မြိတ်ကတ်ကြေးကိုက်
မြိတ်ကတ်ကြေးကိုက်
ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီ လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီ ချက်ကြပါတယ်။ ဒီချက်နည်းလေးက ၀တ်ရည်ရဲ့ အဒေါ်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
  • ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား
  • ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ)
  • ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ)
  • ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)
  • ကမာ – ရကောင် (ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ) (optional)
  • ကြက်သား – ၁၅ကျပ်သား (အစောင်းပါးပါးလှီးပါ) (optional)
  • ပဲပင်ပေါက် – ၁၀ကျပ်သား (ရေစဉ်အောင် ဆေးထားပါ)
  • ကြက်သွန်မြိတ် – ၅စည်း ( ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ – ၆မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
  • ဘဲဥ – ၄လုံး (ဆားအနည်းငယ် ထည့်၍ ခလောက်ထားပေးပါ)
  • ပဲပြုတ် – ၁၀ကျပ်သား
အရသာအတွက် ပါဝင်ပစ္စည်းများ
  • ပအုန်းရည် – စားပွဲတင်ဇွန်း ၆ဇွန်း (*ပအုန်းရည်အစား ရှာလကာရည်ထည့်လို့ ရပါတယ်)
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ကြက်သား၊ ကင်ပွန်း၊ ပုဇွန်ကျားများကို ( ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) စ်ီဖြင့် နည်းထားပေးပါ။
၂။ ပြီလျှင် ခလောက်ထားသော ဘဲဥကို ဒယ်ထဲထည့်၍ ကြော်ပေးပြီ ပါးပါးပြန်လှီးပေးထားပါ။
၃။ ထို့နောက် ချက်ပြုတ်ရန် ပန်းကန်တစ်ခုထဲတွင်  ပြင်ဆင်ထားပေးပါ။
၎။ ခုကတ်ကြေးကိုက်ကြော် စချက်တော့ပါမည်။
ချက်ပြုတ်နည်း
၁။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၆ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူများကို ထည့်ပြီ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ကာ ၁စက္ကန့်မျှ မွှေပေးပါ။
၃။ ထို့နောက် ကြက်သား၊ ပုဇွန်ကျား၊ ပြည်ကြီးငါး၊ ကမာ၊ ဂဏန်းချောင်းများကို ထည့်၍ မကျက်တကျက် အနေထားရောက်သည်အထိ ရောမွှေပေးပါ။
၎။ ထိုချိန်မှ ကတ်ကြေးကိုက်မုန့်ဖတ်ကို ဇလုံတစ်ခုထဲထည့်၍ (ပအုန်းရည်(စားပွဲတင်ဇွန်း ၆ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်) တို့ဖြင့် သမအောင် နုယ်ပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။
၅။ ပြီနောက် နုံ့အောင် ရောမွှေလိုက်ပါ။ အရသာအပေါ့အငံ့မြည်း၍ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။
၆။ အရသာအနေတော်မှ ပဲပင်ပေါက်၊ ပဲပြုတ်၊ ကြက်ဥတို့ထည့်ပေးပါ။
ရ။ မီးဖိုမှချခါနီးမှ ကြက်သွန်မြိတ်များကို ဖြူးပေးပြီ အရသာရှိရှိ မြိတ်ကတ်ကြေးကိုက်ကို သုံးဆောင်နိုင်ပါပြီ…..
———————————————————————————————————-
105 comments
  1. TKL says:
    ပအုန်းရည်မရှိရင်ဘာထည့်လို့ရလဲအစ်မ
    • chowutyee says:
      TKL ရေ ပအုန်းရည် မရှိရင် ရှာလကာရည်ထည့်လို့ရပါတယ်နော်.. လုပ်စားကြည့်ပါ.. 😀
  2. ကိုသားကြီး says:
    • chowutyee says:
      ကိုသားကြီး တကယ်ကျွေးမှာပါ။ ပအုန်းရည် မရှိလျှင် ရှာလကာရည်ထည့်လို့ရပါတယ်။ ပဲပြုတ်က မထည့်လည်း ရပါပါတယ်။ တချို့ဆို မထည့်ဘူး။ ၀တ်ရည်က ကြိုက်လို့ထည့်တာပါ။ လုပ်စားကြည့်ပါ… တကယ်စားကောင်းတယ်.. 😛
  3. ko Nyein says:
    I don’t know pa ohn ye. What is that?
