ကိုရီးယား ဖက်ထုပ်(မန်ထို)
အရသာကောင်းမွန်ပြီ လုပ်ရလည်း လွယ်တဲ့ ကိုရီးယား မန်ထိုလေးပါ။ မန်ထိုကို အမဲသား(သို့) ၀က်သား၊ ဟင်းရွက်တို့ဖြင့် ပြုလုပ်ထားပါတယ်။ တို့ဟူး၊ မှို၊ ဟင်းရွက် အရသာတွေကြောင့် မန်ထိုဟာ ရိုးရိုးဖက်ထုပ်အရသာနဲ့ မတူတဲ့ ထူးခြားတဲ့ အရသာသစ်ကို ရရှိမှာပါ။ မန်ထိုကို ကြော်ထားလျှင် gunmandu လို့ခေါ်ပြီ ပေါင်းထားတဲ့ မန်ထိုကိုတော့ jjinmandu လို့ခေါ်ပါတယ်။ ထို့ပြင်စွတ်ပြုတ်မှာလည်း မန်ထိုကို အသုံးပြုနိုင်ပါသေးတယ်။ မန်ထိုကို အရေအတွက်များများ ပြုလုပ်နိုင်ပြီ ရေခဲသေတ္တာထဲတွင် သိမ်း၍ အချိန်မရွေး ပြန်လုပ်စားနိုင်ပါသည်။ မန်ထိုလုပ်ပုံအဆင့်ဆင့်ကိုပါ တင်ပြပေးထားတာမို့ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ လုပ်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • ဖက်ထုပ်ရွက် [wandon sheet]       ♦ ၄၀ရွက် (အ၀ိုင်း)
    • မှတ်ချက် ။ ။ ဖက်ထုပ်ရွက်အ၀ိုင်းမရှိပါက လေးထောက်ဖက်ရွက်ကို အ၀ိုင်းပုံ လှီးဖြတ်လိုက်ပါ။
    • ၀က်သား [pork]                         ♦ ၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
      • မှတ်ချက် ။ ။ အမဲသားစားသူများ နှုတ်နှုတ်စဉ်းထားသော အမဲသား ၂ချိုး နှင့် ၀က်သား ၁ချိုး ရောလျှင်လည်း ရသည်။
      • မှိုခြောက် [wild mushroom]          ♦ ၅ခု (ရေနွေးဖြင့် ပြုတ်ပေးပြီ နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် [spring onion]       ♦ ၂စည်း (ပါးပါးလှီးထားပါ)
  • တို့ဟူး [tofu]                              ♦ ၁ဗူး (၃၀၀ဂရမ်)
  • ကြက်သွန်နီ [onion]                    ♦ တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ [garlic]                   ♦ ၃မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား [salt]
  • သကြား [sugar]
  • နှမ်းဆီ [sesame oil]
မန်ထို အစာသွပ်ရန် ပြင်ဆင်နည်း [Mandoo Preparation Recipes]
၁။ အရင်ဆုံး နှုတ်နှုတ်စဉ်းထားသော ၀က်သားများကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် လက်ဖြင့် ရောနုယ်လိုက်ပါ။ နုယ်ထားသော ၀က်သားများကို ပန်းကန်ပြားတစ်ခုပေါ် ထည့်ထားပါ။
၂။ ပြီလျှင် ပါးပါးလှီးထားသော ကြက်သွန်မြိတ်ကို ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ဖြင့် ရောမွှေပြီ ၀က်သားထည့်ထားသော ဘေးတွင် ပုံထားလိုက်ပါ။
၃။ ထို့နောက် ပြုတ်ထားသော မှိုများကို အရည်ညှစ်ပြီ နှုတ်နှုတ်စဉ်းပေးပြီ ပဲငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၂ဇွန်း) တို့ဖြင့် ရောနုယ်ထား၍ ပန်းကန်ပြားထဲ ထည့်ပေးပါ။
