ဂျပန် ဆူရှီ

ဒီဂျပန် ဆူရှီလေးကတော့ ခုခေတ် လူတိုင်း ကြိုက်နှစ်သက်တဲ့ ဟင်းလျာလေး တမျိုးပဲ ဖြစ်ပါတယ်။ ဒီဂျပန်ဆူရှီ ဟင်းပိုင်ရှင်က ၀တ်ရည်တော့ မဟုတ်ပါဘူး။ ၀တ်ရည်ရဲ့ အစ်မွှာညီမ ၀တ်မှုံရဲ့ လက်ရာလေးပါ။ ဒါကြောင့် Wutyee Food House မဟုတ်ပဲ Wuthmone Food House လက်ရာလို့ ပြောပါရစေ။ 😀 ဆူရှီလုပ်နည်းလေးကို အရင်ကတည်းက တင်ချင်နေတာကြာပါပြီ။ ၀တ်မှုံ လုပ်ထားတာ တွေ့လို့ ချက်နည်းနဲ့တကွ တင်ပေးလိုက်ပါတယ်။


ဆူရှီတွင် ပါဝင်ပစ္စည်းများ

  • ရှမ်းဆန် – ၂ခွက်
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

ဆူရှီလိပ်တွင် ထည့်ရမယ့် ပစ္စည်းများ

  • မုန်လာဥနီ – ၂ခု (အခွံနွာပြီ အချောင်းလေးများ လှီးထားပါ။ ပြီလျှင် ရေနွေးဖျော်ထားပါ)
  • ဂဏန်းချောင်း – ၄ချောင်း ( အရှည် လှီးထားပါ)
  • ထောပတ်သီး – တခြမ်း ( အရှည် လှီးပေးပါ)
  • သခွာသီး – ၁ခု ( အခွံနွှာပြီ အရှည်လေးများ လှီးထားပေးပါ)
  • ဆယ်မွန်ငါး – ၆ခု

ဆူရှီဆန် ချက်နည်း

၁။ အရင်ဆုံး ဆူရှီဆန်ကို အရင်စချက်ပါမည်။ ရှမ်းဆန်ကို ရေအေးနှင့် ဆေးပြီ ဇကာဖြင့် ၁နာရီကြာ စစ်ထားပေးပါ။

၂။ ရှမ်းဆန် မြုပ်ရုံ ရေထည့်ပြီ ၁၀မိနစ်ခန့် မီးနည်းနည်းဖြင့် တည်ထားပါ။

၃။ ပြီလျှင် ထမင်းမွှေတဲ့ သစ်သားယောင်းမဖြင့် ခွက်တစ်ခုထဲပြောင်းထည့်ပြီ ရှမ်းဆန်များကို အနည်းငယ် မွှေပေးပါ။

၎။ ပြီမှ ရှာလကာရည်၊ သကြား၊ ဆားတို့ကို လောင်းထည့်ပြီ ဆူရှိဆန်ထဲ နှပ်သွားအောင် အသာအယာ ယောင်းမဖြင့် မွှေပေးပါ။ ပြီနောက်၁၀မိနစ်ကြာအောင် အခန်းအပူအချိန်တွင် ထားထားပေးပါ။

ဆူရှီ လုပ်နည်း

၁။ ဆူရှီစလိပ်ပါမည်။ ဆူရှီလိပ်မည့် ၀ါးယင်းလိပ်ပေါ်သို့ ရေညှိပြားလေး တင်ပေးလိုက်ပါ။

၂။ ပြီမှ ဆူရှီထမင်းများကို ရေညှိပြား ပေါ်သို့ ဖြန့်ပြီတင်လိုက်ပါ။

၃။ ထို့နောက် သခွာသီး၊ မုန်လာဥနီ၊ ဂဏန်းချောင်း၊ ဆယ်မွန်ငါးများကို ဆူရှီပြားအလယ်တွင် အရှည်လိုက် တင်ထားပေးပါ။

၎။ ဆူရှီ စလိပ်ပါမည်။ ဆှူရှီ ၀ါးယင်းလိပ်ဖြင့် ဖြည်းဖြည်းချင်း လိပ်သွားပေးပါ။

၅။ နောက်ဆုံးမှ ဆူရှီကို ဓားဖြင့် ၈ပိုင်းပိုင်း လိုက်ပါ။

၆။ စချင်စဖွယ် ဆူရှီလေးများကို ဂျပန်ငံပြာရည်ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ…

မှတ်ချက် ။     ။ နောက်တမျိုးအနေနဲ့ ပလပ်စတစ်အကြည်ကို ၀ါးယင်းလိပ်ပေါ် အရင်ခင်းပြီမှ ဆူရှီထမင်းကို တင်ပြီ ရေညှိပြားကို တင်ပါ။ ပြီလျှင် အရင်ချက်နည်းအတိုင်း သခွာသီး၊ မုန်လာဥနီ၊ ဂဏန်းချောင်း၊ ဆယ်မွန်ငါးများဖြင့် ဆူရှီကို လိပ်သွားပါက အောက်မှ ပုံအတိုင်း ရပါလိမ့်မည်။

24 comments

  1. cho hmone says:

    Sushi lay ko arr pay kha par own naw hee 🙂

  2. Shane says:

    Like it .. Love it 🙂 .. Nice nice ..

  3. Dare says:

    Tks. I luv Japanese food.

  4. မှုန်ကြီးကလည်း ၀တ်ရည်နဲ့ ညီအစ်မလို့ မပြောရဘူး
    လက်ရာလေးက စားချင်စဖွယ်ပါဘဲ
    လုပ်စားကြည့်ဦးမယ်း)

  5. အခုလိုဝေမျှတာ ကျေးဇူးပါ

  6. Ziwaka says:

    အခုလိုဝေမျှပေးတာကျေးဇူးတင်ပါတယ်။ ဂျပန်ခေါက်ဆွဲ(ramen)လုပ်နည်းလေးတွေဖြစ်နိုင်ရင်တင်ပေးပါနော်။

  7. susunaing says:

    ကျေးဇူးတင်ပါတယ်

  8. winechithtwe says:

    မမ…စာအုပ်ထဲမှာရော..ဟင်းချက်နည်းတွေ နဲ့ ဓာတ်ပုံတွေ အားလုံးပါလား?၀ယ်ထားချင်လို့

    • admin says:

      ဟုတ်ကဲ့။ ဟင်းချက်စာအုပ်မှာ ဟင်းပုံနဲ့တကွ၊ လုပ်ပုံအဆင့်ဆင့် ပုံတွေပါ ပါပါတယ်။ ကျေးဇူးပါနော်

  9. Aki says:

    အမရေ Ramen Recipe လေးရော ရနိုင်မလားဟင်။း)
    စောင့်နေမယ်နော်။

  10. Thinzar says:

    တစ်ချို့ဆူရှီမှာပါတဲ့ မုန်လာဥချဉ်လုပ်နည်းသိချင်ပါတယ်မမ

  11. aye thida oo says:

    အခုလို ဆူရှီ လုပ်နည်းကို သိခွင့်ရတဲ့အတွက်အစ်မတို့ညီအစ်မကိုအထူးဘဲကျေးဇူးတင်ပါတယ်ရှင်။အစ်မ japanese rice နှက့်ကောလုပ်ရင်ရပါသလားအစ်မ။

  12. Cuttie Kitty says:

    အမ​ရေ တူနာ ဆူရှီလုပ်​နည်း​လေးလဲ သိချင်ပါတယ်​ရှင့်

Leave a Reply

Your email address will not be published. Required fields are marked *