    • chowutyee says:
      Ko Nyein ရေ ပအုန်းရည်က ဘိတ်အခေါ်အဝေါ်ပါပဲ… ပအုန်းရည် မရှိရင် ရှာလကာရည်ထည့်လို့ရပါတယ်…. 🙂
  4. Htet says:
    ပအုန်းရည်ကို သိတာကတော့ ဓနိရည်လို့ သိတာပဲ…မြိတ်က သူငယ်ချင်းတစ်ယောက် ပြောပြတာပါ…ကတ်ကြေးကိုက်ထဲ ၀က်အူချောင်း ထည့်ကြော်တာ စားကောင်းတယ်… လမ်းမတော်မှာ ရောင်းတယ်…အရမ်းကြိုက်တယ်…ခု ကိုယ်တိုင် လုပ်ကြည့်ဦးမယ် မ၀တ်ရည်ရေ ကျေးဇူးပဲနော်…
    • chowutyee says:
      ဟုတ်တယ် ဓနိရည်လို့လည်း ခေါ်ပါတယ်။ ၀တ်ရည်လည်း ၀က်အူချောင်းကြောပြီ ထည့်စားတာကို ကြိုက်တယ်။ လုပ်စားကြည့်ပါအုန်းနော်… အားပေးလို့ ကျေးဇူးပါ..:D
  5. yadana says:
    Lote sar ohn mel wet yee lay yay..thank u bar naw…
  6. ဖြစ်နိုင်ရင် ရန်ကုန်ကို ခုချက်ခြင်းပြေးလာချင်တယ်
    • chowutyee says:
      ဟီးဟီး မချော ရန်ကုန်ပြန်လာလည်ရင် လက်တို့လိုက်နော်… တကယ်ချက်ကျွေးမှာ.. 😛
  7. reddevil says:
    ပအုန်းရည်ကော၊ ရှာလကာရည်ကော မရှိရင် ဘာထည့်ချက်ရမလဲ အစ်မ
  8. သိပါဘူး။ ပအုန်းရည်ဆိုတာ ပုန်းရည်ကြီးက ထွက်လာတဲ့ အရည်လားလို့။ ၀တ်ရည်တို့က အချက်အပြုတ်တော်ပါ့။ စတုဒိသာ လုပ်သံကြားရရင်တော့ လာတန်းစီ ဦးမယ်။း)))
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    • chowutyee says:
      heee ပအုန်းရည်ကို ဓနိရည်လို့လည်း ခေါ်ပါတယ် ကိုကိုမောင်။ စတုဒိသာ မဟုတ်ပါဘူး။ ရန်ကုန်ပြန်လာရင်သာ တစ်ချက်အီးမေးပို့လိုက်နော်။ တကယ်ချက်ကျွေးမှာ.. 🙂
      ခင်တဲ့
  9. reddevil says:
    မမချိုရဲ့ ကိုကိုကတော့ တော်တော် ကံကောင်းတာပဲနော်
    တစ်နေ့တစ်မျိုးမရိုးရဘူး
  10. hmone gyi says:
    yummy…..i ate on mur bd too but wanna eat urs cooking too…treate me 🙂
  11. mya says:
    I tried it n turned out pretty good. thanks ma wut yee. posted at my FB page 🙂
  12. haymar says:
    အဲဒါလေး ဒီနေ့ ဈေးသွားရင်းနဲ့ တွေ့လို့ ဘိတ်ကတ်ကြေးကိုက် လုပ်စားချင်တာနဲ့ ၀ယ်လာတာ။ ၀တ်ရည်ရဲ့ နည်းနဲ့ မနက်ဖြန်ကျရင် လုပ်စားမယ်။ လုပ်နည်းအတွက် အရမ်းကျေးဇူးတင်တယ်နော်။ 🙂
    ခင်တဲ့
    ဟေမာ
    • chowutyee says:
      ဟေမာရေ ကျေးဇူးပါ။ မှတ်ထားလိုက်မယ်၊ နိုင်ငံခြားကလူတွေ အတွက် အဆင်ပြေတာပေါ့။ Palm vinegar ကို တခါတလေ ရန်ကုန်မှာလည်း တွေ့တယ်.. ရှဲရှဲ…
    • May Thalinn says:
      Thanks for your knowledge Hay Mar, because I want to use “pa ohn yay ” but not here.