၎။ တို့ဟူးကို ရေစစ်ပြီ နှုတ်နှုတ်စဉ်းလိုက်ပါ။ ရေမရှိတော့မှ ဆားအနည်းငယ်၊ နှမ်းဆီအနည်းငယ်ဖြင့် ရောနုယ်ကာ ပန်းကန်ပြားထဲသို့ ထည့်ထားလိုက်ပါ။
၅။ နောက်ဆုံးမှ ပန်းကန်ပြားထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီများထည့်ပြီ ပါဝင်ပစ္စည်းအားလုံးကို သမအောင် လက်ဖြင့် ရောနုယ်လိုက်ပါ။
၆။ အစာသွပ်ရန် ပြင်ဆင်ပြီလျှင် မန်ထို စလုပ်ပါတော့မည်။
မန်ထို လုပ်နည်း [Mandoo Recipes]
၁။ မန်ထိုဖက်ရွက် တစ်ရွက်ကို ယူ၍ နုယ်ထားသော အစာ(စားပွဲတင်ဇွန်း ၁ဇွန်း)ကို အလယ်တွင် ထည့်လိုက်ပါ။
၂။ ပြီလျှင် ဖက်ရွက် ဘေးနှုတ်ခမ်းသားများကို ရေအနည်းငယ်စီ စွတ်လိုက်ပါ။
၃။ ထို့နောက် ဖက်ရွက်ကို တ၀က် ခေါက်လိုက်ပြီ ပုံတွပါသည့်အတိုင်း ပုံဖော်သွားပါ။
၎။ ထို့နည်းအတိုင်း ကျန်ဖက်ထုပ်များကို ထုပ်သွားပေးပါ။ ထုပ်ပြီလျှင် မန်ထိုတ၀က်ကို ပလတ်စတစ်အကြည် အုပ်ပြီ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းပေးထားပါ။ ကျန်တ၀က်ကို ကြော်ပါမည်။
  • မှတ်ချက်။ ။ ရေခဲသေတ္တာထဲတွင် သိမ်းထားတဲ့ မန်ထိုများကို မကြော်မှီ ၁နာရီခန့် အခန်းအပူချိန်မှာ ပြန်ထားပေးထားပါ။
၅။ ဒယ်ထဲသို့ ဟင်းရွက်ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ခန့်ထည့်ပြီ မီးအသင့်တင့်ဖြင့် တဖက်ကို ၁မိနစ်နှုန်းဖြင့် အဖုံးအုပ်၍ ၂မိနစ် မှ ၃မိနစ်ခန့် ကြော်ပေးပါ။
၆။ ဖက်ထုပ်များ အညှိရောင်သန်းလာလျှင် ရေ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ အဖုံးပြန်အုပ်ပြီမှ ချပေးပါ။
ရ။ မန်ထိုများ ရပြီဆိုလျှင် ပန်းကန်ပြားထဲသို့ ပြောင်းထည့်၍ ကင်ချီ(သို့) ဆော့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Tips: ဆော့လုပ်နည်းမှာ ဗီနီကာ နှင့် ပဲငံပြာရည်အကြည်ကို ဆတူရောမွှေလိုက်ပါ။
44 comments
  1. ခင်ယမုံ says:
    ညီမရေ..
    ကြော်ပြီးသားလေးတွေက ကမာကောင်လေးတွေနဲ့တူလိုက်တာ..
    အရမ်းကြိုက်လို့ အကုန်စားသွားပါပြီ…
    🙂
  2. မြတ် says:
    မြတ်
    ညီမရေ
    အမတော့ကြိုက်သွားပြီး ၊ အမြန်ဆုံးနည်းနဲ့ လုပ်စားလိုက်တော့မယ်နော် ၊ကြည့်ရင်းနဲ့ လျှာတောင်မှ ကျွမ်းပြန်နေပြီ ၊ သိလား ၊ အမ ဒီဘလောက်ကို ၀င်ဖတ်တာသိပ်မကြာသေး တော့ ဒါပေမဲ့ဖတ်ရင်းနဲ့ အရမ်းကြိုက်သွားတယ် ၊ ပဲပြုတ်မှာ ထန်းလျက်ထဲ့ရတယ် ၊ အမတို့ ဆီမှာ ထန်းလျက်ဝယ်လို့မရလို့ ၊ထန်းလျက်အစားဘာထည့်ရမလဲဟင် ၊ ပြောပေး
    ပါအုံးနော်
    ကျေးဇူးတင်လျက်
    • chowutyee says:
      မမြတ်ရေ လုပ်စားကြည့်ပါနော်.. ပဲပြုတ်အတွက် ထန်းလျက်မရှိရင် သကြားထည့်လို့ရပါတယ်.. တူတူပါပဲ
