ကိုရီးယား ထမင်းလိပ် (ဂင်ဘော့)

ကိုရီးယားတွင် လူကြိုက်များပြီ ရေပန်းစားဆုံး ဟင်းလျာတစ်မျိုးနှင့် မိတ်ဆက်ပေးပါရစေ။ ကိုရီးယားထမင်းလိပ်ဟာ ဂျပန်ဆူရှီနှင့် ပုံစံ အတော်တူပါတယ်။ ဒါပေမယ့် ကိုရီးယား ထမင်းလိပ်မှာ ငါးစိမ်းတွေ မပါဝင်ပဲ အသီးအရွက်၊ ဟမ်တို့နှင့်သာ လိပ်ထားတာမို့ ကုန်ကျစရိတ် ပိုသက်သာပြီ ပါဝင်ပစ္စည်းတွေကို အလွယ်တကူ ၀ယ်ယူ နိုင်မှာပါ။ ၀တ်ရည်ကတော့ ဂျပန် ဆူရှီရော၊ ကိုရီးယား ထမင်းလိပ်ရော နှစ်မျိုးလုံး နှစ်သက်ပါတယ်။ သို့သော် ကိုရီးယား ထမင်းလိပ်မှာ ဆူရှီတွင် မပါဝင်တဲ့ ချိုစိမ့်အရသာရယ်၊ နှမ်းဆီကြောင့် ရတဲ့ မွှေးရနံ့ကိုပါ ရရှိမှာပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်…

ထမင်းအတွက် ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ရှမ်းဆန် [cooked sushi rice]      ♦ ဆန်ချိန်ခွက် ၂လုံး
    • မှတ်ချက် ။ ။ ရှမ်းဆန် မရှိပါက ရိုးရိုးဆန် ၁ချိုး ၊ ကောက်ညှင်းဆန် ၁ချိုးကို ရော၍ ချက်နိုင်သည်။
    • နှမ်းဆီ [seasame oil]                               ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    • ဆား [salt]                                              ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
    • နှမ်း [seasame seed]                               ♦ စားပွဲတင်ဇွန်း ၂ဇွန်း
    • ရေညှိရွက် [sea weed]                              ♦ ၄ရွက်
  • အစားသွပ်ရန် ပါဝင်ပစ္စည်းများ
    • မုန်လာဥနီ [carrot]                                   ♦ ၁ဥ (အရှည်ပါးပါးလှီးပါ)
    • ဟင်းနုနွယ် [spinach]                                ♦ လက်တဆုပ်စာ
    • Ham (or) ၀က်အူချောင်း(အစို)                    ♦ ၄ချောင်း (အရှည်ပါးပါးလှီးပါ)
    • ကြက်ဥ [egg]                                          ♦ ၁လုံး (ခလောက်ထားပါ)
    • သခွာသီး [cucumber]                               ♦ တ၀က် (အခွံနွာပြီ အစေ့ထုတ် အရှည်ပါးပါးလှီးပါ)
    • နှမ်းဆီ
    • သကြား
    • ဆား
    • ပျားရည်
    • ပဲငံပြာရည်အနောက်(အချို)

     

     

    ပြင်ဆင်နည်း [Preparation Method]

    ၁။ အရင်ဆုံး မုန်လာဥနီကို (နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ))တို့ ထည့်ပြီ ဆီနည်းနည်းဖြင့် ၁မိနစ်ခန့် ကြော်ပေးပါ။

    ၂။ ဟင်းနုနွယ်ရွက်များကို ပွက်ပွက်ဆူသော အိုးထဲ ဆားအနည်းငယ် ထည့်၍ ပြုတ်ပြီ ရေစစ်ထားပါ။ ပြီမှ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားလိုက်ပါ။

    ၃။ ၀က်အူချောင်းကိုအရင် ဆီနဲ့ကြော်ပြီမှ ပျားရည်(စားပွဲတင်ဇွန်း တ၀က်)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တ၀က်)တို့ဖြင့် ရောနုယ်ထားပါ။

    ၄။ ကြက်ဥကို ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား)အနည်းငယ်ဖြင့် ရောခလောက်၍ ဆီဖြင့် အ၀ိုင်းပြားကြော်ကာ အရှည်လေးများ ဖြစ်အောင် ဓား(သို့)ကတ်ကြေးဖြင့် လှီးထားပေးပါ။

    ၅။ သခွာသီးကို (ဗီနီကာ(စားပွဲတင်ဇွန်း၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း))တို့ဖြင့် ရောနယ်ပြီ နုပ်ထားပါ။