      I just read your comment and I see palm vinegar. I will try it.
      Thanks for your sharing Wutyee
  13. yuwai says:
    wutt yee yay, ama FB mhar friend request sent htar tar accept loat pay par own… realcartoon so tae name nae… wutt yee yae food tway myin pee tha baw kya nay tar… yoke lay ka lae chaw, a chat a pyoke ka lae taw 🙂
  14. ma khaing says:
    စနေနေ့ကြရင် ချက်ပြီး ဘုန်းကြီးသွားကပ်အုံးမယ်။ အမကတော့ ပအုန်းရည် အစား မကျည်းရည်နဲ့သုံးတယ်။ မြတ်ကတ်ကျေးကိုက်နဲ့ မလေးရှားခေါက်ဆွဲကြော်က ဘာကွာလဲ။
    နည်းလေးတင်ပေးပါအုံးနော်။ ပဲပြုတ်ကတော့ ပြုတ်ပြီးသိမ်းထားတော့ အဆင်သင့်ပါပဲ။ ကျေးဇူးနော်။
    • chowutyee says:
      မလေးရှားခေါက်ဆွဲကြော်ရဲ့ အနှစ်က ငရုတ်သီးပွကို ကြိတ်ပြီ သုံးထားတာ။ မလေးရှား ခေါက်ဆွဲကြော်က ပိုစပ်တယ်.. ခုလို ချက်လို့ ၀တ်ရည်ကလည်း ကျေးဇူးပါ
  15. GraceChan says:
    မ၀တ်ရည် …ရေ ၊ ပအုန်းရည် ဆိုတာ ဘာများလဲ ဟင်
    • chowutyee says:
      ပအုန်းရည်ကို ဓနိရည်လို့လည်း ခေါ်တာပါ။ ဓနိရည်ရှာမရရင် ရှာလကာရည် အစားထည့်လို့ရပါတယ်.. 😀
  16. ကြိုက်လို့ ထပ် share သွားပါတယ်
  17. shwe yee says:
    ဆီသတ်တဲ့ထဲကို ငရုတ်သီးမှုန့်တစ်ဇွန်းထည့်ပါဆိုတာ အရောင်တင်မှုန့်ကိုပြောတာလား ၊ အကြမ်းမှုန့် လေးစိတ်ကွဲကိုပြောတာလား ဟင် ။
    • chowuthmone says:
      Wutyee can’t come online in these days because of Internet slowness so wut hmone will answer instead of wut yee and she mean “အကြမ်းမှုန့် လေးစိတ်ကွဲကိုပြောတာ” par shin… 🙂
    • chowutyee says:
      အရောင်တင်မုန့်ကို ပြောတာပါ.. လုပ်စားကြည့်ပါနော် စားလို့ အရမ်းကောင်းတယ် :d
  18. Manilar Lwin says:
    ထိုင်းခေါက်ဆွဲကြော်နဲ့  လဲ တော်တော်ဆင်တာပဲနော်။ပဲပြုတ်လေးပဲပိုတာနော်
  19. yadanar says:
    မဝတ်ရည်