  3. Share doe ei share…good share bae..today i m going to do but different style as mine is square so i will do other design…love that food
    • chowutyee says:
      ကိုယ်လုပ်စားမယ်ဆိုတာ လုပ်စားဖြစ်လား.. လုပ်ပြီရင် ပုံတင်လိုက်အုန်းနော်…
  4. hanlay says:
    photo lay ka eat chin sayar lay myar myar tin pay par naw sis ka lawba kyi tal amyar kyi read chin tal plz naw ama
    • chowutyee says:
      ဟုတ်ကဲ့ တင်ပေးပါ့မယ်။ ကြိုးစားပြီ ဟင်းတွေလည်း ဆက်တိုက် ချက်တိုက်ချက်ပြုတ်နေပါတယ် ညီမရေ
  5. လင်းလင်းချစ်သူ says:
    လင်းအိမ်သားတွေအားလုံးကြိုက်ကြလို့ကျေးဇူးတင်ပါတယ် ။ထုပ်ရတာနဲနဲခက်တယ်နော် မမလောက်ကြည့်မကောင်းဘူး
    • chowutyee says:
      ဟုတ်တယ်။ ထုပ်ရတာ အကျင့်မရသေးလို့ပါ လင်းလင်း။ လုပ်နေကျဆို လွယ်သွားရော။ ကျေးဇူးပါနော်…
  6. Hnin lay says:
    ဟိုင်း မဝတ်ရည် အမရဲ့ ဘလော့ ထဲကို ညီမလေးလဲဝင်လည်သွားပါတယ် ညီမလေးမသိတဲ့ ဟင်းတွေ အများကြီးသိခွင့် ရလို့  မမကိုကျေးဇူးတင်ပါတယ်အမြဲတမ်းဖတ်ဖြစ်နေတယ်
  7. Htet says:
    အစ်မရေ ဖက်ထုပ်ဖတ်က ဈေးကဟာက အ၀ါရောင်ဖြစ်ပြီး နည်းနည်းမာတယ်…ကိုယ့်ဟာကိုယ်ရောလုပ်လို့ ရလား မသိဘူး…
    • chowutyee says:
      ထက်ရေ ဖက်ရွက် ကိုယ်ဘာသာ လုပ်ခြင်းရင် ဂျုံ၊ ရေ၊ ဆားနည်းနည်းရယ် ရောပြီ မပျော့မမာလေး နုယ်ပြီ ဒလိမ့်တုံးနဲ့ ကိုယ်လိုချင်တဲ့ပုံကို လိပ်ပြီ လှီးဖြတ်လိုက်ရင် ရပါတယ်။ ဒါပေမယ့် ၀တ်ရည်ကတော့ အလုပ်ရှုပ်တာမို့ ဖက်ထုပ်ရွက် Ready Made တွေပဲ ၀ယ်ဖြစ်တယ်.. CityMart မှာ ၀ယ်လို့ရပါတယ်..
  8. myattun naing says:
    စမူစာလုပ်တဲ့ဖက်ရွက်နဲ့ကော လုပ်လို့ရလားမသိဘူး။ စမ်းတော့ကြည့်လိုက်ဦးမယ်
    • chowutyee says:
      Ko Myat Tun Naing.. စမူဆာ လုပ်တဲ့ ဖက်နဲ့ လုပ်လို့ မရဘူး.. ဖက်ထုပ်လုပ်တဲ့ ဖက်ရွက် သက်သက်ရှိတယ်.. Citymart မှာ ၀ယ်လို့ရပါတယ်.. 🙂
  9. myattun naing says:
    ဆီများများနဲ့ကြော်တော့ ဖက်ထုတ်အရသာနဲ့ကော်ပြန့်ကြော်ဖြစ်ရော
    ဖက်က ရေထိရင်ပြဲကျလို့ ဂျုံနဲ့ကပ်ရတယ် ခေါင်းဖီးပုံဖေါ်ရခက်လို့ အလိပ် လုပ်လိုက်တယ်
    ကျေးဇူးအထူးတင်ရှိပါကြောင်း-နောက်ဟာ လေးတွေလဲ စမ်းကြည့်ဦးမယ်
    အမြီးကောင်းမဲ့ဟာမျိုးပေါ့
  10. တစ်ရုပ်ကတော့ ခေါ်တယ် စွေကောက်တဲ့
    အတူတူ နီပါးလောက်ပါဘဲ
  11. Charlie says:
    စားချင်လိုက်တာ
  12. Snow White says:
    လုပ်မယ် လုပ်မယ် ဖြူနှင်း လုပ်မယ်
    ဖက်ထုပ်လေးကွယ်
    ပြီးရင် စားကြမယ်
    လာလည်ကြပါကွယ်
    ကျွေးမယ် ကျွေးမယ် နော်…………..
