ကြက်သား နှင့် ကြက်အူချောင်း ပီဇာ

ကြက်သား နှင့် ကြက်အူချောင်း ပီဇာ


ဒိုးအတွက် ပါဝင်သောပစ္စည်းများ

၁။ ဂျုံ – ၃၀၀ ဂရမ်

၂။ ရေ –  တစ်ခွက်ခန့်

၃။ Dry Yeast – လက်ဖက်ရည်ဇွန်း ၂ (City Mart ဆိုင်များတွင် ၀ယ်ယူနိုင်သည်)

၎။ နို့မှုန့်- စားပွဲတင်ဇွန်း ၁ဇွန်း

၅။ ဆား – လက်ဖက်ရည်ဇွန်း၁

၆၊ ဆီ – စားပွဲတင်ဇွန်း၁

ဒိုးလုပ်နည်း

၁။ ရေ၊ yeast၊ နို့မှုန့်၊ ဂျုံ ၊ ဆား ရောပြီး သမအောင်နုယ်ပေးပါ။ ရေများသွားပါက ဂျုံထပ်ထည့်ပေးပါ။

၂။ ၁၀မိနစ်ခန့် ထားပြီးမှ ဆီထည့်နုယ်ပေးပါ။

၃။ နုယ်ထားသော ဂျုံကို အနည်းဆုံး ၃နာရီ အုပ်ပြီး ထားပေးပါ။

၎။ ထို့နောက် ဂျုံဒိုးံကို ထလိမ့်တုံးနှင့် အပြား ၁၀လက်မလောက် ရောက်အောင် လိပ်ပေးပါ။

၅။ ပြီးနောက် ဂျုံဒိုးဘေးပတ်ပတ်လည်ကို အတွန့်လေးများ ပုံဖော်ပေးပါ။ ပြီးလျှင် ဂျုံကို ပုံတွင်ပါသည့်အတိုင်း ခရင်းဖြစ် အပေါက်လေးများဖောက်ပေးပါ။

အောက်ခံ ခရမ်းခဉ်သီးဆော့လုပ်နည်း

၁။ ခရမ်းချဉ်သီး ၃လုံးကို ရေနွေးဆူဆူထဲ ပြဲအောင် ထည့်ြ့ပူတ်ပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီး skin(အခွံ)ကို ခွာပေးပြီး နှုတ်နှုတ်ဆင်းပါ။

၂။ ဒယ်ထဲ ဆီထည့် ကြက်သွန်ဖြူ (နှုတ်နှုတ်ဆင်း) sautee ထိုးပါ။

၃။ ထို့နောက် နှုတ်နှုတ်ဆင်းထားသော ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ် (tomato paste)(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ဂျုံ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်မွှေပေးပါ။

၎။ ခရမ်းချဉ်သီးများ နူးအောင် မြုပ်ရုံ ရေ၂ခွက်ခန့်ထည့်ပေးပါ။

၅။ ပြီးမှ အရသာအပေါ့အငံ့အတွက် ဆား၊ သကြား ထည့်မွှေပေးပါ။

၆။ အနှစ်မပျစ်မကျဲ အနေထားတွင် ချပေးပါ။

ဒိုးဖုတ်နည်း

၁။ အရင် Oven ကို preheat လုပ်ထားပေးပါ။

၁။ ဂျုံဒိုးကို Oven ထဲထည့်ကာ အပူချိန် ၂၀၀ဒီဂရီ ဖြင့်  ၁၀ မိနစ်ခန့်ဖုတ်ပေးပါ။

၂။ ပြီးလျှင် Oven မှထုတ်ပါ၊ အသင့်လုပ်ထားသော ခရမ်းချဉ်သီးဆော့ကို အပေါ်မှ သုတ်ပေးပါ။

ကြက်သား ပီဇာအတွက် ပါဝင်သော ပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၅ကျပ်သား (ရေနွေးဖြင့်ပြုတ်ပြီး အမျှင်နွင်းပါ)