    ညီမက အခုမှ လာကြည့်ဖြစ်တာပါ။ အရမ်းသဘောကျပါတယ်။ ကိုယ်ကလည်း အစားအစာကို အဲလို ကိုယ်တိုင်ချက်ပြုတ်ပြီးမှ စားရတာကို ပိုသဘောကျတတ်တာမျိုးဆိုတော့ အမြဲတမ်း စောင့်ဖတ်ဖြစ်နေတော့မှာပါ။ ဟို ညီမ သိချင်တာကလေ အပေါ်က ပြထားတဲ့ မြိတ်ကတ်ကြေးကိုက်က ဘယ်နှစ်ယောက်စာလဲဟင်။ အဲဒီ အတိုင်းအတာတွေက ဘယ်နှစ်ယောက်စားလို့ ရလဲဆိုတာကိ သိချင်တာပါ။ ကျေးဇူးပါောနာ်
  20. Su Lin says:
    မ၀တ်ရည်ရဲ့ နည်းနဲ့ ဒီနေ့ မြိတ်ကပ်ကြေးကိုက် လုပ်စားဖြစ်တယ်။ ကောင်းတယ် မ။ ကျေးဇူးနော်။ ဒီလို ဟင်းချက်နည်းလေးတွေ တင်ပေးတာ။ နောက်လည်း မ၀တ်ရည်ရေးတဲ့ နည်းတွေနဲ့ ချက်စားကြည့်ဦးမယ်း 🙂
    • chowutyee says:
      • khaingzar says:
        အမရေ ပချူထမင်းကြော်လေးတင်ပေးပါလား ကျန်တာလေးတွေလုပ်စာဖြစ်တယ်အန
  21. Kyikyimar says:
    ကျေးဇူးပဲနော်
  22. အမညီမကအမဆီကိုခဏခဏရောက်ဖြစ်ပါတယ်အမရဲ့ဟင်းချက်နည်းတွေကိုလည်းအများကြိးဖတ်တယ်အမအရမ်းပဲသဘောကျပါတယ်ညိမကိုမာလာဟင်းကောင်းကောင်းလေးလုပ်နည်းလေတင်ပေးပါဦးနော်
  23. ရှာလကာရည်ထည့်တဲ့သဘောက အအီပြေအောင်လို့ အချဉ်ရည်ထည့်တာပေါ့နော်။
    မထည့်ရင်လည်းစားလို့ရတယ်မဟုတ်လား။
    • mayphyo says:
      ဟုတ်ကဲ့ပါရှင်။ မကြိုက်ရင်မထည့်စားလည်းရပါတယ်
  24. phyusin says:
    လုပ်စားအုံးမယ်… မရေ… ဒါလေးကိုသိမ်းထားချင်လို့ ဘယ်လိုလုပ်ရမလဲ… facebook မှာ share လုပ်ထားချင်တာ …. သိရင်ပြောပေးပါနော် မ….
    • admin says:
      file->save as နဲ့ပဲ သိမ်းထားလို့ရတယ် ညီမ။ ဖေ့ဘုတ်မှာတော့ ရှယ်လုပ်လို့ ရဘူးထင်တယ်…
  25. Davidzaw says:
    ပအုန်ေ၇ဆိုတာ. ဓနိရေကို အချဉ်ဖေါက်ထားတာပါ
    ကတ်ကြေးကိုက်က ပအုန်းရေ နဲမှပိုပြီမွေးတာပါ…
  26. Hmone gyi says:
    Diet par so ma bae… my favourite lay yayyy ….yangon pyan mar bae pig yee ko lote khine ya mal heee… wanna eat a lot now… 😐 yuummyyyyyyyy
    • admin says:
      ဟားဟား ကိုယ်ကို ရန်ကုန်ပြန်လာရင် ကျွေးရမယ့်ဟင်း နောက်တခုတိုးလာပြီ.. 🙂
  27. moe thandar myint says:
    THANKS for ur sharing
  28. moe thandar myint says:
    i want to log in to ur web site.
    but i don’t know how to do.pls send mail how to do.
