးဘဲနော်။ လုပ်စားကြည့်ဦးမယ်။

  7. Nandar Aung says:

    Wonderful ! Thanks for the recipe 🙂

  8. tinzarchawsu says:

    အမ
    ကောက်ညှင်းဆန် ၃၀၀ ဂရမ်က နို့ဆီဘူးဘယ်လောက်ရှိလဲ………….

  9. phyo says:

    မမ၀တ်ရည် ဖြိုးစားဖူးတာတစ်ခုရှိတယ်..
    ကောက်ညှင်းကို ဖက်နဲ့ ထုတ်ပြီးမီးကင်ထားတာ..(ငှက်ပျော်ဖတ်ပဲထင်တယ်)
    အထဲမှာ ပုဇွန်ခြောက်ထောင်းလေးနဲ့ အုန်းသီးဖတ်လေးတွေအစာသွပ်ထားတယ်..
    အဲ့ဒီလုပ်နည်းလေးပါ တင်ပါလား မမ၀တ်ရည်….

  10. zar chi says:

    ရှမ်းပာင်းထုပ်လုပ်နည်းလေးကိုအရမ်းပဲသိချင်ပါတယ်ရှင်

    • admin says:

      တခါမှတော့ မလုပ်စားရသေးဘူး။ ၀တ်ရည် လုပ်စားပြီတာနဲ့ တင်ပေးလိုက်မယ်နော်

  11. cho cho chit says:

    လုပ်စားကြည့်အုံးမယ် မ ရေ … ကျေးဇူးပါနော်

  12. aunty pauk says:

    မ၀တ်ရည်ရှင့် padan အရသာအနှစ်ဘယ်မှာဝယ်လို့ ရလဲသိချင်ပါသည်ရှင့်

    • admin says:

      အရသာနှစ်မဟုတ်ဘူး။ သူက padan အရည်ဗူးလေးတွေ။ နမူနာ 3.bp.blogspot.com/-FrJKsEEgXsY/Tl7VvYfxjyI/AAAAAAAAA3o/gkMbE2WT-3o/s1600/DSC_1085.jpg ဒီပုံမှာ ကြည့်ကြည့်ပါနော်။ အဲဒါကို ရေလေးနဲ့ အနည်းငယ်ဖျော်ပြီ ထည့်ရတာပါ။ City Mart မှာ ရောင်စုံရှိပါတယ်။ Food coloring. ဂျုံမှုန့်တွေ ရောင်းတဲ့ တန်းမှာ မေးရင်ရလောက်မယ်.. ကျေးဇူးပါ.. 😀

  13. Yin Min says:

    ဟုတ်တယ်။ ကျွန်မလဲ pandan flavour color ဆိုတာကို ဘယ်မှာ ဝယ်ရမလဲ ဆိုတာ သိချင်ပါတယ်။ plz reply to me.

    • admin says:

      ဟုတ် ၀တ်ရည် ဗူးပုံလေး ထည့်ပေးဖို့ ကျန်ခဲ့လို့။ နမူနာ 3.bp.blogspot.com/-FrJKsEEgXsY/Tl7VvYfxjyI/AAAAAAAAA3o/gkMbE2WT-3o/s1600/DSC_1085.jpg ဒီပုံမှာ ကြည့်ကြည့်ပါနော်။ အဲဒါကို ရေလေးနဲ့ အနည်းငယ်ဖျော်ပြီ ထည့်ရတာပါ။ City Mart မှာ ရောင်စုံရှိပါတယ်။ Food coloring. ဂျုံမှုန့်တွေ ရောင်းတဲ့ တန်းမှာ မေးဝယ်နိုင်ပါတယ် 😀

  14. Hsu Mon Wynn says:

    အကြိုက်ပဲမမရေ……….

  15. Khaing says:

    အမရေ Subscribe မေးလ်ကမရောက်လို့ပြန်ပို့ပေးပါလား။ကျေးဇူးပါမမ

    • admin says:

      ပို့ထားပြီပြီ ညီမ။ မေးထဲမှာ comfirm လုပ်တဲ့ အီးမေးရောက်လာလိမ့်မယ်..

  16. nancy says:

    I would love to try this, can you post the recipe in English? thanks so much!

    Nancy

Leave a Reply

Your email address will not be published. Required fields are marked *