ပါမုန့် ၀က်သားကပ်ကြော်
ပါမုန့် ၀က်သားကပ်ကြော်
ဒီ ပါမုန့်ဝက်သားကပ်ကြော်လေးက အစားပြေအဖြစ် အချိန်မရွေးမှာ စားသုံးနိုင်ပါတယ်။ စားလို့လည်း အရမ်းကောင်းပြီ ထိုင်းစတိုင် ဆော့လေးနဲ့လည်း အလွန်မှ လိုက်ဖက်လှသည်။ ၀တ်ရည်ကတော့ ထိုင်းဟင်းတွေကိုလည်း ကြိုက်တာမို့ မကြာခဏလိုလို လုပ်စားဖြစ်ပါတယ်။ ချက်နည်းလေးကလွယ်တာမို့ တူတူလုပ်စားကြည့်လိုက်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ပါမုန့် (Bread)- ၅ချပ်
၂။ ၀က်သား (Pork)- ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
၃။ ကြက်ဥ (Egg)- ၁လုံး (ခလောက်ထားပါ)
၎။ ခရုဆီ (Oyster Sauce)- စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ပဲငံပြာရည် အကြည် (Light Soy Sauce)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ဆား (salt)- လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရ။ သကြား (Sugar)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် (Black pepper)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ တရုတ်နံနံပင် (Spring Cilantro)
ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ သခွာသီး – တ၀က် (ပါးပါးအရှည်လှီးပါ)
၂။ ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးပါ) (ပါးပါးလှီးပါ)
၃။ ငရုတ်သီးတောင့်ပွ(အရှည်) – ၁ခု(ပါးပါးအ၀ိုင်းလှီးပါ)
၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ဗီနီဂါ – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ ရေနွေး – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပါမုန့်၁ချပ်ချင်းဆီကို ၄ပိုင်းပိုင်းလိုက်ပါ
၂။ ပြီလျှင် ကျန် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်ဥ၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ တရုတ်နံနံပင်) အားလုံးတို့ကို ဇလုံတစ်ခုထဲတွင် ရောနုယ်လိုက်ပါ။
၃။ ထို့နောက် ပါမုန့်ပေါ်သို့ နုယ်ထားသော ၀က်သားများကို ပုံတွင် ပါသည့်အတိုင်း ကပ်လိုက်ပါ။
၎။ ပြီနောက် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ၀က်သားကပ်ထားသည့် ဘက်သို့ အရင်ကြော်ပြီ ကျက်လျှင် နောက်တစ်ဘက်သို့ ပြန်လှန်ပေးပါ။
၅။ နီညှိုရောင်သန်းလာလျှင် ပါမုန့်လေးများကို ပြန်ဆယ်ပေးပြီ ဆီစုတ်စက္ကူပေါ်တွင် တင်ပေးထားပါ။
၆။ ထိုနည်းအတိုင်း ကျန်ပါမုန့်များကို ဆက်ကြော်ပေးပါ။
ရ။ ပါမုန့် ၀က်သားကပ်ကြော်လေးများ ရပြီ ဆိုလျှင် ဆော့ပြုလုပ်ပါ့မယ်။
၈။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား၊ ဗီနီဂါ၊ ရေနွေး)တို့ကို ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။
၉။ ပြီမှ သခွာသီး၊ ငရုတ်ပွတောင့်၊ ကြက်သွန်မြိတ်ထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ခြင်းဖြင့် ဆော့ရရှိပါပြီ။
၁၀။ ပါမုန့် ၀က်သားကပ်ကြော်လေးများကို ဆော့ဖြင့်တွဲစားသုံးနိုင်ပါပြီ….
Imgae [Bread_Pork_Fry.jpg]
32 comments
  1. win says:
့ ကျနော်ဝယ်ထားတဲ့ပါမုန့်တွေမစားချင်တော့လို့ဗျာ …အခုတော့နည်းလေးရသွားလို့ လုပ်စားကြည့်လိုက်အုံမယ် ..ကျေးဇူးဗျာ..