  13. areLuu says:
    ဂွတ်ရှယ်ဗျို့ .. ဒီလိုစိတ်ရှည်ရှည်နဲ့ ချက်နည်း ပြုတ်နည်းတွေကို Web Site ပေါ်မှာ စေတနာနဲ့ အခမဲ့ တင်ပေး တဲ့ အတွက် အရမ်းကို ကျေးဇူးတင် ပါတယ်။
    ဒီ WEB SITE လေး အမြဲတမ်း ပိုမို တိုးတက်ပြီး … အဓွန့်ရှည်ပါစေ။
  14. Ma Phyu says:
    ကျေးဇူးတင်လိုက်တာ…လုပ်စားကြည့်မယ်..ပျော်၇ွှင်ပါစေ…
  15. thidamon says:
    nyi ma wutyee,i like your blog and thanks alot.
  16. Ah Pan says:
    ညီမရေ အစ်မက ညီမရဲ့ Blog လာလည်ရတာ အရန်းကြိုက်တယ်။ အစ်မကို တစ်ခုကူညီပါနော်။
    ဖက်ထုပ်ရွက်ကို ကိုယ်တိုင်လုပ်လို့ရရင် တင်ပေးပါနော်။ ပြီးတော့ ကော်ရည်လုပ်နည်းလေး တစ်ချက်လောက် ဖော်ပြပေးပါနော်။
    • admin says:
      ဖက်ထုပ်ရွက် လုပ်နည်းက ခက်တော့ မခက်ပါဘူး မ။ ဂျုံ(၁၀၀ ဂရမ်)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ရေ(လိုသလောက်)၊ ဇလုံတစ်ခုထဲမှာ ရောနုယ်ပြီ ဂျုံဒိုးသား မပျော့မာ အနေထားဆိုရင် ဒလိမ့်တုံးနဲ့ အပြားလိမ့်လိုက်ရုံ့ပါပဲ… ဘဲသားကော်ရည်လုပ်နည်းကို http://www.wutyeefoodhouse.com/?p=2915/ မှာေ၇းထားပါတယ် 😀
  17. gigi angle says:
    တို့ဟူးက မြန်မာတို့ဟူးလား..ဂျပန်တို့ဟူးလားဘယ်ဟာလဲ..အမ..ကျေးဇူးတင်ပါတယ်
    • admin says:
      ဂျပန်တို့ဟူးပါ။ City Mart မှာဝယ်လို့ရပါတယ်.. 🙂
  18. မဝတ်ရည်ညီမတို့ဘက်ကကြက်သွန်မြိတ်ကိုဝယ်ရခက်လို့တခြားဘာအစားထိုးသုံးလို့ရလဲဟင်။အမရဲ့blogကိုဝင်ကြည့်ရတာပျော်ဖို့ကောင်းတယ်ညီမစိတ်ဝင်စားစရာတွေအများကြီးတွေ့ရလို့ကျေးဇူးအများကြီးတင်ပါတယ်
    • ညီမဖက်ထုပ်လုပ်တာပေါက်ထွက်ကုန်ပြီးမပေါက်တဲ့ဟာတွေကြတော့လည်းဘယ်လိုကြီးတွေဖြစ်ကုန်လဲမသိဘူး
      • admin says:
        ဖက်ထုပ်ရွက် ပါးလို့ ဖြစ်မယ် sis… မဟုတ်ရင် မန်ထိုအသားနုယ်တဲ့အခါ ရေပါလို့ ဖြစ်မယ်။ တို့ဟူးက ရေစစ်ပြီမှ ထည့်ရတာပါ။ ဖက်ရွက် ကောင်းကောင်း သုံးချင်ရင် ဂျပန်က တိုက်ရိုက်လာတဲ့ ဖက်ရွက်တွေ Market place city mart မှာ ၀ယ်လို့ရပါတယ်။ အဲဒီ ဖက်ရွက်က ပိုမာပြီ လုပ်ရလည်း လွယ်ပါတယ်… ထပ်စမ်းကြည့်ပါအုန်း.. 🙂
    • admin says:
      ကြက်သွန်မြိတ် အစားထိုးကတော့ ကြက်သွန်နီ နှုတ်နှုတ်စင်းပြီ အနည်းငယ် ထည့်ရင်မယ်။ ကျေးဇူးပါနော်။ နောက်လည်း အားပေးပါအုန်း..
  19. mon says:
    ဖက်အကြည်ဝယ်လို.ရ၇င်ကောင်းမယ်၊ဒီမှာကအ၀ါရောင်ခပ်ထူထူဘဲရှိတယ်
  20. nay zaw says:
    အရမ်း​ကောင်းပါတယ်​အမ
    နည်းလမ်း​ပေးတဲ့အတွက်​​ကျေးဇူးပါပဲ​နော်
Leave a Reply
Your email address will not be published. Required fields are marked *