ဝက်သားခေါက်ဆွဲကပ်ကြော်

ဝက်သားခေါက်ဆွဲကပ်ကြော်

ဒီဝက်သား ခေါက်ဆွဲကပ်ကြော်လေးက Happy မှာလည်း စားဖူးတယ်။ အိမ်ရှင်မလက်ရာက ဟင်းချက်ညီအစ်မ တစ်ဦးလုပ်နည်းလေးပေးတာနဲ့ လုပ်စားဖြစ်သွားတာပါ။ တကယ်စားလို့ကောင်းတယ်။ ဟင်းအထူးဆန်းလေးပေါ့နော်၊ ၀တ်ရည် အိမ်သားတွေကတော့ အရမ်းကြိုက်ကြတယ်။ တူတူလုပ်စားကြရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ၀က်သား – ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)

၂။ ခေါက်ဆွဲခြောက် – ၂ခွေ ( ရေနွေးဖြင့် ခဏပြုတ်ပြီ ရေအေးပြန်စိမ်ထားပါ)

၃။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း တ၀က်

၎။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

၆။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ရ။ ကြက်ဥ – ၁လုံး (ခလောက်ထားပေးပါ)

၈။ တန်ပူရာမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း

၉။ နှမ်းဆီ – ၄စက်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ပြုတ်ထားသော ခေါက်ဆွဲဖတ်များ၊

တန်ပူရာမှုန့်၊ ရေ(အနည်းငယ်) တို့ဖြင့် ရောမွှေပြီ ဘေးတွင်ဖယ်ထားပေးပါ။

၂။ ပြီမှ ဇလုံတစ်ခုထဲတွင် (၀က်သား၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ ကြက်ဥ၊ နှမ်းဆီ) တို့ကို သမအောင် နုယ်လိုက်ပါ။

၃။ နုယ်ထားသော ၀က်သားများကို လက်မအရွယ်အလုံးလေးများ လုံးပေးပါ။

၎။ ပြီးမှ ခေါက်ဆွဲဖတ်များဖြင့် ပုံတွင်ပါသည့်အတိုင်း ကပ်လိုက်ပါ။

၅။ ထို့နည်းအတိုင်း ကျန်ဝက်သားများကို ခေါက်ဆွဲဖတ်လေးများ ကပ်ပေးသွားပါ။

၆။ ပြီလျှင် ဒယ်အိုးထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ၀က်သားခေါက်ဆွဲကပ်လေးများကို ထည့်ပြီ မီးအသင့်တင့်ဖြင့် ထည့်ကြော်ပေးပါ။

ရ။ နီညှိရောင်သန်းလာလျှင် ဆီစုတ်စက္ကူထဲသို့ ပြန်ဆယ်ထားပေးပါ။

၈။ ကြွပ်ကြွပ်ရွရွ ၀က်သားခေါက်ဆွဲကပ်ကြော် လေးများကို ထမင်းပူပူလေးနဲ့ပဲ ဖြစ်ဖြစ် စားသုံးနိုင်ပါပြီ…

 

24 comments

  1. hmone gyi says:

    mike hla gyi lar pig yee doe ka lote pe…yummy

  2. နွေးနေခြည် says:

    ကောင်းလိုက်တာ.. ပြင်ထားတာလည်း အရမ်းလှတာပဲ။ NICE IDEA!

  3. ko nyein says:

    new one. nice!

  4. win says:

    ကြိုက်တယ်ဗျို့…

  5. ခင်ယမုံ says:

    ကျေးဇူးပါ မ၀တ်ရည်
    သင်္ကြန်မွေးနေ့မှာလုပ်စားမယ်နော်..

  6. ၀က်သားခေါက်ဆွဲလုံးလေးတွေ နေပူမှာစိုးလို့ ထီးမိုးပေးထားတာလား
    ဟိဟိ
    စိတ်ကူးကောင်းလိုက်တာဝတ်ရည်ရယ် သိပ်တော်တာဘဲ
    ကြိုက်လိုက်တာ

    • chowutyee says:

      ဟီးဟီး ခုတလော နေပြင်းတာနဲ့ ဟင်းလေးပါ ထီးမိုးပေးထားရတာ။ မချောကို အများကြီး ကျွေးလိုက်ပြီနော်.. 😀

  7. naing says:

    မိုက်လိုက်တာ ဒီပို.စ် တင်တဲ့ သူလို မိန်းမမျိုး၇၇င် ကောင်းမှာပဲ xP xD

  8. phyo pa pa says:

    lovely sis
    cooking in to the heart
    very nice all of your cusine
    i love it

  9. phyo pa pa says:

    lovely sis
    cooking in to the heart
    very nice all of your cuisine
    i love it

  10. Juliet Cho says:

    ဒီနေ့ ဒီဟင်းလေး ချက်စားဖြစ်တယ်။ အရမ်းကောင်းတာပဲ။
    ကျေးဇူးအများကြီးတင်ပါတယ်။
    ဟင်းချက်နည်းအသစ်လေးတွေ စောင့်နေမယ်နော …

    • chowutyee says:

      ဟုတ်ကဲ့ ၀တ်ရည်လည်း ဒီဟင်းလေး အရမ်းကြိုက်တယ်.. ချက်နည်းအသစ်တွေလည်း ကြိုးစားပြီ တင်ပေးပါ့မယ်.. 😀

  11. […] April 6, 2011 ၀က်သားခေါက်ဆွဲကပ်ကြော် […]

  12. Ye Hein says:

    ဟင်းချက်တာကိုဝါသနာပါပါတယ်
    အခုလဲအမရဲ့ချက်နည်းတွေနဲ့အိမ်မှာချက်စားမှာပါ
    ကျေးဇူးတင်ပါတယ်အခုလိုဟင်းချက်နည်းတွေတင်ပေးတဲ့အတွက်
    အမ website လေးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်

  13. myatmyattun says:

    ညီမလေးရေ
    ဟင်းအသစ်တင်တိုင်း အမ e mail ကို ပို့ပေးလို့ရမလားဟင်
    ညီမလေး နှစ်သစ်မှာ ပျော်ရွှင်မှုများစွာဖြင့် ပိုင်ဆိုင်ပြီး ဟင်းတွေလဲ ဒီထက်မက ပိုချက်ပြီး
    သင်ပြ ပေးနိုင်ပါစေ

    ကျေးဇူးများစွာဖြင့်
    မြတ်

    • admin says:

      ပေးတဲ့ဆုနဲ့ ပြည့်ရပါစေနော်။ Email subscription လုပ်ပေးထားပါတယ်။ Confirm လုပ်လိုက်ပါ၊ ဟင်းသစ်တင်တိုင်း အီးမေးရောက်ပါလိမ့်မယ်… 🙂

Leave a Reply

Your email address will not be published. Required fields are marked *