    ၆။ ထို့နောက် အစားသွပ်ရန် ပစ္စည်းများဖြစ်သော (မုန်လာဥနီ၊ ဟင်းနုနွယ်၊ ၀က်အူချောင်း၊ ကြက်ဥ၊ သခွာသီး)တို့ကို ပန်းကန်တစ်ခုပေါ်သို့ ပုံတွင် ပါသည့်အတိုင်း ထည့်ထားလိုက်ပါ။

ရ။ ထမင်းကျက်ပြီဆိုလျှင် (နှမ်းဆီ၊ နှမ်း၊ ဆား) တို့ဖြင့် အသာအယာ ရောမွှေထားလိုက်ပါ။

ကိုရီးယား ထမင်းလိပ်လိပ်နည်း [Rice Roll Recipe]

၁။ အရင်ဆုံး ၀ါးယင်းလိပ်ကို ခင်းပြီ အပေါ်မှ ရေညှိရွက် တစ်ရွက်ကို ခင်းလိုက်ပါ။

၂။ ပြီးလျှင် နုယ်ထားသော ထမင်း(စားပွဲတင်ဇွန်း ၄ဇွန်း)ကို ပုံတွင် ပါသည့်အတိုင်း ရေညှိရွက်ပေါ်တွင် ထမင်းထည့်လိုက်ပါ။

၃။ ပြီနောက် မုန်လာဥနီ၊ သခွာသီး၊ ကြက်ဥ၊ ၀က်အူချောင်း၊ ဟင်းနုနွယ် တို့ကို ထမင်းပေါ်တွင် တင်လိုက်ပါ။

၎။ ခုထမင်းလိပ် စလိပ်ပါတော့မည်။ ပုံတွင် ပါသည့်အတိုင်း အဆင့်ဆင့် ကျစ်ကျစ်လေး လိပ်ပေးပါ။

၅။ ထမင်းလိပ်ရပြီဆိုလျှင် ထက်သော ဓားကို ဆီအနည်းငယ်သုတ်ပြီ ၁၀ပိုင်းလောက်ထိ ရအောင် ပိုင်းပေးပါ။

၆။ အရသာရှိသော ကိုရီးယားထမင်းလိပ်ကို သုံးဆောင်နိုင်ပါပြီ…

47 comments

  1. Sandakuu says:

    ဗိုက်ဆာလာပီ…. လုပ်ထားတာလေးသေသပ်ပီးလှလိုက်တာ..း))

  2. Seng Li Kham says:

    Very good ! Yummmy !

  3. share bae…. sar chin lar pe hee

  4. Kay Khine Win says:

    အရမ်းကောင်းမယ့် ပုံပဲ..လုပ်စားကြည့် မယ်
    ..မြန်မာချက်ပြုတ်နည်းအောက်မှာရောက်နေတယ်မ၀တ်ရည် 🙂

  5. ကြိုက်တယ်။ စားချင်တယ်။း)))

  6. angel says:

    ရေညှိရွက်က ရန်ကုန်မှာ ၀ယ်လို့ရပါသလား အမ.. ဘယ်မှာ ၀ယ်လို့ရလဲ သိရင်ပြောပြပေးပါနော်….

    • chowutyee says:

      ရေညှိရွက်က ရန်ကုန်မှာ ၀ယ်လို့ရတယ်။ CityMart မှာအများကြီးပဲ ဆူရှီလုပ်တဲ့ ရေညှိရွက်နဲ့ တူတူပဲ ညီမ

  7. Amber May says:

    loves ur recipes and tried it at home ! yummy !

  8. NWE NWE WIN says:

    THANKS A MA

  9. tinzar says:

    ama shan rice ka water bal lout add ya ma lal???

  10. tinzar says:

    ama
    kimchin htamin kyaw recepie lay lal tin pay par ohn naw??/

  11. darlay says:

    VERYGOOD !

  12. […] July 25, 2011 ကိုရီးယား ထမင်းလိပ် (ဂင်ဘော့) […]

  13. Thaw Tar says:

    မ၀တ်ရည်
    ရေညှိက ဆိုင်က၀ယ်တဲ.အတိုင်းပဲ အစိမ်းစားရတာလား
    သိချင်ပါတယ်

    • admin says:

      ဟုတ်ပါတယ်။ ထမင်းလိပ်တဲ့ ရေညှိရွက်နဲ့ လိပ်ရမှာပါ..

  14. thae thae says:

    မမ၀တ်ရည်
    ညီမတစ်ခုလောက်မေးပါရစေနော်
    ထမင်းလိပ်ကိုလေ ၀ါးကပ်နဲ.လိပ်ပြီးတော့ဒီအတိုင်းပဲပြန်ခွာရတာလားဟင်
    လုပ်စားချင်လို.မေးကြည့်လိုက်တာပါမမ
    စိတ်မဆိုးနဲ.နော်

    • admin says:

      ရေညှိရွက်ကို အောက်မှ ခင်းပြီမှ ထမင်းကို ရေညှိရွက်ပေါ်တင်ပြီ အစားပလာထည့် လိပ်တာပါ.. ဒါကြောင့် ပြန်ခွာလို့ရပါတယ် 🙂

  15. kantkaw says:

    Thanks a lot.

