ထိုင်းစတိုင် ပြည်ကြီငါးသုတ်

ထိုင်းစတိုင် ပြည်ကြီငါးသုတ်

ဒါကတော့ ထိုင်းစတိုင် သုတ်ထားတဲ့ ပြည်ကြီးငါးသုတ် လေးပါ။ လုပ်ရလည်း လွယ်ပြီ အရသာလည်း ကောင်းမွန်ပါတယ်။ ပြည်ကြီးငါး ညှိနံ့ကင်းအောင် ရှာလကာရည်၊ ဂျင်းတို့ကို အသုံးပြုထားပါသေးတယ်။ အရသာကလည်း ချဉ်ချဉ် စပ်စပ်လေးမို့ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ ချက်နည်းကို ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ပြည်ကြီးငါး – ၂၀ ကျပ်သား

၂။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးထားပါ)

၃။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ပါးပါးအရှည်လှီးပါ)

၎။ ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)

၅။ သံပရာသီး – နှစ်စိပ်

၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)

ရ။ ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)

၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)

၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

၁၀။ ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)

၁၁။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး ပြည်ကြီးငါးကို အညှိအချွဲများ သန့်စင်ပေးပါ။ ပြီမှ ပြည်ကြီးငါးကို ဓားဖြင့် ကြက်ခြေခတ်ပုံလေးများ မွှန်းပေးပါ။

၂။ ထို့နောက် ရေပွက်ပွက်ဆူနေသော ဒယ်အိုးထဲသို့ ဂျင်း၊ ရှာလကာရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပြီမှ ကြက်ခြေခတ်ပုံ မွှန်းထားသော ပြည်ကြီးငါးများကို အနံ့ပျောက်အောင် ထိုအိုးထဲသို့ ထည့်လိုက်ပါ။

၃။ ပြီလျှင် ဇကာဖြင့် ပြည်ကြီးငါးများကို ပြန်ဆယ်ထားပါ။

၎။ ပြီနောက် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ဆီသပ်ပေးပါ။

၅။ ပြီမှ ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ)၊ ဆနွင်းမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်ပြီ မီးပြန်ပိတ်လိုက်ပါ။ ကြက်သွန်ဖြူ ဆီချက်များကို ခွက်တစ်ခုထဲ ပြန်ဖယ်ထားပေးပါ။

သုတ်နည်း

၁။ ခုပြည်ကြီးငါး သုတ်ပါတော့မည်။ ဇလုံတစ်ခုထဲသို့ (ပြည့်ကြီးငါး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက်၊ ငရုတ်သီး၊ ငါးငံပြာရည်၊ သံပရာရည်၊ နံနံပင်)တို့ကို ရောနုယ်လိုက်ပါ။

၂။ ပြီမှ အရသာအပေါ့အငံ့မြည်းပြီ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပါ။

၃။ ချဉ်စပ် ပြည်ကြီးငါးသုတ်လေးကို ထမင်းနှင့် မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…

24 comments

  1. sar chin sa yar lay bar lar…..treat me

  2. Kay Kay says:

    ပြည်ကြီးငါးကို ဘယ်လောက်ကြာအောင်ပြုတ်ရမလဲနော် အစ်မ?

    • chowutyee says:

      ပြည်ကြီးငါးက ထည့်ပြီ ခဏပဲ၊ ၁မိနစ်ဝက်လောက်ဆိုရင် ပြန်ဆယ်လို့ရပြီ။ လုပ်စားကြည့်နော် ကေကေ.. 😀

  3. လှလဲလှ စားလဲစားချင်စရာပါလား ဝတ်ရည်ရယ်
    ဟိုတလောက တို့လည်းပြည်ကြီးငါးသုပ်စားသေးတယ်
    ဝတ်ရည်လိုတော့ လှလှလေးမဟုတ်ဘူး
    ဝတ်ရည်ကတော့ တကယ်ကို တော်ပါတယ်

  4. khin thandar says:

    Sis ..How to make salt and pepper powder for deep fried pork?

  5. khin thandar says:

    Sis …Australia mha ရှောက်ရွက် rare to see. Instead of ရှောက်ရွက် what should i put it inside?

    • chowutyee says:

      ရှောက်ရွက် မရှိရင် မထည့်လည်း ရပါတယ်။ အနံ့လေးပဲ ကွာမှာပါ.. 🙂

  6. khin thandar says:

    Sis ..how to call ရှောက်ရွက် in English? I want to try to find it.
    thz

  7. darlay says:

    အမ ! ထိုင်းမင်းကြော်စပ်စပ်လေးလည်းလုပ်ပေးပါအုံးနော်

  8. darlay says:

    g-mail account shi yin lae pay par own naw !

  9. wunna says:

    i follow your style so very good taste .

    Thank you very much .

  10. aye150990 says:

    အမရေ ဒီနေ့ လုပ်စားမယ် စားချင်စရာလေး
    အပေါ်က ma khin thandar ကို ပြောပေးပါအုံး သူဒို့် အိမ်နားက တရုတ်ဆိုင်မှာေ၇ှာက်ရွက်ရတယ်လို

    မရှိရင် west point မှာရတယ် ခင်တဲ့ AYE THANDAR

Leave a Reply

Your email address will not be published. Required fields are marked *