ထိုင်းကြက်သားသုပ်
ထိုင်းကြက်သားသုပ်
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား – ၂၀ ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၂။ ကြက်သွန်နီ – ၁လုံးခွဲ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၅။ ပြောင်းဖူးသေး – ၅ခု (နှုတ်နှုတ်ဆင်းပါ)
၆။ စပါးလင် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၇။ ရှမ်းနံနံ – ၂ပင် (အစောင်းလှီးပါ)
၈။ ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၉။ ငရုတ်သီးနီိ – ၆ခု (အစောင်းလှီးပါ)
၁၀။ နံနံပင် – ၁စည်း
၁၁။ သံပရာသီး – ၁လုံး
၁၂။ ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
၁၃။ အုန်းနို့မှုန့် (Coconut Powder) (သို့) Coconut Cream – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ ဂျင်းကို ဆီထိုးပေးပါ။
၂။ ထို့နောက် ပြောင်းဖူးသေး၊ စပါးလင် ထည့်မွှေပါ။
၃။ ငရုတ်သီးနီ၊ ကြက်သား ထည့်မွှေ။ အရသာအပေါ့အငံအတွက် ခရုဆီ၊ ဆား(လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သံပရာသီး ညှစ်၊ ငံပြာရည်၊ ထည့်မွှေပေးပါ။
၎။ အုန်းနို့မှုန့် ထည့်မွှေပေးပါ။ ပြီးလျှင် အပေါ်မှ ရှမ်းနံနံ၊ နံနံပင် အုပ်ပေးပါ။
၅။ ထိုင်းစတိုင် အရသာရှိသော ကြက်သားသုပ်ကို မြိန်ရှပ်စွာစားသုံးနိုင်ပါပြီး။
ဟင်းအကြောင်း
– ၀တ်ရည်က ထိုင်းကြက်သားသုပ်ကို အရမ်းကြိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ ထူးခြားမူကြောင့်ပါ။ တခြားအသုပ်တွေနဲ့ မတူပဲ သူရဲ့ထူးခြားမူက ဟင်းလိုချက်ရတာပါပဲ.. အုန်းနို့ထည့်ရတဲ့ အတွက် အရသာက အနည်းငယ်စပ်ပြီး စိမ်၍ မွှေးနေပါတယ်။ ထိုင်းစားသောက်ဆိုင်ကြီးများမှာ မှာယူစားသောက်နိုင်ပါတယ်။
22 comments
  1. Hmone Gyi says:
    look very yummmy….a hint ahint hungry lar pe….noodle bae eat ya tar kyae pe …. kha lae salad ma eat ya tar kyae pe…today try kyi own ma… thank for uploading
    • chowutyee says:
      ကိုယ်ချက်ကြည့်ပြီး ကောင်းမကောင်း မကြောင်းပြန်အုန်း
  2. may says:
    မမ စပါးလင်မရှိရင်ရော ရလားဟင်???
    • chowutyee says:
      May ရေ စပါးလင်မပါရင် အနံ့နည်းနည်းကွဲတာက လွဲလို့ အရသာကတော့ အတူတူပါပဲ.. စပါးလင် မပါပဲ ချက်လည်း အရသာကောင်းပါတယ်.. 😉
  3. mee chit says:
    အင်းနော်..
    ဟင်းလိုချက်ရတာပဲ..
    မီးချစ် က အသုပ်နဲ့အချက် မှားများနေသလားတောင် ထင်မိတယ်..
    အဒေါ်ကို ပြန်လည်တင်ပြပီး လုပ်စားပါဦးမည်..
    အသုပ်ဆိုတော့ စိတ်ဝင်စားတယ်လေ..
  4. […] January 5, 2010 ထိုင်းကြက်သားသုပ် […]
  5. shine says:
    ထိုင်းကွေ့တရို့ ချက်နည်းလေး တင်ပေးပါရှင့်….အခုလို တင်ပေးထားတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်ရှင်
  6. Kkhine says:
    အရမ်းကောင်းလို့အ၀စားသွားပါတယ်ဝတ်ရည်ရေ။
  7. Phyo Ko says:
    အမ…ကျွန်တော်တို့ ကော့သောင်းမှာနေတုန်းက ထိုင်းမုန်တီကို အမြဲစားရပါတယ်…အရမ်းစားကောင်းတယ်ဗျ…ကော့သောင်းမှာနေတုန်း ကထိုင်းမုန်တီကို ချက်ရတာလွယ်တယ်ဗျ…ဟိုမှာကရှမ်းအမွှေးအကြိုင်ဆို ပြီးလွယ်လွယ်ကူကူ ၀ယ်လို့ ရတယ်အမ…ရန်ကုန်မှာကရှာဝယ်တာ ၀ယ်လို့ မရဘူး….အဲဒီ ဟင်းခတ်အမွှေးအကြိုင်လုပ်နည်းလေးများရှိရင်ပြောပြပေးပါ……
    • admin says:
      City Mart ဟင်းခတ်အမွှေးအကြိုင်တဲ့တဲ့ အတန်းမှာ တော်တော်များများ ၀ယ်လို့ရပါတယ်.. 🙂
  8. pwintthetnwe says:
    ကြက်သားက ကြော်ရဦးမှာလားအမ
  9. sandakuu says:
    မ၀တ်ရည် ရှင့်
    အမ ရဲ့ website ကို ၀င်ကြည့် ပြီး အရမ်း သဘောကျ မိပါတယ်ရှင့် အမ ရဲ့ ဟင်းချက် နည်းလေး တွေက အရမ်းစိတ် ၀င်စား စရာကောင်းပါတယ် ညီမက ဟင်း ချက် ၀ါ သနာ ပါ သူ တယောက်ပါ သမာရိုးဟင်းတွေချက် စား ရတာ ငြီးငွေ့ နေတာကြာပါပီ အခု အမ ရဲ့ website ကိုကြည့်လိုက်တော့လွယ်ကူစွာ ချက် ပြုတ် နိုင် တာ တွေ့ ရ ပါတယ် ကိုယ့်အိမ် မှာ လည်း လုပ်စားဖြစ် ပါတယ် အရမ်း လည်းကျေးဇူးတင်ပါတယ် နောက်လည်း အား ပေး နေမှာ ပါ အမ ရဲ့စာအုပ်လည်း ၀ယ်ထားပါ တယ် အသစ်ဆန်းလေးတွေလည်း တင်ပေး ပါ လို့
    ကျေးဇူး တင် စွာ ဖြင့်
    ညီမ
    • admin says:
  10. myo says:
    ငါး​ပေါင်းဆားငံသီး ချက်​နည်း​လေးတင်​​ပေးပါအုံး မမ ရယ်​။
  11. moe zin says:
    I very like this program
Leave a Reply
Your email address will not be published. Required fields are marked *