    thanks u so much for ur sharing…
    THANKS
  29. moethida says:
    Thank’s
  30. Khaing Wint Wah says:
    sea food က၀င့်ဝါနဲ့မတည့်ဘူးလေတခြားဘာနဲ့လုပ်လို့ရနိုင်မလဲပြောပြပေးပါနော်
    • admin says:
      ပင်လယ်စာ မကြိုက်ရင် ကြက်သား(သို့)၀က်သား၊ ၀က်အူချောင်း၊ တို့နဲ့လည်း လုပ်စားလို့ရပါတယ် sis
  31. ayemyathu says:
    မ၀တ်ရည်ရေ မြိတ်ကပ်ကြေးကိုက်လုပ်နည်းလေးရတဲ့ အတွက်ကျေးဇူးတင်ပါတယ်။သမီးနဲ့ အမျိုးသားကသိပ်ကြိုက်တာလုပ်
    ကျွေးလိုက်မယ်နော်။ငှက်ပျောသီးပေါင်းနည်းလေးလဲအဆင်ပြေရင်တင်ပေးပါနော်။
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်။ ဟုတ်၊ တင်ပေးပါ့မယ်
  32. sandar says:
    အစ်မရေ oven နဲ.ပတ်သက်ပြီး သုံးပုံသုံးနည်းလေးရေးမယ်ဆို မျှော်နေပါတယ်နော်၊ ကျေးဇူးတင်ပါတယ်
    • admin says:
      ဟုတ်ကဲ့။ Oven သုံးပုံသုံးနည်းလေး ဆောင်ပါးလေး ရေပေးဖို့ လုပ်ထားပါတယ်။ မအားသေးလို့။ အားတာနဲ့ တင်ပေးပါ့မယ်…
  33. cynthia trindade says:
    i’m from india but lived in yangon for many years. i would like to know what id snow chicken powder? and what is the substitude for it.
    • admin says:
      You mean ခနော chicken powder? I use it for more flavor in curry. If you don’t want to add, you dont’ add it. Thanks
  34. Ma Wai says:
    Hi Ma Wutyee, Thank you so much for this recipe. Will try to cook this Sat.
  35. Moh Jazy says:
    Ar Ma…” pal pyote” lote nee layy tin payy ber larrr hin
    d mhar ” pal pyote ” mat ya lo’
    thank u so so much Ar Ma
  36. Su ko ko says:
    ဝတ်ရည် ရေ ကျေဇူးပါ နောက်ထပ် လှည်းတန်းမှာ
    အရောင်းများတဲ့ငါးကင်နည်းလေးလဲတင်ပေးပါနော်
    ဝတ်ရည်ရဲ့စာအုပ်ထွက်တာ TV မှာပါလို့သိလိုက်ပါတယ်
    ဘယ်မှာဝယ်လို့ရမလဲဟင်။
    • admin says:
  37. Phyu Phyu Htun says:
    ခုလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။
  38. Thu reine lwin says:
    ပအုန်းရေမရလို့ရှာလကာရည်နဲ့ချက်လိုက်မယ်နော်
    ပအုန်းရေလောက်ကောင်းပါ့မလား
    • admin says:
      ဟုတ် ရှာလကာရည်နဲ့ဆိုလည်း စားလို့ကောင်းပါတယ်
  39. Ko min thu says:
    ကျေးဇူးအရမ်းတင်ပါတယ်။ နောက်လည်း ထူးထူးခြားခြား အစားအသောက်လေးတွေရှာပြီးပြန်သင်ပေးပါဦးဗျာ
  40. Kt says:
    Hi thanks for sharing the recipe.I am going to try this weekend.H
    can you give the recipe to do the accompanying sauce.With magyithee ?