၂။ ကြက်အူချောင်း(အရှည်လှီး)

၃။ ပြောင်းဖူး – ၁ဖူး (ရေနွေးဖြင့်ပြုတ်ပြီး ခြွေပါ)

၎။ ခရမ်းချဉ်သီး- ၁လုံး (အရှည်လှီး)

၅။ ငရုတ်သီးပွ (အစိမ်း) – ၁လုံး (အရှည်လှီး)

၆။ ကြက်သွန်နီ – ၂လုံး (အ၀ိုင်းလှီး)

ရ။ ချိပ်

ကြက်သားပီဇာဖုတ်နည်း

၃။ ပြီးလျှင် ဒိုးပေါ်တွင် ကြက်သား ပီဇာအတွက် ပါဝင်သော ပစ္စည်းများကို ထည့်ပါ။

၎။ အရင်ဆုံး ကြက်သွန်နီ အ၀ိုင်းထည့်ပါ ပြီးမှ အစဉ်လိုက် (ခရမ်းချဉ်သီး၊ ငရုတ်သီးပွ၊ ကြက်အူချောင်း၊ ကြက်ရင်ဗုံသား၊ ပြောင်းဖူး) အစဉ်လိုက် စီကာ ထည့်ပေးပါ။

၅။ အပေါ်ဆုံးမှ ချိပ်ကို grater နဲ့ခြစ် ဖြူးပေးပါ။ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။

၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၁၀မိနစ်ခန့်ဖုတ်ပေးပါ။

29 comments

  1. hmone gyi says:

    look very nice but ko cook ma bae eat ya top mar ma lote tae loe 🙂

    • chowutyee says:

ုကိုယ်ကလည်း ပီဇာ ဖုတ်တာ ထင်သလောက် မခက်ပါဘူး ကြိုးစားလုပ်ကြည့်ပေါ့

  2. Raven says:

    ha ha … good … good … i will try once i have the oven.

    • chowutyee says:

      ကိုကျော်ဇော်လင်း လုပ်ကြည့်ပြီးရင် ပြန်ပြောအုန်းနော်….

  3. leo says:

    မ၀တ်ရည်ရေ.. pizza ဖုတ်တဲ့ အချိန်က နည်းနည်း များနေတယ်နဲ့တူတယ်နော်။ အပူချိန်က ၂၀၀ ဒီဂရီ စင်တီဂရိတ်၊ အားလုံးကြာချိန်က ၃၀ မီးနစ်ဆိုတော့ တူးများ သွားမလားပဲ။ သေချာလေး ပြန်ကြည့်ပေးပါအုံး။
    နောက် ဂျုံက ၃၀ ဂရမ်ဆိုတော့ ရေက ဘယ်လောက်ထည့်ရမှာ လဲဗျ။
    yeast ထည့်တာလဲ နည်းနည်း များမယ်ထင်တယ်။ အချိုးအစားတွေကိုပြန်စစ်ပေးပါလား။ ကျေးဖူးပါ။

    • chowutyee says:

      – အပူချိန် ၂၀၀ ဒီဂရီကို ဒိုးကို မိနစ်၂၀ဆိုတာ preheat လုပ်တဲ့ အချိန်ပါ ထည့်တွက်ပြီးရေးထားလို့ပါ… preheat လုပ်ပြီးမှ စရေရင် ဒိုးကို ၁၀မိနစ် + အစာပလာထည့်ပြီး ဖုတ် ၁၀မိနစ် ဆိုတော့ မိနစ် ၂၀ထဲပါ.. ရေးထားတာ လိုသွားလို့ ပြန်ပြင် ရေးထားပါတယ်..း)
      – ပြီးတော့ ဂျုံမှုန့်က ၃၀ဂရမ် မဟုတ်ပါဘူး ၃၀၀ ဂရမ်ပါ..
      – ရေကတော့ ရေသန့်တစ်ခွက် လောက်ဆို အနေတော်ပါပဲ… ဂျုံအနေထား မမာမပျော့ အနေထားရရင် ရပါပြီး.. ဂျုံကို နာနာနုယ်ပေးလျှင် ဒိုးပိုကောင်းလေပါပဲ..
      – yeast ကတော့ အများအားဖြင့် လက်ဖက်ရည်ဇွန်း ၁ဇွန်းပဲထည့်ကြတယ်.. ဒါပေမယ့် ၀တ်ရည်က ပိုပွစေချင်လို့ ၂ဇွန်းထည့်ထားတာပါ။
      – တချို့လိုအပ်မယ်ထင်တာလေ တွေ ပြန်ပြင် ရေးထားပေးပါတယ်နော်..
      – ပြီးတော့ ဒီပီဇာဖုတ်နည်းက တခြားသူတွေနဲ့ နည်းနည်းတော့ တူချင်မှတူမယ်..
      – ၀တ်ရည် စိတ်ကြိုက်ဖုတ်ထားတဲ့ နည်းပါ။ ၀တ်ရည် ပီဇာက အမျိုးတွေ၊ သူငယ်ချင်းတွေ ထဲမှာတော့ နံမည်ကြီးပဲ ကောင်းလို့ဆိုပြီး.. hee ဒီနည်းအတိုင်း လုပ်စားကြည့်ပါ၊ အရသာ အရမ်းကောင်းတာ တွေ့ပါလိမ့်မယ်..း)

  4. leo says:

    ကျွန်တော် လုပ်တဲ. Pizza နဲ.တော. ကွာခြားမှု.တွေရှိနေလို.ပြောတာပါ ၀တ်ရည်ရဲ.ပြုလုပ်ပုံလေးကလဲးကောင်းပါတယ် ကျွန်တော်ကတော. ဟိုတယ်မှာလုပ်ရောင်းရတာဆိုတော. အချိန်ကိုမြန်မှဖြစ်မှာလေ Pizza တစ်ပွဲးကို ဒိုးအဆင်သင်.လုပ်ပြီးသာ ကို ၅ မိနစ်နဲ. အကျက်လုပ်ပေးရတာ ကြာနေရင် Italian Chef က ပြောတာ အီတလီမှာလုပ်စားရင် မင်.ဆိုင်က ဓျေးဦးတောင်မပေါက်ဘူး လူတွေပြန်သွာလိမ်မယ်လို.အဆူခံရလို.ပါ တစ်နေ.ကို Pizza က Dinner အချိန်မှာ ပွဲး ၆၀ ကျော်တယ် အမြန်လုပ်ပေးရတာ။ ၀တ်ရည်နဲ. တစ်နေ.တစ်ချိန်မှာများ တွေ.ဆုံခွင်.ရရင် အကောင်းဆုံ Pizza နဲ. အကောင်းဆုံး Italian Food တွေကိုချက်ကျွေးခြင်ပါတယ် ။

  5. leo says:

    ဟ…နာ့ဆရာ..နာ့ကို လုပ် သွားပြန်ပြီ…။ မ၀တ်ရည်ရေ..အဲ့ဒါ သားသား ဟုတ်ဘူး..သားရဲ့ ဆရာပါ။ ဗွေ မယူပါနဲ့ဗျာ..။ ဟီးးးးး
    ဆရာ ခို ..သား ကို မျက်နှာပျက်အောင် လုပ်နဲ့နော်….။း)

    • chowutyee says:

      ဟားဟား ကိစ္စမရှိပါဘူး Leo… ဆရာခိုက အီတလီ အစားအသောက်တွေ ချက်ကျွေးချင်တယ်ဆိုလို့ အရမ်းကျေးဇူးတင်နေတာပါ… အခွင့်အရေးရရင် စားရချည်သေးရဲ့..း)

  6. July says:

    thank u wut yee yay… ama lae pizza lote sarr chin lo win shar lite tar… a taw pae… 😀

