ဟော့ဒေါ့

ဒီနေ့တော့ ၀တ်ရည်အမွှာညီမ တင်ထားတဲ့ ပြင်သစ်ဟော့ဒေါ့ပုံ မြင်ပြီကတည်းက လုပ်စားချင်တာနဲ့ လုပ်စားဖြစ်သွားတာပါ။ ဟော့ဒေါ့မှာ ပါတဲ့ ၀က်အူချောင်း၊ မရိုနိစ်၊ ခရမ်းချဉ်သီးဆော့၊ mustard အရသာအစုံကြောင့် ခုခေတ်လူတိုင်းကြိုက်နှစ်သက်တဲ့ အစားပြေအစားသောက် တစ်ခုပါ။ ထို့ပြင် ဟော့ဒေါ့ရော၊ ၀က်အူချောင်းကိုပါ ကင်ထားတာမို့ အရသာက ပိုပြီ တခြားဟော့ဒေါ့တွေထက် ထူးခြားပါတယ်။ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ဟော့ဒေါ့ ပါမုန့် – ၆လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)

၂။ ၀က်အူချောင်း(အစို) – ၆ချောင်း

၃။ ဆလတ်ရွက် – ၁စည်း  (ရေဆင်အောင် ဆေးထားပါ)

၎။ မရိုနစ်

၅။ Mustard (or) French Mustard (အ၀ါဘူး) (CityMart တွင် ၀ယ်ယူနိုင်ပါသည်)

၆။ ခရမ်းချဉ်သီးဆော့ – ၃လုံး (တ၀က်ဝက်ပြီ ပါးပါးလှီးပါ)

ရ။ သခွာသီး – ၁ခု (တ၀က်ဝက်ပြီ ပါးပါးလှီးပါ)

၈။ ချိစ် – ၅၀ဂရမ် (ခြစ်တံဖြင့် ခြစ်လိုက်ပါ)

ဟော့ဒေါ့လုပ်နည်း

၁။ အရင်ဆုံး ၀က်အူချောင်း(အစို)များကို အကင်ပြားပေါ်တင်၍ ၂မိနစ်ခန့် ကျက်သည်အထိ ကင်ပေးပါ။

၂။ ထို့နောက် ဟော့ဒေါ့ပါမုန့်များကို ဓားဖြင့် ထက်ခြမ်းခြမ်း လိုက်ပါ။

၃။ ပြီနောက် ဟော့ဒေါ့ ပါမုန့်များကို ပေါင်အိုးထဲထည့်ပြီ ပေါင်း၍ဖြစ်စေ (သို့) oven ထဲထည့်ပြီ ၅မိနစ်ခန့် ကင်ပေးပါ။

၃။ ပြီလျှင် ဟော့ဒေါ့ပါမုန့်တစ်လုံးဆီကို မရိုနစ်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ Mustard(စားပွဲတင်ဇွန်း တ၀က်)၊ ခရမ်းချဉ်သီးဆော့(စားပွဲတင်ဇွန်းတ၀က်) ဆီ ထည့်ပေးပြီ ကင်ထားသော ၀က်အူချောင်း၊ ဆလတ်ရွက်၊ သခွာသီး၊ ခရမ်းချဉ်သီး တို့ကို စီစီညာညာ ထည့်ပေးလိုက်ပါ။

၎။ ထိုနည်းအတိုင်း ကျန်ဟော့ဒေါ့များကို လုပ်ပေးပါ။ ပြီမှ အပေါ်မှ အပေါ်မှ ချိစ်လေးများကို ဖြူးပေးလိုက်ပါ။

၅။ အရသာရှိသော ဟော့ဒေါ့ကို သုံးဆောင်နိုင်ပါပြီ…

8 comments

  1. shar chin sa paw good share lay bar lar

  2. Seng Li Kham says:

    Love it ,sis.I’ll make when I free. 😀

  3. […] July 30, 2011 ဟော့ဒေါ့ […]

Leave a Reply

Your email address will not be published. Required fields are marked *