    • admin says:
      ခွက်ထဲ ထိုင်းငရုတ်သီးဆော့၊ သခွာသီး(ပါးပါးလှီးပါ)ထည့်ပါ။ တချို့လည်း ပဲပင်ပေါက် ရေနွေးဖျော်ပြီ အချဉ်လုပ်ပါတယ်။
  41. komyo says:
    အမြဲတန်းမှတ်မိနေပြီးစားချင်နေမိတာကဒီမြိတ်ကတ်ကြေးကိုက်ပဲ ကော့သောင်းမြို့ ကဘုရင့်နောင်ကုန်းလေးမှာအမြဲတန်းသွားစားဖြစ်တယ်စပ်စပ်လေးအရမ်းကြိုက်တယ်
    ကြုံရင်လုပ်စားဦးမယ်ပုဇွန်တစ်မျိုးထဲနဲ့ ကောအဆင်ပြေမလားခင်ဗျာ
  42. Nyo Nyo says:
    Thanking ma wutt yee,
    I really love to cook, i don’t know i have to put receipts that’s why this is no taste for my cookin. but, when i saw your web-site, really i was enjoy and i got knowledges more and more. Every weekend, i opened your website and check it what I have to cook special. Now, I was enjoy with your site and everyday i check. Thanking in advance and hoping to eat your taste when I come back to Myanmar. You are very perfect cooking myanmar lady. your family were very lucky and I really envy you…. 😛
  43. Stella says:
    ဒီတပါတ်ချက်စားအုံးမှာ
  44. Aung naing aye says:
    ပုဇွန်ကို မထဲ့ ရင်ရလာ။ ကြက်သားဘဲထည့်ရင်ရမလာ ခင်ဗျား။
    • admin says:
      ပင်လယ်စာနဲ့ မဟုတ်ပဲ၊ ကြက်သားနဲ့လည်း ချက်လို့ရပါတယ်..
  45. thiri says:
    sis, i will cook with your way for the monks. thank you so much sis. wishing you happy, healthy and prosperity. love you
  46. Kim Na Na says:
    စား​ကောင်းမယ့်​ပုံပဲ သ​ရေကျပီ ပြန်​သွားတယ်
  47. ပြည့်​စုံ says:
    စား​ကောင်းမှာအ​သေအချာပဲ….လုပ်​စားကြည့်​အုံးမယ်​ဗျို့
  48. My brother suggested I might like this blog. He was entirely right.
    This post truly made my day. You cann’t imagine simply how much
    time I had spent for this information! Thanks!
  49. Zwe Maung says:
    မမရေ
    ကျွန်တော်က မမရဲ့ website ကို အခုမှသိတာပါ
    မမကိုလူပြောများနေတယ် ဒါနဲ့ ဝင်ကြည့်ဖြစ်တာပါ
    မမကအရမ်းတော်တယ်နော် အခုလို မမသိထားသမျှတွေshare ပေးတာအရမ်းအရမ်းကျေးဇူးတင်ပါတယ်
    နောက်ထပ်နောက်ထပ်လည်းမပျက်တင်ပေးဖို့တောင်းဆိုပါ
    မမတင်ထားတာလေးတွေsave’လုပ်နည်းလေးရှိရင်ပြောပြပေးပါအုန်းနော်မမ
    အနောက်တိုင်းစာတွေကိုကျွန်တော်က ပိုလေ့လာချင်တာလေအဲဒါလေးတွေများများတင်ပေးပါနော်
    မမကို fb မှာ shareလပ်ပေးပါအုန်းမမ
    ကျေးဇူးအများကြီးလည်းတင်ပါတယ်
  50. Google says:
    Thank you for sharing your thoughts. I really appreciate your efforts and I am waiting for your further write ups thank you once again.
  51. Lin Tint says:
    what is “kat kyae kite mote phat”, Is it same with mon hin khar phat or Kuey teow? Pls reply me. My mum love to eat. I wanna cook for her. Thx in advance.
  52. mayphyo says:
    မြိတ်ကတ်ကြေးကိုက်ကို အရမ်းကြိုက်ပါတယ်ရှင်။
    စားလို့လည်းတကယ်ကောင်းပါတယ်
    မြိတ်ကိုသတိယတိုင်းလုပ်စားဖြစ်တယ်
    • Polly says:
      There is a critical shortage of inmoafrtive articles like this.
    • Soy profesor de Lengua y Literatura Castellana en un colegio de Caracas-Venezuela y me gustaría ir a enseñar el Castellano o Español a las Filipinas. Esta región fue colonia española, pero en siglo XIX los Estados Unidos se la anexaron y lamentablemente entre 1973 a 1974 la lengua castellana suprimida de los proyectos educativos. En verdad me encantaría trabajar con el Instituto Cervantes en la resurrección del español en ese país asiático.
Leave a Reply
Your email address will not be published. Required fields are marked *