  2. Theingi says:
    အရမ်းကောင်းပါတယ် နောက်လဲ ဒီထပ်ကောင်းတဲ့ စားစရာတွေတင်နိုင်ပါစေ
    သင်္ကြန်တွင်းအတွက် သင်္ကြန်မုန့်လုပ်နည်းတွေကို လည်းတင်ပေးပါဦးနော်
    ကျေးဇူးတင်စွာဖြင့်
    မသိဂီ
    • chowutyee says:
      ဟုတ်ကဲ့ပါ မသိင်္ဂီ။ သင်္ကြန်နီးလာရင် သင်္ကြန်မုန့်လုပ်နည်းတွေ တင်ပေးပါ့မယ်…
  3. Sunny says:
    နေ့တိုင်း ပေါင်မုန့်ကို ထောပတ်သုပ်စားနေရတာ ရိုးလာပြီ.. မမ၀တ်ရည်ပြောတဲ့ ၀က်သားကပ်ကြော်လေး လုပ်စားဦးမယ်.. ကျေးဇူး မမ..
  4. Dare says:
    Ma WutYee,
    This will be yummy!
    Will try soon and can you post how to make fried dry eel with dried chilli?
    I couldn’t find anywhere for that recipe.
    Thanks.
    • chowutyee says:
      ငါးရှဉ့်ခြောက်စပ် လုပ်နည်းလေး ရှာကြည့်လိုက်အုန်းမယ်။ ပြီရင် ပြန်ပြောပြပါ့မယ်… 😛
  5. marysan says:
  6. ဟေးဟေး ပျော်စရာကြီးတော် လုပ်စားဦးမယ် တော်လိုက်တဲ့ဝတ်ရည်..
    နည်းကောင်းလေးပေးတာ ကျေးဇူးနော် မွှမွှး)
    • chowutyee says:
      ဟီးဟီး၊ မချော လုပ်စားကြည့်ပါနော်။ တကယ်စားလို့ကောင်းတယ်။ လာအားပေးလို့ မွှမွှ.. 😀
  7. chan mya mon says:
    ကျေးဇူးတင်ပါတယ်နော်..လုပ်စားကြည့်လိုက်အုံးမယ်…
  8. ma mie says:
    ကောင်းလိုက်တာ ၀တ်ရည်လေးရယ်…ရုံူးပိတ်မှချက်စားအုံးမယ်…
  9. ko nyein says:
    My son like bread, he everyday eat 9 slices of bread. I think, he can like this one. thank you for your post.
    • chowutyee says:
      ပါမုန့်ကြိုက်ရင် ဒီချက်နည်းလေးကိုလည်း သားသား သဘောကျမှာပါ.. 😀
  10. မမ၀တ်ရည်…စားတော့စားချင်တယ်
    • chowutyee says:
      ရှင်းက ဒီအတိုင်းလည်း လှပြီသားပါ ၀ိတ်မလျှော့ပါနဲ့။ စားသွားနော်… 🙂
  11. အင်း ပေါင်မုန့်နဲ့ ၀က်သားဆိုတော့ ၀ိတ်တွေတက်တော့မှာပဲ…ဒါနဲ့ အပေါ်ကတစ်ယောက် request လုပ်ထားတဲ့ ငါ့ရှဥ့်ခြောက်စပ်လေး ထပ်ဆင့် request လုပ်ပါရစေဦး
    • chowutyee says:
      ဟုတ်ကဲ့ ခုတလော မအားဖြစ်နေလို့ပါ။ အားတာနဲ့ တင်ပေးလိုက်ပါ့မယ်နော်
  12. ငယ်လေး says:
    စားကောင်းမယ့်ပုံလေးပဲ…. လုပ်စားကြည့်အုန်းမယ်…
    ကျေးဇူးပဲ မ၀တ်ရည်ရေ..
  13. မမိုး says:
    စားကောင်းမယ်ထင်တယ်
    အစားကောင်းတွေကိုကြိုက်လို့ချက်ချင်းကြော်စားမယ်
    ရှဲ့ရှဲ့နီ…………………………….(တရုပ်လိုပြောတာနော်)
  14. Ei Mon Kyaw says:
    Nice!!
  15. cheerry says:
    ကျေးဇူးတင်လိုက်တာ ဝတ်ရည်ရယ်…. သားနဲ့သမီးကို အဲလိုလေးကြော်ကျွေးရမယ်…အရသာရော အဟာရလည်း ရှိမဲ့ပုံလေးပဲ…….
  16. maythet says:
    great
Leave a Reply
Your email address will not be published. Required fields are marked *