  7. Htet says:

    မ၀တ်ရည်ရေ..Yeast အစား soda ထည့်လို့ ရမလား သိချင်လို့ ပါ..မြန်မာပြည်မဟုတ်တော့ လိုချင်တာ သိပ်မရှာတတ်လို့ ပါ…

    • chowutyee says:

      Htet ရေ Yeast ကိုပါမုန့်တို့၊ ပီဇာတို့ ဖုတ်လျှင် မရှိမဖြစ် လိုအပ်တာမို့ yeast ပဲထည့်စေချင်ပါတယ်။ baking yeast လို့ ဘယ် Supermarket မှာမဆိုပြောဝယ်လို့ အဆင်ပြေပါတယ်… 🙂

  8. Htet says:

    ဟုတ်ကဲ့ ကြိုးစားပြီး မေးဝယ်ကြည့်ပါ့မယ်…ကျေးဇူးတင်ပါတယ် မ၀တ်ရည်ရှင့်..

  9. SU says:

    a ma …

  10. SU says:

    sorry…ama baking powder yaw use lo ya par lar??baking powder n baking yeast bar kwar bar lae??pls tell me ma..thanks..

  11. မိုးမိုး says:

    ဒင်းဆမ်းလုပ်နည်းလေးတင်ပေးအုံးနော်

  12. usai says:

    Please explain what is #ရ။ ချိပ် . Where can I find it ?

  13. […] January 2, 2010 ကြက်သား နှင့် ကြက်အူချောင်း ပီဇာ […]

  14. yoe lay says:

    သင်္ကြန်မတိုင်ခင် မ၀တ်ရည်ရဲ့ပီဇာလုပ်နည်းလေးကို ဖတ်လိုက်ရလို့သင်္ကြန်အမှီ အစာပလာတွေစုံအောင်ဝယ်ထားပီး သင်္ကြန်တွင်း လုပ်စားဖြစ်တယ်.. အရမ်းစားကောင်းပါတယ် .. အိမ်ကလူတွေကလည်း ကြိုက်လို့ သင်္ကြန်ပီးတော့ နောက်တစ်ခေါက်ထပ်လုပ်စားဖြစ်ပါသေးတယ် .. အရမ်းကျေးဇူးတင်တာပဲ.. ပီဇာကို အရင်ထဲက လုပ်တတ်ချင်နေတာနဲ့အတော်ပဲ.. ရေးပေးထားတာ အရမ်းရှင်းပါတယ် ..

  15. Ei Snow says:

    မ၀တ်ရည် ပီဇာအရမ်းကြိုက်တဲ့အိအတွက်တော့ ရှယ်ပဲ ကြိုးစားလုပ်အုံးမယ်… အိမ်မှာ Microwave ပဲရှိပြီး Oven မရှိဘူး အဲ့ဒါ Microwave နဲ့ဆို အိုကေမယ်မထင်ဘူးနော်… ပြောပြပေးပါအုံး ကျေးဇူး

    • admin says:

      Microwave နဲ့ဆို အဆင်မပြေဘူး ညီမ။ သူက အပေါ်မီးအောက်မီး ဖုတ်ရမှာဆိုတော့ Oven နဲ့မှ ရမှာ။ တခု Microwave တွေမှာတော့ Oven feature ပါရင်တော့ ရတယ်.. ကျေးဇူး 🙂

  16. Chan Aye says:

    ညီမလေး … ဘာ cheese သုံးရမလဲပြောပြပါအုံး။

    • admin says:

      Mozzarella Cheese ကိုသုံးရမှာပါ.. CityMart မှာ မေးဝယ်လို့ရပါတယ်

  17. Thiri says:

    ဝတ်ရည်ရေ
    ဒီနေ့ Dinner ကဝတ်ရည်ရဲ့ပီဇာလေအခုစပြီးပြင်နေပါတယ်။
    ။ကျေး။ဇူးကမ္ဘာ

Leave a Reply

Your email address will not be published. Required fields are marked *