  16. ko Htwe says:

    မဝတ်ရည်.. ကိုးရီးယား ထမင်းလိပ်လေးကောင်းတယ်ဗျာ..
    အချိန်ရမယ်ဆိုရင်. ( ကြာဂျမ်းမြှောင် )လိုခေါ်တဲ့ ကိုရီးယား ပဲခေါ်က်ဆွဲ အကြောင်းလေးလဲ ဖေါ်ပြပေးပါအုံး.. အပြင်မှာ..ပုံစံအမျိုး မျိုးနဲ့ မှုအမျိုးမျိုး ကွဲနေတော့ ..ဘယ်ဟာက အမှန်လဲဆိုတာ .. ဝေခွဲရခက်နေတယ်..
    မဝတ်ရည်ကိုဘဲ ယုံလိုက်တော့မယ်နော်..
    ( အစဉ်လေးစားလျှက်ပါ မဝတ်ရည်..)

    • admin says:

      haaa ၀တ်ရည်လည်း ပဲခေါက်ဆွဲတော့ ကိုယ်တိုင် မစမ်းဖူးသေးဘူး။ စမ်းပြီတာနဲ့ လုပ်နည်းတင်ပေးပါ့မယ်

  17. Khingtharaphy says:

    လုပ်တော့လုပ်စားချင်တယ်ခက်တာက၀ါးကပ်ကဘယ်နားသွားဝယ်ရမလဲမသိဘူးဖြစ်နေတယ်

  18. Aye ei ei Aung says:

    I like this

  19. […] ကိုရီးယား ထမင်းလိပ် (ဂင်ဘော့) […]

  20. naing naing says:

    ကိုရီးယား ထမင်းလိပ်ကိုကြိုက်တယ်လုပ်စားမယ်

  21. သဲသဲ says:

    မမ၀တ်ရည်
    ညီမ ထမင်းလိပ်လိပ်ကြည့်တာ အစာတွေက ထမင်းလိပ်ရဲ့အလယ်မှာမရောက်ဘဲ ဘေးမှာသပ်သပ်ထွက်နေတယ်။
    ညီမကို အကြံဥာဏ်လေးပေးပါဦးနော်။
    မမ၀တ်ရည်ကိုအစဉ်လေးစားလျက်..

    • admin says:

      ထမင်းအလယ်မှာပဲ အစာတွေကို ခင်းပေးပါ။ ပြီရင် ထမင်း လိပ်တဲ့အခါ ဘေးမရောက်အောင် ဂရုစိုက်ပြီ ကျစ်ကျစ်လေး လိပ်ပေးရင် အဆင်ပြေပါတယ် sis

  22. Ei Ei Khine says:

    ထမင်းလိပ်က လုပ်လိုက်တာ ဘေးတွေကပွနေတယ်

    • admin says:

      ဘေးကတော့ ပွမှာ sis.. ဘေးသားတွေ လှီးပစ်ပြီမှ ကျန်တဲ့အပိုင်းကို ၈ပိုင်းပိုင်းရတာပါ..

  23. မဝတ်ရည်တချို့City Mark တွေမှာထမင်းလိပ်ရောင်းတာတွေ့တယ်။ဒီထမင်းလိပ်ဆိုရင်ရောဘယ်နရက်အထားခံလည်း။ရေခဲသေတ္တာမရှိရင်ရောဘယ်နစ်ရက်အထားခံလဲ။ပြောလို့ရရင်ပြောပေးပါ့လားအမ

  24. ခွန်းသံချို says:

    စားတော့စားချင်တယ် ၀ါယင်းလိပ်က ဘယ်မှာဝယ်ရမှာလဲမသိလို့ပါအစ်မရေ သိရင်ပြောပေးပါနော်

  25. Pont Pont says:

    အမရေ တစ်ခုလောက်လုပ်ကြည့်တာမရှင်းလို့ပါနော်အမ
    ဝါးယင်းလိပ်နဲ့လိပ်တဲ့အခါ ဝါးယင်းလိပ်ကြီးပါထည့်လိပ်တော့ဘယ်လိုလုပ်ရမှာလဲအမ
    ပြန်ဖြည်ပြီးလက်နဲ့ပြန်လိပ်ရမှာလားအမ

Leave a Reply

Your email address will not be published. Required fields are marked *